EventHot News

Propak Myanmar : Myanmar Expo (ME အ) မြန်မာနိုင်ငံတွက် ထိပ်တန်းထုတ်လုပ်ခြင်း နှင့် ထုတ်ပိုးခြင်းဆိုင်ရာ ပြပွဲ ကြီး

Photo: ZeeKwat


Photo: ZeeKwat


Photo: ZeeKwat


Photo: ZeeKwat

ထို့နောက် Informa Market မှ Event Director မငြိမ်းငြိမ်းအေးမှ Propak Myanmar ပြပွဲတွင် ကမ္ဘာ့ဦးဆောင် ကုမ္မဏီများမှ နောက်ဆုံးပေါ်စက်ပစ္စည်းများနှင့် နည်းပညာများ၊စီးပွါးရေးဆိုင်ရာ အဆက်အသွယ်သစ်များ၊ကုန်ထုတ်လုပ်မူဆိုင်ရာ လိုအပ်ချက်များအတွက် ဖြေရှင်းနည်းများ ၊နောက်ဆုံးပေါ်အချက်အလက်များ၊ ဈေးနှုန်းများနှင့် ပြပွဲတွင် နှိုင်းယှဉ်ကြည့်နိုင်ခြင်း၊ လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူ 4000 ကျော် နှင့်ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများစွာ ရရှိနိုင်မှာ ဖြစ်ပါကြောင်းတို့ကိုအသီးသီး ပြောကြားသွားခဲ့ပါသည် ။

Photo: ZeeKwat


နောက်လ စက်တင်ဘာလ 12ရက် 13 ရက် 14 ရက် နေ့များတွင် Myanmar Expo @ Fortune Plaza , မင်းနန္ဒာလမ်းနှင့် သုမနလမ်းထောင့်၊ သာကေတ မြို့နယ်တွင် ၃ရက်ဆက်တိုက် ပြုလုပ်သွားမှာ ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Source: Propak Press Conference

Unicode

ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Myanmar Expo ( ME ) ခန်းမ၌
ကျင်းပပြုလုပ်သည့် ဆဋ္ဌမကြိမ်မြောက် နိုင်ငံတကာ ထုတ်လုပ်ခြင်းနှင့် ထုတ်ပိုးခြင်းဆိုင်ရာလုပ်ငန်းများအတွက်ရည်ရွယ် ပြီး Propak Myanmar 2019 ပြပွဲ၏ စာနယ်ဇင်း ရှင်းလင်းပွဲကို သြဂုတ်လ ၁၄ရက်နေ့ မနက်10နာရီခန့်က မင်းရဲကျော်စွာလမ်းရှိ UMFCCI ကျင်းပပြုလုပ်ခဲံပါသည်။

ထိုပွဲတွင် မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများ
အသင်း၏ ဒုတိယဥက္ကဋ္ဌ ဆရာဦးအောင်ရွှေမှ SME များဖွံဖြိုးတိုးတက်ရန် အဓိကထားရမှာဖြစ်ပြီး SME တွေထဲမှာမှ စားသောက်ကုန်ဟာ 85% ပါဝင်ကြောင်း မြန်မာနိုင်ငံ တိုးတက်ဖို့ဆိုရင် SME တွေကို ပိုမိုမြင့်တင်အားပေးသင့်ကြောင်းတို့ကို ပြောကြားသွားခဲ့ပါသည် ။

ဆက်လက်ပီး မြန်မာနိုင်ငံ စက်မူကုန်ထုတ်လုပ်သူများအသင်း၏
ဒုဥက္ကဋ္ဌဖြစ်သော ဆရာဦးအေးထွန်းမှလည်း ထုတ်ပိုး ကဏ္ဍသည် ကုန်ထုတ်လုပ်သည့် အပိုင်းတွင် အလွန်အရေးကြီးသည့်ကဏ္ဍတစ်ခုဖြစ်ပီး မြန်မာနိုင်ငံကိုလည်း စက်မူနိုင်ငံတစ်ခုဖြစ်လာစေရန် ရည်ရွယ်ပါသည်။ထုတ်ပိုးကဏ္ဍသည် နည်းပညာ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပီး ထုတ်ကုန်၏ Value နှင့် Marketing နဲ့ ကိုပါ တိုက်ရိုက်အချိုးကြတာဖြစ်ပါတယ်။
ထို့နောက် ယခုလို Propak Myanmar လို ပွဲတွေ လုပ်ခြင်းဖြင့်
မြန်မာနိုင်ငံ၏စီးပွါးရေးနှင့် ကုန်ထုတ်လုပ်မူ အတွက် တိုးတက်လာမှာ
ဖြစ်သောကြာင့် နိုင်ငံ၏ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း တို့ကို
ပြောကြားသွားခဲ့ပါသည်။

ထို့နောက် Informa Market မှ Event Director မငြိ်မ်းငြိမ်းအေးမှ Propak Myanmar ပြပွဲတွင် ကမ္ဘာ့ဦးဆောင် ကုမ္မဏီများမှ
နောက်ဆုံးပေါ်စက်ပစ္စည်းများနှင့် နည်းပညာများ၊စီးပွါးရေးဆိုင်ရာ
အဆက်အသွယ်သစ်များ၊ကုန်ထုတ်လုပ်မူဆိုင်ရာ လိုအပ်ချက်များအတွက် ဖြေရှင်းနည်းများ ၊နောက်ဆုံးပေါ်အချက်အလက်များ၊ စျေးနှုန်းများနှင့် ပြပွဲတွင် နှိုင်းယှဉ်ကြည့်နိုင်ခြင်း၊ လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူ 4000
ကျော် နှင့်ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများစွာ ရရှိနိုင်မှာ
ဖြစ်ပါကြောင်းတို့ကိုအသီးသီး ပြောကြားသွားခဲ့ပါသည် ။

ချစ်ရပါသော ဇီးကွက် ပရိတ်သတ်ကြီးရေ ယခုလို Myanmar Expo ပြပွဲများသည် စီးပွါးရေးနှင့် သက်ဆိုင်သော လေ့လာမူများ ၊ အတွေ့အကြုံများ ဗဟုသုတများ ၊ အခွင့်အရေးများ များစွာရရှိနိုင်ပါသောကြောင့် သွားရောက် လေ့လာကြပါရန် လေးစားစွာ တိုက်တွန်း အပ်ပါသည်။

Comment here