Celebrity

အားလုံး အားကျသွားအောင် ခင်ပွန်းဖြစ်သူကို ချွဲပြလိုက်တဲ့ ရွှေမှုံရတီ

Zawgyi Font:


Photo : Amazing Grace


Photo : Amazing Grace


Photo : Amazing Grace


Photo : Amazing Grace


 

Unicode Font:

လူငယ်ပရိသတ်များကြား အတော်လေး ရေပန်းစားသလို ထိပ်တန်းမင်းသမီးတစ်ဦးအဖြစ်ပါ တဖြည်းဖြည်း အောင်မြင်လာတဲ့ ရွှေမှုံဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ကျော်ကြားသူတစ်ဦး ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့ သီဆိုထားတဲ့ “အမှား” ဆိုတဲ့ သီချင်းကလည်း အောင်မြင်ခဲ့ပါတယ်။ လတ်တလောကပဲ ရွှေမှုံရဲ့ “ချစ်တယ်” ဆိုတဲ့ Music Video လေး ထွက်ရှိခဲ့ပြီး အဆိုပါ သီချင်းလေးကလည်း အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။

ပရိသတ်များကို အမျိုးမျိုး အသည်းယားအောင် လုပ်ပြတတ်တဲ့ ရွှေထူးနဲ့ ရွှေမှုံတို့စုံတွဲလေးက အခုလည်း ပရိသတ်တွေ အားကျသွားစေမယ့် ကြည်ကြည်နူးနူးပုံလေးများကို ချပြခဲ့ပါတယ်။ ရွှေမှုံက ခင်ပွန်းဖြစ်သူကို နီးနီးကပ်ကပ်လေးနေပြီး ချွဲနေတဲ့ ပုံလေးများပဲ ဖြစ်ပါတယ်။

ရွှေမှုံက “ချွဲ မှာ ပဲ💗💗💗💗🤴🏽👸🏼” ဆိုပြီး သီချင်းထဲက ပုံလေးများကို သူမရဲ့ဖေ့စ်ဘွတ်ပေါ်မှာ တင်ခဲ့ပါတယ်။ တနေ့ကပဲ ရွှေမှုံက ခင်ပွန်းသည်နဲ့အတူ တေးသီချင်းလေးများ လုပ်ဖြစ်နေပေမယ့် နေမကောင်းဖြစ်ခဲ့ပါတယ်။

သူတို့နှစ်ဦးက ချစ်သူဘဝကတည်းက တစ်ဦးနဲ့တစ်ဦး surprise လေးများ လုပ်ဖြစ်ကြပြီး ရိုလွန်းတဲ့ ပုံလေးများကို မြင်တွေ့ရသလို အိမ်ထောင်ကျပြီးနောက်မှာလည်း ချစ်သူလေးတွေလို ယုယုယယနဲ့ မြင်တွေ့ရတာကြောင့် ပရိသတ်များက အရိုနိုင်ဆုံးနဲ့ ချစ်စရာအကောင်းဆုံး စုံတွဲလေးအဖြစ် အမြဲတမ်း သဘောကျနေခဲ့ကြပါတယ်။

Source : Shwe Mhone Yati Facebook

Comment here