Celebrity
Photo Paing Tagon
Photo Paing Tagon
Photo Paing Tagon
Photo Paing Tagon
Source Paing Tagon
Unicode
အင်္ကျီအနီရောင်လေး နှုတ်ခမ်းနီမလေးတွေ အသည်းကို ခြွေလိုက်တဲ့ ပိုင်တံခွန်
မြန်မာပြည်က မိန်းကလေး ပရိသတ်သာမက ထိုင်းနိုင်ငံက မိန်းကလေးပရိသတ်တွေရဲ့ စိတ်ဝင်စား ချစ်ခင်အားပေးမှုရရှိထား သူလဲဖြစ်ပါတယ်နော်။ ပိုင်တံခွန်ဟာဆိုရင်ဖြင့် မြင့်မားတဲ့အရပ် တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်ရှိပြီး ဆံပင်ရှည်လေး နဲ့အရမ်းကို လိုက်ဖက်လှ ကိုရီးယားမင်းသားတွေ အရှုံးပေးလောက်ပါတယ်နော်။ ပိုင်တံခွန်က အနုပညာနဲ့ ပက်သက်တဲ့ ကြော်ငြာတွေ ရုပ်ရှင်ဇာတ်ကားတွေ၊ အခမ်းအနားပွဲတွေ စတဲ့အနုပညာလုပ်ငန်းကို ဆက်တိုက် လုပ်ကိုင်နေလျက် ရှိပါတယ်။ ပိုင်တံခွန်က ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေပြီး အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိထားသူလဲဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ ကျော်ကြားမှုက ပြည်တွင်းမှာသာမက ပြည်ပအထိပါ ထိုးဖောက်အောင်မြင် နေတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကို အာရှနိုင်ငံအတွင်းက နာမည်ကြီး အင်တာနက် ဝက်ဆိုဒ်တွေမှာလဲ မကြာခဏဆိုသလို ဖော်ပြခံရတဲ့ သူလဲဖြစ်ပါတယ်။ မကြာမီက ပိုင်တံခွန်က ထိုင်းနိုင်ငံက ပရိသတ်တွေနဲ့ meet fan တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မီဒီယာတော်တော်များများမှာလဲ ဖော်ပြခြင်းခံရသူလဲ ဖြစ်ပါတယ်။ နိုင်ငံရဲ့ နာမည်ကြီး Voice TV ရဲ့ Celebrity Interview အစီအစဉ်ကနေ ပိုင်တံခွန်ကို ဖိတ်ခေါ်ပြီး ထိုင်းပရိသတ်တွေအတွက် မေးခွန်းတော်တော်များကို ပါဝင်ဖြေဆိုပေးထားသူလဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ ထိုင်းကအားပေးတဲ့ ပရိသတ်တွေအတွက် ထိုင်းဘာသာစကားသင်ယူခဲ့သလို အနုပညာအလုပ် တွေကို ပိုကြိုးစားပါမယ်လို့ ဆိုထားပါတယ်နော်။ ပိုင်တံခွန်က အခုဆိုရင် ထိုင်းမှာလည်း ကြော်ငြာတွေ အများကြီး လက်ခံပြီးရိုက်ကူး နေရသူလဲဖြစ်ပါတယ်။ ဒါအပြင် ပိုင်တံခွန်က မြန်မာပြည်က ပရိသတ်တွေနဲ့ ဝေးရာမှာ အကြာကြီးမနေနိုင်ပါဘူးလို့ ဆိုထားပါတယ်နော်။ ပရိသတ်ကြီးအတွက် ပိုင်တံခွန်ရဲ့ အနီရောင် အကျီႌလေးနဲ့ တည်ကြည်ခန့်ညားနေတဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ အနုပညာရှင်တွေရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို သိရှိခံစားနိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။
Comment here