Celebrity

ရေဘေးသင့်ပြည်သူတွေအတွက် ပဌာန်းရွတ်ဖတ်ပူဇော်ပြီး ဆုတောင်းခဲ့ကြတဲ့ အနုပညာရှင်များရဲ့ပုံရိပ်….

Zawgyi Font :

လတ်တလောမှာတော့ မွန်ပြည်နယ်မှာရှိတဲ့ ဒေသအချို့မှာ ရေကြီးရေလျှံတဲါ ဘေးအန္တရာယ်ကို ဆိုးဆိုးရွားရွားခံစားနေရတာဖြစ်ပြီး လူအသေအပျောက်တွေပါ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံတွင်းရှိတဲ့ ပြည်သူတွေကလည်း မွန်ပြည်နယ်မှာရှိတဲ့ ရေဘေးဒုက္ခခံစားနေရတဲ့ ဒေသခံတွေအတွက် တက်နိုင်သမျှ ပါဝင်ကူညီနေကြတာဖြစ်ပါတယ်။

Photo : 7th sense creation fb and ria bo vich
Photo : 7th sense creation fb and ria bo vich
Photo : 7th sense creation fb and ria bo vich

မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ နေတိုး ၊ အကယ်ဒမီ မင်းမော်ကွန်း ၊ အကယ်ဒမီ ကျော်ကျော်ဗိုလ် ၊ အကယ်ဒမီ ရဲအောင် ၊ လွှမ်းပိုင် ၊ ကေညီ ၊ အကယ်ဒမီ အေးမြတ်သူ ၊ စံရတီမိုးမြင့် ၊ နန်းခင်ဇေယျာ ၊ Bobby Soxer ၊ ရတနာဗိုလ် တို့ကလည်း သူတို့ရဲ့ တက်နိုင်တဲ့နေရာကနေ ပါဝင်ကူညီခဲ့ကြပါတယ်။

Photo : 7th sense creation fb and ria bo vich
Photo : 7th sense creation fb and ria bo vich

သူတို့တွေကတော့ ရွှေတိဂုံဘုရားမှာ မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ဘေးအန္တာရာယ်ကင်းရှင်းပါစေကြောင်း ပဌာန်းရွတ်ဖတ်ပူဇော်ပြီး ဆုတောင်းပေးခဲ့ကြတာဖြစ်ပါတယ်။  ပရိသတ်တွေလည်း သာဓုခေါ်နိုင်ဖို့အတွက် ဓါတ်ပုံတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

Source : 7th sense creation fb

Photo : 7th sense creation fb and ria bo vich

Unicode Font :




Source : 7th sense creation fb

Photo : 7th sense creation fb and ria bo vich

Comment here