Celebrity

နေခြည်ဦးတစ်ယောက် ချစ်သူနဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာလိုက်တဲ့အကြောင်း….

Zawgyi Font :

နေခြည်ဦးကတော့ Beauty Blogger တစ်ယောက်အဖြစ် လူသိများသူတစ်ယောက်ဖြစ်ပြီး နောက်ပိုင်းမှာတော့ မင်းသမီးတစ်ယောက်အဖြစ်ပါ အနုပညာ လောကမှာ ရပ်တည်နေသူ တစ်ယောက်ပါ။ထက်မြက်ပြီး ငယ်ရွယ်တဲ့ သူမဟာ အမျိုးသမီးအချင်းချင်းကပါ ချစ်ခင်အားကျရသူ တစ်ယောက်ပါ။သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေ ကို အမြဲ အသိပေးတတ်တဲ့ နေခြည်ဦးဟာ သူမရဲ့ Personal Life ကိုလည်း သိုဝှက်ထားတာမျိုး မရှိပဲ အကုန်အစင် ချပြတတ်သူပါ။အချစ်ရေးနဲ့ ပတ်သက်ပြီး အဆင်ပြေရင် ပြေတယ်၊ မပြေရင် မပြေဘူး ဆိုပြီး ထုတ်ပြောတတ်တဲ့ သူမဟာ အခုဆိုရင်တော့ ချစ်သူနဲ့ လမ်းခွဲ လိုက်ပြီလို့ သူမရဲ့ Fb ကနေ အတိအလင်း ထုတ်ပြောလိုက်ပါတယ်။

Photo : Nay Chi Oo fb

Photo : Nay Chi Oo fb

Facebook ရဲ့ My Day မှာ တင်ထားတာပါ။Relationship Status မှာဆိုရင် Single ဆိုပြီး ပြောင်းလဲ ပစ် ခဲ့ပါတယ်။နောက်ထပ် Story မှာတော့ “အလုပ်နဲ့ Personal မရောပါနဲ့…” ဆိုပြီး တင်ထားပါတယ်။သူမရဲ့ အချစ်ရေးက ဒီတစ်ကြိမ်မှာတော့ တကယ်ပဲ အဆုံးသတ်သွားပြီလားဆိုပြီး ချီချီ့ကို ချစ်တဲ့ ပရိသတ်တွေကတော့ စိတ်ပူနေကြပါတယ်။ဒါပေမယ့် ချစ်သူနဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာတာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။

Photo : Nay Chi Oo fb
Photo : Nay Chi Oo fb
Photo : Nay Chi Oo fb

သူမရဲ့ချစ်သူအောင်နွေဦးနဲ့  ချစ်သက်တမ်းတစ်နှစ်ပြည့် ခရီးက ပြန်အလာမှာပဲ လမ်းခွဲ သတင်းကို ကြေညာခဲ့ဖူးပါတယ်။ချစ်သူနဲ့ အဆင်မပြေဘူးလို့ ကြေညာခဲ့ပြီးနောက် တစ်နှစ်ပြည့်ချစ်သက်တမ်းမှာ ချစ်သူနဲ့ ခရီးအတူသွားတဲ့ အချိန်မှာတော့ အားလုံးက သူမရဲ့ အချစ်ရေး ပြန်အဆင်ပြေသွားပြီလို့ ထင်ခဲ့ကြပါသေးတယ်။ဒါပေမယ့်လည်း (2018) ဒီဇင်ဘာ(၃)ရက်နေ့တုန်းကလည်း သူမရဲ့ fb မှာ …”အသည်းမကွဲပါဘူးကွဲစရာ အချိန်မရှိလို့ပါ….” ဆိုပြီး တင်ထားပြီး လမ်းခွဲပြီလို့ ကြေညာခဲ့ပါတယ်။ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ပြန်အဆင်ပြေသွားခဲ့ပါတယ်။ဒီတစ်ကြိမ်မှာလဲ အရင်ကလို ပြန်ပြီး အဆင်ပြေပါစေဆိုပြီး ချီချီရဲ့ ပရိသတ်တွေ က ဆုတောင်းပေးနေကြပါတယ်။

Source : Nay Chi Oo fb

Photo : Nay Chi Oo fb

Unicode Font :




Source : Nay Chi Oo fb

Photo : Nay Chi Oo fb

 

Comment here