Celebrity

သိပ်လှတဲ့ ပွဲတက်ဝတ်စုံလေးနဲ့ မမြင်တာကြာပြီဖြစ်တဲ့ နန်းခင်ဇေယျာ

Zawgyi Font:


Photo : Nang Khin Zay Yar


Photo : Nang Khin Zay Yar


Photo : Nang Khin Zay Yar


Photo : Nang Khin Zay Yar


 

Unicode Font:

အနုပညာအလုပ်များကို ဆက်တိုက်လုပ်ကိုင်ဖြစ်လာတဲ့ နန်းခင်ဇေယျာက လတ်တလောကပဲ မြင့်မြတ်နဲ့အတူ သရွီး ရုပ်ရှင်ကားလေးကို အောင်ပန်းမှာ ရိုက်ကူးပြီးခဲ့ပြီး ရန်ကုန်ကိုပြန်ရောက်လာခဲ့ပါပြီ။ ရုပ်ရှင်ဇာတ်ကားရိုက်ကူးလိုက် အပန်းဖြေခရီးလေးထွက်ဖြစ်လိုက်နဲ့ ပေါ့ပေါ့ပါးပါးလေး နေဖြစ်နေတဲ့ နန်းခင်ဇေယျာကို ပွဲတက်အခမ်းအနားများကို တက်ရောက်ဖြစ်တာ မတွေ့တာကြာပြီဖြစ်ပါတယ်။

နန်းခင်ဇေယျာက ခန္ဓာကိုယ်ထိန်းသိမ်းရေးများနဲ့ ကျန်းမာရေးလိုက်စားမှုများကို စဉ်ဆက်မပြတ်လုပ်ကိုင်ဖြစ်နေတာကြောင့် မဝတ်ဖြစ်တာကြာပြီဖြစ်တဲ့ ပွဲတက်ဝတ်စုံလေး ဝတ်ဆင်လိုက်တဲ့အခါမှာတော့ အရင်အတိုင်း မပြောင်းမလဲလှပနေတာကို တွေ့ရပါတယ်။

နန်းခင်ဇေယျာက “Gym ကစားခဲ့လို့ပေါ့” ဆိုပြီး သိပ်လှနေတဲ့ ပွဲတက်ဖက်ရှင်လေးနဲ့ တင့်တယ်ဝင့်ထည်နေတဲ့ ပုံလေးများကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ချပြခဲ့ပါတယ်။

တနေ့တခြား ပိုပြီးလှလာတဲ့ နန်းခင်ဇေယျာက အရမ်းမိုက်တဲ့ ဖက်ရှင်လေးနဲ့ လှပစွာ ကြော့ရှင်းနေတာကြောင့် မြင်သူတိုင်း သဘောကျသွားစေခဲ့ပါတယ်။ သူမနဲ့လိုက်ဖက်မယ့် ဖက်ရှင်လေးများကို ရွေးချယ်ပြီး ဝတ်တတ်လို့ မိန်းကလေးပရိသတ်များက သဘောကျအားပေးခဲ့ပါတယ်။

Source : Nang Khin Zay Yar Facebook

Comment here