Celebrity

အမိုက်စားဆိုင်ကယ်ကြီးနဲ့ ဂေါ်နေတဲ့ နန်းခင်ဇေယျာ

Zawgyi Font:


Photo : Nang Khin Zay Yar

Photo : Nang Khin Zay Yar



Photo : Nang Khin Zay Yar

Photo : Nang Khin Zay Yar


Photo : Nang Khin Zay Yar

Photo : Nang Khin Zay Yar


 

Unicode Font:

အနုပညာအလုပ်များကို ဆက်တိုက်လုပ်ကိုင်ဖြစ်လာတဲ့ နန်းခင်ဇေယျာက မြင့်မြတ်နဲ့အတူ သရွီး ရုပ်ရှင်ကားလေးကို အောင်ပန်းမှာ ရိုက်ကူးပြီးခဲ့ပြီဖြစ်ပါတယ်။ နန်းခင်ဇေယျာက ရှုတင်များပြီးသွားတော့ ကလောဘက်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး အေးဆေးအနားယူနေခဲ့ပါတယ်။

နန်းခင်ဇေယျာက ရာသီဥတုလေးကလည်း အနည်းငယ်သာယာတာဖြစ်လို့ ဝတ်စုံအပြည့်နဲ့ ဆိုင်ကယ်စီးဖို့ ပြင်နေတာ ဖြစ်ပါတယ်။ အမိုက်စားဆိုင်ကယ်ကြီးနဲ့အတူ အထာကျလွန်းတဲ့ ဝတ်စုံကြီးနဲ့ ဂေါ်နေတဲ့ နန်းခင်ဇေယျာကို ပရိသတ်အားလုံးက အံ့အားသင့်ခဲ့ကြပါတယ်။

“Ride Behind Kalaw မှာ ဆိုင်ကယ်စီးကြမယ် 🏍🏍” ဆိုပြီး ကလောမှာ ဆိုင်ကယ်ကြီးနဲ့ဂေါ်နေတဲ့ ပုံလေးများကို ချပြခဲ့ပါတယ်။

နန်းခင်ဇေယျာက အနုပညာအလုပ်များ အားတဲ့အချိန်ဆိုရင် ပြည်ပခရီးစဉ်လေးများကို အလည်အပတ်ထွက်ဖြစ်ခဲ့ပြီး လတ်တလောကမှ ဂျာမနီနိုင်ငံနဲ့ အခြားသောနိုင်ငံများကို ရောက်ရှိခဲ့ပါသေးတယ်။ နန်းခင်ဇေယျာက သူမရဲ့နေ့စဉ်လှုပ်ရှားမှုပုံရိပ်လေးများကို ပရိသတ်များနဲ့ ရင်းနှီးမှုပြတ်မသွားအောင် လူမှုကွန်ယက်ပေါ်မှာ မျှဝေပေးလေ့ရှိတာကြောင့် သူမကိုချစ်တဲ့ ပရိသတ်များက စောင့်ကြည့်အားပေးကြပါတယ်။

Source : Nang Khin Zay Yar Facebook

Comment here