Celebrity

နံရံပေါ်က ဆေးရေးပန်းချီအလား ညှို့ချက်ပြင်းတဲ့ အကြည့်တွေနဲ့ ဖမ်းစားနေတဲ့ J Naw

Zawgyi Font:


Photo : J Naw


Photo : J Naw


Photo : J Naw


Photo : J Naw

Source : J Naw Facebook

 

Unicode Font:

ဆက်စီကျတဲ့ မော်ဒယ်လ်တစ်ဦးအဖြစ် မော်ဒယ်လ်လောကမှာ ပေါ်ပြူလာဖြစ်လာတဲ့ J Naw ဟာ ခန္ဓာကိုယ်တောင့်တင်းပြီး ရင်ဖိုဖွယ်ကောင်းတဲ့ ပို့စ်အလန်းစားများကို ပေးတတ်တာကြောင့် ပရိသတ်များရဲ့သတိထားအားပေးမှုများကို ရရှိလာခဲ့ပါတယ်။ အရှေ့တောင်အာရှဆန်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ခဲ့ပြန်တဲ့ J Naw က ဖက်ရှင်ပိုင်းဆိုင်ရာမှာလည်း အလွန်စမတ်ကျသူဖြစ်ပါတယ်။

J Naw က အခုနောက်ပိုင်းမှာ ဖက်ရှင်ရှိုးပွဲကြီးများကို လျှောက်ဖြစ်နေခဲ့ပြီး ပွဲအခမ်းအနားများကိုလည်း တက်ရောက်နေခဲ့ပါတယ်။ အလုပ်များပြီးရင်တော့ အပန်းဖြေခရီးလေးထွက်ဖြစ်သလို အပြင်လေးဘာလေးလည်း ထွက်ဖြစ်ပါတယ်။ အခုလည်း အရမ်းမိုက်တဲ့ နေရာလေးတစ်ခုကို ရောက်ရှိနေခဲ့ပြီး ပေါ့ပါးတဲ့ ဖက်ရှင်လေးနဲ့ စမတ်ကျကျလှနေခဲ့ပါတယ်။

J Naw က အနောက်နံရံပေါ်က ဆွဲထားတဲ့ ပန်းချီထဲက မိန်းမလှလေးအတိုင်း ဆံနွယ်လေးများချကာ ပို့စ်လှလှလေးပေးခဲ့ပါတယ်။ “ချွဲတတ်တဲ့ကောင်မလေးတွေထဲလဲ ကိုယ်မပါ 😪 ရင့်ကျက်တဲ့မမတွေထဲလဲ ပ့ါမနေပြန်ဘူး🙄 ကြားထဲက ကိုးလို့ကန့်လန့်ကြီး ပါ ငါလေးဟာ 🤔” ဆိုတဲ့ စာသားလေးနဲ့ အရမ်းမိုက်တဲ့ သူမရဲ့ပုံရိပ်လေးများကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဝေမျှထားခဲ့ပါတယ်။

လတ်တလောကပဲ J Naw က ကချင်ပြည်နယ် ဖားကန့်ဒေသက ဆိုင်းတောင်ကို ရောက်ရှိနေပြီး လည်ပတ်နေခဲ့ပါတယ်။ ခရီးက ပြန်ရောက်တာနဲ့ အနုပညာအလုပ်များကို ဆက်လက်လုပ်ဖြစ်နေခဲ့ပါတယ်။ J Naw ရဲ့အချစ်ရေးက တည်ငြိမ်နေဆဲဖြစ်ပြီး single တစ်ဦးအဖြစ် ခံယူထားပါတယ်။

Source : J Naw Facebook

Comment here