Celebrity

ရိုးရှင်းတဲ့ မြန်မာဝတ်စုံလေးနဲ့မှ ခန္ဓာကိုယ်ပေါ်လွင်ပြီး လှနေတဲ့ စူးရှထက်

Zawgyi Font:


Photo : Sue Sha Htet


Photo : Sue Sha Htet


Photo : Sue Sha Htet

Photo : Sue Sha Htet


Photo : Sue Sha Htet


 

Unicode Font:

စူးရှထက်က အနုပညာခရီးလမ်းကြောင်းမှာ မလျှော့သော ဇွဲ၊ လုံ့လတို့နဲ့ ကြိုးစားခဲ့တာ အောင်မြင်တဲ့ မော်ဒယ်လ်တစ်ဦး ဖြစ်လို့လာခဲ့ပါတယ်။ ဘယ်လောက်ပဲ ဝေဖန်ဝေဖန် စိတ်မဆိုးဘဲ သည်းခံတတ်မှုကြောင့် ပရိသတ်များကလည်း နောက်ပိုင်းမှာ ချီးကျူးကာ အားပေးလာတာကို တွေ့ရပါတယ်။ အလှူအတန်းများကိုလည်း သူမတတ်နိုင်သလောက်လေး လုပ်ဖြစ်လာတာကြောင့် ပရိသတ်အားလုံးက ချီးကျူးလေးစားလာကြပါတယ်။

အလုပ်များ အားလပ်ရက်မှာ ဘုရားပေါ်တက်ကာ ကုသိုလ်ယူတတ်တဲ့ စူးရှထက်က အခုလည်း ဘုရားပေါ်ရောက်ရှိနေပြီး ရိုးရှင်းတဲ့ မြန်မာဝတ်စုံလေးနဲ့ ခန္ဓာကိုယ်လေးပေါ်လွင်စွာ လှပနေခဲ့ပါတယ်။ အပြုံးလေးကို အမြဲဆောင်တတ်တဲ့ စူးရှထက်က “ဘယ် အပြုံးကို ချစ်ဆုံးလဲ ???” ဆိုပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ လှနေတဲ့ ပုံလေးများကို လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့ပါတယ်။

သြဂုတ်လ (၅) ရက်နေ့က စူးရှထက်က အစ္စဏီကို စွဲချက်တင်ထားတဲ့ အမှုသုံးခုလုံးကို ကျေအေးပေးလိုက်တာကြောင်း မီဒီယာများရှေ့မှာ တရားဝင်ပြောပြခဲ့ပြီးနောက် စူးရှထက်ကို ပရိသတ်အားလုံးက ချီးကျူးထောပနာပြုကြပါတယ်။

သူမ ချစ်တဲ့ အနုပညာအလုပ်များက ရရှိလာတဲ့ ငွေကြေးများကိုလည်း မိဘမောင်နှမများအပေါ်ကို ထောက်ပံ့ကာ မိဘကျေးဇူးသိတတ်တဲ့ သမီးလေးလည်း ဖြစ်ပါတယ်။ စူးရှထက်က အသက်အရွယ်ကြီးတဲ့ အဘိုးအဘွားများကို တက်နိုင်သလောက်လေး ကူညီပေးနေတာကိုလည်း တွေ့ရပါတယ်။

Source : Sue Sha Htet Facebook

Comment here