Knowledge

ထူးခြားဆန်းပြားတဲ့နေရာတွေမှာ ဆောက်လုပ်ထားကြတဲ့ အံ့သြဖွယ်ဟိုတယ်များကို လေ့လာဖော်ပြပေးလိုက်ပါတယ်…..

Zawgyi Font :

များသောအားဖြင့် ဟိုတယ်တွေဆိုတာ လူတွေ သိပ်အချိန်ကြာကြာဖြုန်းလေ့ရှိတဲ့ နေရာတွေမဟုတ်ပါဘူး။ ခရီးသွားတဲ့အခါ ဟိုတယ်တွေမှာ ခရီးဆောင်သေတ္တာအိတ်တွေထား၊ အိပ်စက်အနားယူတာကလွဲလို့ ပျော်စရာအများကြီးရှိတာ မဟုတ်ပါဘူး။ ဒါပေမယ့် အောက်မှာ တွေ့ရမယ့် ဟိုတယ်တွေကတော့ လှလွန်းတဲ့အတွက် တကူးတကသွားတည်းခိုနေဖို့တောင် စိတ်ကူးပေါက်လောက်တဲ့ ဟိုတယ်တွေပဲ ဖြစ်ပါတယ်။ Brightside သတင်းဌာနကို ကိုးကားပြီး ဖော်ပြရရင်တော့ အခုလို တွေ့ရမှာပါ။

Sheraton Huzhou Hot Spring Resort, Huzhou, China

Photo : beautifulhotels IG

အပန်းဖြေဇိမ်ခံတဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။ ဟိုတယ်ရဲ့ ဒီဇိုင်းကြောင့် မြင်းခွာပုံဟိုတယ်၊ ဒိုးနပ်ဟိုတယ်စသဖြင့် အမျိုးမျိုး ခေါ်ကြပါတယ်။ ထူးခြားချက်ကတော့ သူ့ရဲ့ သွင်ပြင်သဏ္ဍာန်ပဲ ဖြစ်ပါတယ်။

Neemrana Fort Palace, Neemrana, India

Photo : hi_its_gopu IG

အိန္ဒိယနိုင်ငံ ရာဂျာစသန်ပြည်နယ်က (၁၅) ရာစုနှစ် အမွေအနှစ် ဟိုတယ်ဖြစ်ပါတယ်။ ဒေလီမှာရှိတဲ့ အအိုဟောင်းဆုံး အပန်းဖြေစခန်းတွေထဲမှာ တစ်ခုဖြစ်တဲ့အပြင် ပန်းခြံတွေ၊ ရေကန်တွေ၊ ကောင်းကင်ကြိုးတွေနဲ့ ခမ်းနားလှပါတယ်။

Amangiri, Canyon Point, Utah, USA

Photo : amangiri IG

တွေ့မြင်ရတာကတော့ ဟိုတယ်ဟာ သဘာဝရဲ့ အစိတ်အပိုင်းတစ်ခုလိုပါပဲ။ ဟိုတယ်ပတ်လည်မှာတော့ လှပတဲ့ သဲသောင်ခုံတွေ၊ ကျောက်ထပ်တွေနဲ့ တောင်တန်းတွေက ပတ်လည်ဝန်းရံနေပါတယ်။

Sextantio Le Grotte della Civita, Matera, Italy

Photo : yolandaedwards IG

ယူနက်စကိုက မှတ်တမ်းပြုစုထားတဲ့ ဂူဝင်္ကပါတွေထဲမှာ ရှိပါတယ်။ အခုအခါမှာတော့ ပြန်လည်ပြင်ဆင်ထားအတွက် အီတလီရဲ့ သရုပ်ကို ပိုမိုထင်ဟပ်ပြနေပါတယ်။

Free Spirit Spheres, Vancouver Island, British Columbia, Canada

Photo : sabstorm IG

ကလေးဘ၀တုန်းက အိပ်မက်မက်ခဲ့ဖူးမှာဖြစ်တဲ့ ငှက်သိုက်လေးတွေလို အိမ်လုံးလေးတွေပဲ ဖြစ်ပါတယ်။ သဘာဝနဲ့ ပေါင်းစည်းနိုင်တဲ့ အကောင်းဆုံးအိမ်လေးတွေပါ။

Fantasyland Hotel, Edmonton, Canada

Photo : fantasyland_hotel IG

အာကာသထဲရောက်နေသလို ခံစားဖူးချင်သူတွေအတွက် သံခမောက်ပုံစံဆောက်ထားတဲ့ အစ်ဂလူးအိမ်လေးတွေ ဖြစ်ပါတယ်။


Photo : treehotel

သိပ္ပံကားနှစ်သက်သူတွေ အကြိုက်တွေ့စေမယ့် နေရာလေးတစ်ခုပါ။ UFO ပုံစံတည်ဆောက်ထားပါတယ်။

Source : Brightside

Photo : Instagram

Unicode Font :


Sheraton Huzhou Hot Spring Resort, Huzhou, China


Neemrana Fort Palace, Neemrana, India


Amangiri, Canyon Point, Utah, USA


Sextantio Le Grotte della Civita, Matera, Italy


Free Spirit Spheres, Vancouver Island, British Columbia, Canada


Fantasyland Hotel, Edmonton, Canada

အာကာသထဲရောကျနသေလို ခံစားဖူးခငြျသူတှအေတှကျ သံခမောကျပုံစံဆောကျထားတဲ့ အစျဂလူးအိမျလေးတှေ ဖွစျပါတယျ။

Treehotel, Tällberg, Sweden

သိပ်ပံကားနှစျသကျသူတှေ အကွိုကျတှေ့စမေယျ့ နရောလေးတစျခုပါ။ UFO ပုံစံတညျဆောကျထားပါတယျ။

Source : Brightside

Photo : Instagram

Comment here