Hot News

Miley Cyrus နဲ့ ကွဲကွာအပြီး IG မှာ ပို့စ်အသစ်တင်လိုက်တဲ့ Liam Hemsworthရဲ့အကြောင်း…..

Zawgyi Font :

Liam Hemsworth ဟာ Miley Cyrus နဲ့ ကွဲကွာအပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ ၄င်းပို့စ်ကတော့ Miley Cyrus ကို ပျော်ရွှင်ပါစေကြောင်း Liam က ဆန္ဒပြုထားတဲ့ ပို့စ်ဖြစ်ပါတယ်။ Liam ဟာ ကမ်းခြေတစ်ခုက နေ၀င်ဆည်းဆာချိန်ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီးနောက် Miley ကို အမြဲပျော်စေလိုကြောင်း သူ့တရားဝင်အင်စတာဂရမ်အကောင့်မှာ ရေးသားတင်ခဲ့တာပါ။

Photo : liamhemsworth IG

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် ဒီဇင်ဘာလမှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး တစ်နှစ်တောင် မပြည့်သေးတဲ့အချိန်မှာ ကွဲခဲ့ကြတာ ဖြစ်ပါတယ်။ Liam က “ကဲ အားလုံးပဲ။ ကျွန်တော် လိုရင်းတိုရှင်းပဲ ပြောတော့မယ်နော်။ ကျွန်တော်နဲ့ Miley မကြာသေးခင်ကပဲ ကွဲခဲ့ကြပါပြီ။ သူ့ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဘ၀ကို ရှေ့ဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်….” ဆိုပြီး ရေးသားခဲ့တာပါ။

Liam နဲ့ Miley တို့ဟာ ဆယ်စုနှစ်တစ်စုလောက်နီးနီးကြာအောင် တွဲခဲ့ကြပြီးနောက်မှ လက်ထပ်ဖြစ်ခဲ့တာ ဖြစ်သလို သမီးရည်းစားဘ၀မှာလည်း ပြတ်လိုက်၊ ပြန်ဆက်လိုက်နဲ့ ဖြစ်နေတဲ့ စုံတွဲဖြစ်ပါတယ်။ Miley ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ “Liam နဲ့ Miley တို့နှစ်ယောက်က အခုအချိန်မှာတော့ ကွဲလိုက်ကြဖို့ သဘောတူခဲ့ကြတယ်။ သူတို့အလုပ်ကို သူတို့ ပိုအာရုံစိုက်နိုင်ဖို့ပဲ ဆုံးဖြတ်ခဲ့ကြတာပါ…” လို့ ပြောပြခဲ့ပါတယ်။ ဒါ့အပြင် Liam က သူ့ရဲ့အိမ်ထောင်ရေးကိစ္စဟာ ပုဂ္ဂိုလ်ရေးဖြစ်တဲ့အတွက် ဘယ်လိုမီဒီယာနဲ့မှ ဆွေးနွေးတွေ့ဆုံတာမျိုး၊ ဝေဖန်ရှုံ့ချတာမျိုးတွေ မလုပ်ဘူးလို့လည်း ဆိုခဲ့ကြောင်း CNN သတင်းအရ သိရပါတယ်။

Source : CNN

Photo : liamhemsworth IG

Unicode Font :




Source : CNN

Photo : liamhemsworth IG

Comment here