Hot News

ဟောလိဝုဒ်မင်းသမီးကိုတောင် ဟောလိဝုဒ်မင်းသမီးကိုတောင် ရအောင်ပိုးနိုင်တဲ့ အာရပ်ကမ္ဘာကလူစွမ်းကောင်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်….ရအောင်ပိုးနိုင်တဲ့ အာရပ်ကမ္ဘာကလူစွမ်းကောင်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်….

Zawgyi Font :

ဟောလိဝုဒ်မင်းသမီးတွေထဲမှာ လင်ဆေးလိုဟန် လို့ပြောလိုက်တာနဲ့ မသိတဲ့သူ ရှိမယ်မထင်ပါဘူး။ အသက် (၁၁)နှစ် အရွယ်ကတည်းက ကလေးသရုပ်ဆောင်အနေနဲ့ ပွဲထွက်ခဲ့တဲ့ လင်ဆေး ဟာ သရုပ်ဆောင်ဖက်မှာရော၊ အဆိုတော်အဖြစ်နဲ့ရော ပရိသတ်တွေ အားပေးမှုကို ခံခဲ့ရသူဖြစ်ပြီး တစ်ခါတစ်လေမှာတော့ သူ့ရဲ့ပေါက်ကရလုပ်မှုလေးတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားသူလို့လည်း သတ်မှတ်ခံခဲ့ရသူပါ။

လင်ဆေးလိုဟန်ဟာ နာမည်ကြီးတာနဲ့အမျှ သူတွဲခုတ်ခဲ့တဲ့ ယောင်္ကျားတွေကလည်းအများကြီးပါ။ (၂၀၀၄)ခုနှစ်မှာ သရုပ်ဆောင် ဗယ်လ်ဒါရာမာ နဲ့ တရားဝင်တွဲခဲ့ပြီးတဲ့နောက်ပိုင်းမှာ ချစ်သူတွေ တစ်ယောက်ပြီး တစ်ယောက်ထားခဲ့ဖူးပြီး (၂၀၁၆)ခုနှစ်မှာ ရုရှား မီလျံနာနဲ့တွဲခုတ်ခဲ့တယ်ဆိုတဲ့အထိဆိုပါတော့။

Photo : Lindsay Lohan Brasil IG

လင်ဆေးနဲ့ အဲဒီမီလျံနာတို့ရဲ့ဇာတ်လမ်းက ကြာကြာတော့မခံပါဘူး။ သူတို့က (၂၀၁၇)နှစ်လည်ပိုင်းလောက်မှာ ခွာပြဲသွားခဲ့ကြပြီး လင်ဆေးရဲ့အချစ်ဇာတ်လမ်းတွေကလည်း လုံးဝကို ငြိမ်သက်သွားခဲ့တယ်။ အခုအချိန်မှာတော့ လင်ဆေးလိုဟန်နဲ့ပတ်သက်တဲ့အချစ်ဇာတ်လမ်းတွေက ပြန်လည်ထွက်ပေါ်လို့ လာခဲ့ပြန်ပါပြီ။ ဒီတစ်ခေါက်မှာ လင်ဆေးလိုဟန်နဲ့တွဲနေတယ်လို့ သတင်းထွက်လာသူကတော့ အာရပ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံရဲ့အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် နဲ့ပါ။

ဆော်ဒီရဲ့အထက်မြက်ဆုံးပုဂ္ဂိုလ်လည်းဖြစ်၊ မန်ယူအသင်းကိုဝယ်ဖို့တောင် ကမ်းလှမ်းခဲ့တဲ့အထိ ချမ်းသာတဲ့ ပုဂ္ဂိုလ်လည်းဖြစ်ခဲ့တဲ့ ဆယ်လ်မန် ဟာ အသက် (၃၃)နှစ်သာရှိသေးပြီး လင်ဆေးလိုဟန်နဲ့ အသက်ချင်းအတူတူပါ။

Photo : Lindsay Lohan Brasil IG

သတင်းတွေအရတော့ သူတို့နှစ်ယောက်က (၂၀၁၆)ခုနှစ်ကတည်းက စပြီး သိကျွမ်းခဲ့ကြတာဖြစ်ပြီး ဒူဘိုင်းမြေမှာ ဆုံတွေ့ခဲ့ကြတာပါ။

အဲဒီနောက်မှာတော့ ဆယ်လ်မန်ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ကမ္ဘာတစ်ပတ်ခရီးထွက်ခဲ့ကြတယ်ဆိုတာတွေ၊ ပြီးခဲ့တဲ့နှစ်ထဲမှာ သူတို့နှစ်ယောက်တည်း အတူရှိခဲ့ကြတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီး မီဒီယာတွေက လင်ဆေးနဲ့ ဆယ်လ်မန် တို့ တွဲနေကြပြီဆိုတဲ့အကြောင်းကို ဖော်ပြခဲ့ကြတာပါ။

Photo : Lindsay Lohan Brasil IG

တကယ်တော့ ဒေါ်လာတွေ ဘီလီယံချီပြီး ချမ်းသာတဲ့ ဆယ်လ်မန်အတွက် လင်ဆေးလိုဟန်မှမဟုတ်ပါဘူး။ တခြားမင်းသမီးတွေကိုလည်း တွဲချင်ရင် တွဲနိုင်တာပါ။ အမေရိကန်သတင်းစာအချို့မှာတော့ လင်ဆေးနဲ့ ဆယ်လ်မန်တို့ဟာ မက်ဆေ့တွေပို့ပြီး အမြဲဆက်သွယ်နေကြသူတွေဖြစ်ကြောင်း ရေးသားခဲ့ကြပြီး သူတို့နှစ်ယောက်ဟာ ဒီဆက်ဆံရေးကို ဘယ်သူမှမသိအောင် ထိန်းထားနိုင်ခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။

Source : ibtimes

Photo : Lindsay Lohan Brasil IG

Unicode Font :








Source : ibtimes

Photo : Lindsay Lohan Brasil IG

 

 

 

Comment here