Celebrity

ကလေးလေး တစ်ယောက်လို ချစ်စရာကောင်းတဲ့ ပုံလေးတွေ ဖော်ပြလိုက်တဲ့ ဆုအိမ်စံ

သရုပ်ဆောင် မင်းသမီးချော ဆုအိမ့်စံကတော့ ဗီဒီယိုဇာတ်ကား အတော်များများနဲ့ ရုပ်ရှင်ကာကြီး အချို့မှာ ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်နော် သူမရဲ့ကတော့ သရုပ်ဆောင် သူရိယ နဲ့ အတူ ပျော်ရွှင်တဲ့ကောင်းတဲ့ နှစ်ယောက်တအိမ်မက် တည်ဆောက်ဖို့ ကြိုးစားနေကြတာပါ နှစ်ယောက်စလုံးက ပရိသတ် တွေ အခိုင်အမာရရှိထားကြသလို အများက အားကျလောက်တဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်နော်။

Photo Su Eain San

ဆုအိမ်စံတို့ ချစ်သူနှစ်ဦးဟာ တစ်ဦးနဲ့ တစ်ဦးနားလည်မှုရှိရှိနဲ့ ချစ်သူဘ၀ကိုဖြတ်သန်းခဲ့ကြတဲ့ သူတွေဖြစ်ပြီး 2019 ခုနှစ်ရဲ့ ချစ်သူများနေ့မှာ စေ့စပ်လိုက်ကြတာဖြစ်ပါတယ်။ ဆုအိမ့်စံကတော့ အနုပညာလှုပ်ရှားမှုတွေ အနေနဲ့ အလှဓာတ်ပုံလေးတွေ ကို ရိုက်နေသလို ဖိတ်ကြားခံ ပွဲအတော်များများကိုလည်း တက် ရောက် ချီးမြှင့်ပေးရှိတာကို လည်း တွေ့မြင်ရမှာပါနော်။

Photo Su Eain San

ပွဲတခုတက်တိုင်း သူမရဲ့ ဖက်ရှင် အလှပုံရိပ်လေးတွေကလည်း မြင် သူတကာ ပရိသတ်တွေ ကို မှင်သက်စေလောက် ပါတယ်။.သူမကတော့ အားလပ်ရက်တွေမှာ ဆိုရင် အပန်းဖြေ ခရီးတွေ ထွက်လေ့ရှိသလို အမျာဆုံးကတော့ ကမ်းခြေလေးတွေ မှာသွားရောက် အပန်းဖြေလေ့ရှိပါတယ်။

Photo Su Eain San

ဆုအိမ်စံက သူမရဲ့ အနုပညာလှုပ်ရှားမှုတွေ နေ့စဉ်လှုပ်ရှားမှုတွေကို ပရိသတ်ကြီးအတွက် သူမအကောင့်မှာဖော်ပြေ လ့ရှိသူဖြစ်ပါတယ်။ သူမကတော့ မကြာမီက ဂျင်း Fashion နဲ့အရမ်းချစ်စရာကောင်းလှတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို တင်ထားတွေ့ရပါနော်။

Photo Su Eain San

သူမရဲ့ချစ်ပရိသတ်ကြီးအတွက် ချစ်စရာကောင်းလှတဲ့ အပြုံးလေးတွေနဲ့ ကလေးလေး တစ်ယောက်လို ချစ်စရာေ ကာင်းနေတဲ့ ဆုအိမ်စံရဲ့ ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ အနုပညာရှင်တွေရဲ့ နေ့စဉ် လှုပ်ရှားမှု ပုံရိပ်ေ လးတွေကို သိရှိခံစားနိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။

Source Su Eain San

Unicode


နေကြာပန်းခင်းထဲမှာ နတ်သမီးလေးတစ်ပါးလို လှပလွန်းတဲ့ ဧငြိမ်းဖြူ
မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွင့်နေတဲ့ တစ်ခေတ်တစ်ခါ ကတ်ဆက်ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူး အသက်သွင်တဲ့ ဇာတ်လမ်းတိုလေးမှာ သရုပ်ဆောင်ရင်း ပရိသတ် ချစ်ခင်အားပေးမှုတွေ ရရှိတဲ့ မော်ဒယ်မင်းသမီး ဧငြိမ်းဖြူ ဟာ ဘိုမရုပ်လေးလိုတူပြီး ဖက်ရှင်ကျကျဝတ်စားတတ် တာကြောင့်လဲ နာမည်ကြီးသူတစ်ဦးပါ။ သူမကို သဲသဲလှုပ်ချစ်တဲ့ ချစ်သူကလဲ ပရိသတ်ကြီး သိပြီးဖြစ်တဲ့ “လွမ်းလွန်းလို့သေနိုင်တယ်” ဆိုတဲ့ သီချင်းအဆိုတော် ရဲရင့်အောင်ပဲဖြစ်ပါတယ်။ ဧငြိမ်ဖြူက မြန်မာဆန်ဆန် ဝတ်စုံလေး တွေကို ဒီဇိုင်းဆန်းဆန်းလေတွေ လိုက်ဖက်အောင် ဝတ်လေ့ရှိသလို ခေတ်ပေါ်ဒီဇိုင်းတွေကလဲ သူမတူအောင် ဖက်ရှင်ကျကျ ဝတ်တတ်သူတစ်ဦးဖြစ်ပါတယ်နော်။ လတ်တလောမှာ သူမကို မီဒီယာပေါ်မှာ သိပ်မတွေ့ရပေမယ့် သူမ အကောင့် မှာတော့ သူမရဲ့ ပုံရိပ်တွေ ဖော်ပြလေ့ရှိပါတယ်။ သူမဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာသာမက အက ပိုင်းမှာ ထူးချွန်သောသူလေးဖြစ်ပါတယ်နော်။ သူမဟာဆိုရင် လူငယ်ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံရသူဖြစ်ပြီး သူမရဲ့ကျော်ကြားမှုတစ်ခုကတော့ မြန်မာဆန်ဆန် အဝတ်အစားလေးတွေက မိန်းကလေးတွေကြားမှာ ရေပန်းစားလေ့ရှိပါတယ်။ ဧငြိမ်းဖြူဟာဆိုရင် အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေပါ ရိုက်လာတာတွေ့ရပါတယ်နော်။ ဧငြိမ်းဖြူက သူမရဲ့ ချစ်စရာကောင်းလှတဲ့ ပုံလေးတွေကို ခံစားမှုလေးတွေနဲ့အတူ ပရိသတ်ကြီးထံ မျှဝေလေ့ရှိပါတယ်။ မကြာမီ အေးငြိမ်းဖြူက မန္တလေး မဟာမြတ်မုနိ ဘုရားကိုသွားရောက်ဖူးမြော်ခဲ့တဲ့ ပုံရိပ်တွေကို တင်ထားတွေ့ရပါတယ်။ အဲဒီနောက်မှာတော့ ဘိုမရုပ်လေးချစ်စရာကောင်းလှတဲ့ ဧငြိမ်းဖြူ တောင်ပြုံး ကိုရောက်ရှိတာဖြစ်ပြီး ယနေ့မှာတော့ သူမရဲ့ ခရီးသွားပုံရိပ်တစ်ခုဖြစ်တဲ့ နေကြာပန်းခင်ထဲ နတ်သမီးလေးတစ်ပါးလို လှပလွန်းတဲ့ သူမရဲ့ ရင်ခုန်ဖွယ်အလှတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ အနုပညာရှင် တွေရဲ့ နေ့စဉ် လှုပ်ရှားမှု ပုံရိပ်လေးတွေကို သိရှိခံစားနိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။

Comment here