Celebrity

ပြုံးလိုက်တိုင်း ရင်ခုန်သံမြန်သွားစေတဲ့ မိန်းမချော

Zawgyi Font:


Photo : Than Thar Moe Theint

Photo : Than Thar Moe Theint


Photo : Than Thar Moe Theint

Photo : Than Thar Moe Theint


Photo : Than Thar Moe Theint


 

Unicode Font:

‘ကျွန်မက မဟေသီ’ ဇာတ်လမ်းတွဲမှ စတင်ပြီး ပရိသတ်ရင်ထဲကို တည့်တည့်မတ်မတ်ဝင်ရောက်လာတဲ့ သံသာမိုးသိမ့်ကို နာမည်အရင်းထက် ဇာတ်လမ်းတွဲထဲက ဇာတ်ကောင်နာမည်လေးကိုသာ ပရိသတ်များက ချစ်စနိုးခေါ်ကြပါတယ်။ သူမရဲ့ အပြင်မှာ နေထိုင်မှုပုံစံလေးက ရုပ်ရှင်ဇာတ်ကားမှာ မြင်ခဲ့တဲ့ ပုံစံနဲ့အင်မတန်မှ ကွာခြားပါတယ်။ သံသာမိုးသိမ့်က လူငယ်ဆန်ပြီး ပေါ့ပါးတဲ့ဖက်ရှင်အလန်းလေးများကို ဝတ်ဆင်တတ်ပြီး အချိုးကျတဲ့ ခန္ဓာကိုယ်အလှကြောင့် ဖက်ရှင်ကျသူလို့ပါ ဆိုနိုင်ပါတယ်။

ရုပ်ရှင်ဇာတ်လမ်းတွဲများကို ဆက်လက်ရိုက်ကူးဖြစ်နေတဲ့ သံသာမိုးသိမ့်က ပွဲအခမ်းအနားများကိုလည်း မကြာခဏတက်ရောက်လေ့ရှိပါတယ်။ ပြုံးလိုက်ရင် အလွန်လှတဲ့ သံသာမိုးသိမ့်ကို ချစ်စရာကောင်းတဲ့ အပြုအမူလေးများနဲ့ မြင်တွေ့ရပါတယ်။ အဖြူရောင် ဖက်ရှင်လေးကို စမတ်ကျစွာ ဝတ်ဆင်ထားပြီး လှပနေတာကိုလည်း တွေ့ရပါတယ်။

‘ကျွန်မက မဟေသီ’ ဇာတ်လမ်းတွဲမှာ သံသာမိုးသိမ့်က သရုပ်ဆောင်ချက် ဟန်ပန်အပြုအမူများက ကာရိုက်တာနဲ့အံဝင်ခွင်ကျဖြစ်တာကြောင့် သရုပ်ဆောင်အလွန်ကောင်းတဲ့ အနုပညာရှင်တစ်ဦးဆိုပြီး ချီးကျူးလေးစားမှုကို ပရိသတ်များဆီကသာမက အနုပညာရှင်များဆီကပါ ရရှိခဲ့ပါတယ်။ ထပ်မံပြီး  “အချစ်ဖွဲ့လေညှင်းလေး” ဇာတ်လမ်းသစ်လေးကိုလည်း ရိုက်ကူးနေပြီဖြစ်ပါတယ်။

Source : Than Thar Moe Theint Facebook

Comment here