Celebrity

အပြင်းစားအကြည့်နဲ့ အပြင်းစားလန်းနေတဲ့ ပက်ထရစ်ရှာ

Zawgyi Font:


Photo : Aung Ye Linn


Photo : Sue Sha Naing


Photo : Sue Sha Naing

Photo : Sue Sha Naing


Photo : Sue Sha Naing


 

Zawgyi Font:

တဖြည်းဖြည်းနဲ့ လူငယ်ပရိသတ်များကြားမှာ ရေပန်းစားလာခဲ့တဲ့ မော်ဒယ်လ်နဲ့ သရုပ်ဆောင် ပက်ထရစ်ရှာဟာ ပရိသတ်များ မျက်လုံးပြူးသွားစေမယ့် ရေချိုးကန်အထက်က အလှပုံရိပ်များကို မျှဝေလာတာကြောင့် ပုရိသပရိသတ်များကြား အလွန်နာမည်ကျော်လာခဲ့ပါတယ်။

အလှဓာတ်ပုံလေးများကို ပရိသတ်များနဲ့ ရင်းနှီးမှု ပျက်မသွားအောင် အမြဲတမ်းမျှဝေပေးတတ်တဲ့ ပက်ထရစ်ရှာက အခုလည်း အထာကျတဲ့ ဖက်ရှင်လေးနဲ့ အပြင်းစား အကြည့်များနဲ့ ညှို့အားပြင်းလွန်းတဲ့ ပုံရိပ်လေးများကို မျှဝေခဲ့ပြန်ပါတယ်။ ခပ်လန်းလန်းပို့စ်လေးကို ပေးကာ အထာကျကျ အကြည့်များကြောင့် ဓာတ်ပုံမှာ သူမရဲ့အလှပုံရိပ်က ဆွဲဆောင်မှုအပြည့်ရှိခဲ့ပါတယ်။

ပက်ထရစ်ရှာက “𝘐 𝘭𝘪𝘦 𝘧𝘰𝘳 𝘺𝘰𝘶, 𝘣𝘢𝘣𝘺 𝘐 𝘥𝘪𝘦 𝘧𝘰𝘳 𝘺𝘰𝘶, 𝘣𝘢𝘣𝘺 𝘊𝘳𝘺 𝘧𝘰𝘳 𝘺𝘰𝘶, 𝘣𝘢𝘣𝘺 𝘉𝘶𝘵 𝘵𝘦𝘭𝘭 𝘮𝘦 𝘸𝘩𝘢𝘵 𝘺𝘰𝘶’𝘷𝘦 𝘥𝘰𝘯𝘦 𝘧𝘰𝘳 𝘮𝘦” ဆိုတဲ့ အချစ်စာသားလေးနဲ့ ပုံလေးများကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

အနောက်တိုင်းမျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ပက်တရစ်ရှာဟာ ခန္ဓာကိုယ်အချိုးအဆစ်လှပသူတစ်ဦး ဖြစ်ပြီး မော်လ်ဒယ်နဲ့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်သူတစ်ဦး ဖြစ်ပါတယ်။ ဘယ်လိုဖက်ရှင်မျိုးပဲ ဝတ်ဝတ် အထာကျတာကြောင့် ဖက်ရှင်စမတ်ကျတဲ့ အနုပညာရှင်အဖြစ် မိန်းကလေးပရိသတ်များက စောင့်ကြည့်အားပေးကြပါတယ်။ မိန်းကလေးပရိသတ်များနဲ့အမျိုးသား ပရိသတ်များကပါ အားပေးလက်ခံတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

Source : Sue Sha Naing Facebook

Comment here