Celebrity

ယဥ္လြန္းတဲ့ မ်က္ႏွာေလးကို အနီးကပ္ခ်ျပလိုက္တဲ့ ပိုးၾကာျဖဴခင္

Zawgyi Font:

ရိုးရွင္းတဲ့ မ်က္ႏွာေပါက္ေလးေၾကာင့္ ပရိသတ္မ်ားရဲ႕စိတ္၀င္စားမႈကို ရရွိလာတဲ့ ပိုးၾကာျဖဴခင္က သရုပ္ေဆာင္စြမ္းရည္ပါ တိုးတက္ေကာင္းမြန္တာေၾကာင့္ ပရိသတ္မ်ားရဲ႕တခဲနက္အားေပးမႈမ်ားကို ရရွိလာတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ရုပ္သံဇာတ္လမ္းတြဲမ်ားကို မ်ားစြာ ရိုက္ကူးလာရတာေၾကာင့္ MRTV 4 ရုပ္သံလိုင္းမွာ သူမကို စဥ္ဆက္မျပတ္ အားေပးရဦးမွာပါ။

Photo : Poe Kyar Phyu Khin

Photo : Poe Kyar Phyu Khin

ပိုးၾကာျဖဴခင္က သူမရဲ႕ေန႕စဥ္လႈပ္ရွားမႈေလးမ်ားကို လူမႈကြန္ယက္ေပၚမွာ မွ်ေ၀ေပးေလ့ရွိတာေၾကာင့္ သူမကို ခ်စ္ၾကတဲ့ ပရိသတ္မ်ားက အျမဲတမ္း ေစာင့္ၾကည့္အားေပးေနခဲ့ပါတယ္။ တေန႕တျခား ခ်စ္ဖုိ႕ေကာင္းလာတဲ့ ပိုးၾကာျဖဴခင္က မိုးေအးေအးေလးမွာ အမဲေရာင္အကၤ်ီလက္ရွည္ေလးနဲ႕ လြန္စြာ လွပေနတာကို ျမင္ေတြ႕ရပါတယ္။

“မိုးေအးေအးေလးနဲ႔ လြမ္း 🖤” ဆိုၿပီး သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားကာ လွလြန္းေနတဲ့ အနီးကပ္ပံုေလးမ်ားကို ခ်ျပခဲ့ပါတယ္။

Photo : Poe Kyar Phyu Khin

Photo : Poe Kyar Phyu Khin

MRTV 4 ရုပ္သံလိုင္းမွာ ထုတ္လႊင့္ျပသခဲ့တဲ့ “ၾကယ္ကေလးရဲ႕ေကာင္းကင္” ျမန္မာဇာတ္လမ္းတြဲထဲမွာ ပိုးၾကာျဖဴခင္က ခ်စ္ပန္းအိမ္အျဖစ္ သရုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ ပိုးၾကာျဖဴခင္ဟာ ရႈတင္နားတဲ့အခ်ိန္မ်ားမွာ ပြဲအခမ္းအနားမ်ားကို တက္ေရာက္ေနတာ ေတြ႕ရပါတယ္။ Photo Shooting မ်ားကို လက္ခံရိုက္ကူးေပးေနၿပီး သီခ်င္းမ်ားအတြက္ MTV မ်ားလည္း ရိုက္ကူးေပးေနပါတယ္။

Photo : Poe Kyar Phyu Khin

Photo : Poe Kyar Phyu Khin

Source : Poe Kyar Phyu Khin Facebook

 

Unicode Font:

ရိုးရှင်းတဲ့ မျက်နှာပေါက်လေးကြောင့် ပရိသတ်များရဲ့စိတ်ဝင်စားမှုကို ရရှိလာတဲ့ ပိုးကြာဖြူခင်က သရုပ်ဆောင်စွမ်းရည်ပါ တိုးတက်ကောင်းမွန်တာကြောင့် ပရိသတ်များရဲ့တခဲနက်အားပေးမှုများကို ရရှိလာတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ရုပ်သံဇာတ်လမ်းတွဲများကို များစွာ ရိုက်ကူးလာရတာကြောင့် MRTV 4 ရုပ်သံလိုင်းမှာ သူမကို စဉ်ဆက်မပြတ် အားပေးရဦးမှာပါ။

ပိုးကြာဖြူခင်က သူမရဲ့နေ့စဉ်လှုပ်ရှားမှုလေးများကို လူမှုကွန်ယက်ပေါ်မှာ မျှဝေပေးလေ့ရှိတာကြောင့် သူမကို ချစ်ကြတဲ့ ပရိသတ်များက အမြဲတမ်း စောင့်ကြည့်အားပေးနေခဲ့ပါတယ်။ တနေ့တခြား ချစ်ဖို့ကောင်းလာတဲ့ ပိုးကြာဖြူခင်က မိုးအေးအေးလေးမှာ အမဲရောင်အင်္ကျီလက်ရှည်လေးနဲ့ လွန်စွာ လှပနေတာကို မြင်တွေ့ရပါတယ်။

“မိုးအေးအေးလေးနဲ့ လွမ်း 🖤” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားကာ လှလွန်းနေတဲ့ အနီးကပ်ပုံလေးများကို ချပြခဲ့ပါတယ်။

MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ “ကြယ်ကလေးရဲ့ကောင်းကင်” မြန်မာဇာတ်လမ်းတွဲထဲမှာ ပိုးကြာဖြူခင်က ချစ်ပန်းအိမ်အဖြစ် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ဟာ ရှုတင်နားတဲ့အချိန်များမှာ ပွဲအခမ်းအနားများကို တက်ရောက်နေတာ တွေ့ရပါတယ်။ Photo Shooting များကို လက်ခံရိုက်ကူးပေးနေပြီး သီချင်းများအတွက် MTV များလည်း ရိုက်ကူးပေးနေပါတယ်။

Source : Poe Kyar Phyu Khin Facebook

Comment here