Celebrity

နှစ်ခါပြန် ငေးရလောက်အောင် ဆွဲဆောင်လွန်းအားကြီးနေတဲ့ ၀ါဆိုမိုးဦးရဲ့ ပုံလေးတစ်ပုံ

Zawgyi Font:


Photo : Warso Moe Oo


Photo : Warso Moe Oo



Photo : Warso Moe Oo


Photo : Paing Thaw


 

Unicode Font:

ခန္ဓာကိုယ်တောင့်တင်းလှပပြီး အရှေ့တောင် အာရှဆန်တဲ့ မျက်နှာမျိုးကို ပိုင်ဆိုင်ထားတဲ့ ဝါဆိုမိုးဦးကို ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း သူမရဲ့ဟန်ပန်အပြုအမူလေးများက ပရိသတ်များကို အားပေးချစ်ခင်စေခဲ့ပါတယ်။ အနုပညာအလုပ်များကို ဆက်လက်လုပ်ကိုင်ဖြစ်နေတဲ့ ဝါဆိုမိုးဦးဟာ photo shooting များကိုလည်း ရံဖန်ရံခါ ပြုလုပ်နေရတာ ဖြစ်ပါတယ်။

မော်ဒယ်လ်ပိုင်းမှာပါ နာမည်ရသူအဖြစ် အောင်မြင်လာခဲ့တဲ့ ဝါဆိုဟာ သရုပ်ဆောင်တဲ့အခါများမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်သလို ဓာတ်ပုံရိုက်ကူးတဲ့အခါမှာလည်း mood အပြည့်နဲ့ ရိုက်ကူးလေ့ရှိတာကြောင့် သူမရဲ့အလှပုံရိပ်တိုင်းဟာ အသက်ဝင်စေခဲ့ပါတယ်။ အဓိကအားဖြင့် သူမရဲ့မျက်လုံးများပဲ ဖြစ်တယ်လို့ ပရိသတ်များက လက်ခံခဲ့ကြပါတယ်။

အခုလည်း ဝါဆိုက မြင်သူတိုင်း ရူးခါသွားစေမယ့် ပုံလေးတစ်ပုံကို တင်လိုက်ပါတယ်။

“မင်းကို တမ်းတ လွမ်းနေ ခဲ့ရတဲ့အခါ 😌 အလွမ်းများနဲ့ နင့်ရဲ့အဝေးမှာ ငါတစ်ယောက်ထဲပါ” ဆိုပြီး အရမ်းမိုက်တဲ့ ပုံလေးကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။ ဝါဆိုရဲ့ photo post လေးအောက်မှာ ပရိသတ်များ အလုအယက်မှတ်ချက်များ ပေးခဲ့ကြပြီး မိန်းကလေးချင်းတောင် ကြွေနေကြပါတယ်။

ဝါဆိုဟာ အချစ်ရေးမှာလည်း ကံကောင်းတဲ့သူလေး ဖြစ်ပါတယ်။ လူငယ်များကြား ရေပန်းစားနေတဲ့ အနုပညာရှင်စုံတွဲများထဲက တစ်တွဲဖြစ်တဲ့ အဆိုတော် ဖြိုးလေးနဲ့ သရုပ်ဆောင်- အဆိုတော် ဝါဆိုမိုးဦးတို့အတွဲလေးက သူတို့ရဲ့အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုကိုယ်စီ ရရှိထားကြတဲ့ သူများလည်း ဖြစ်ပါတယ်။ ချစ်သူသက်တမ်း (၃) နှစ်ကျော် (၄) နှစ်နီးပါး ရှိပြီဖြစ်တဲ့ သူတို့အတွဲလေးက တစ်ဦးနဲ့တစ်ဦး surprise လုပ်ရတာ ကြိုက်တယ်လို့သိရပါတယ်။

Source :  Warso Moe Oo Facebook

Comment here