Hot News

ၾသဂုတ္လ (၁၃) ရက္ေန႕မွ (၁၇) ရက္ေန႕အတြင္း သတိထားရမယ့္ ရာသီဥတုသတိေပးခ်က္

Zawgyi Font:

ျမန္မာျပည္အႏွံ႕အျပားမွာ မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ေတာင္ၿပိဳက်မႈမ်ား၊ ေရၾကီးေရလွ်ံမႈမ်ားနဲ႕ လူေသလူေပ်ာက္မ်ားေနခဲ့ၿပီး ယေန႕တုိင္ ရာသီဥတုက ဆိုးရြားဆဲပဲ ျဖစ္ပါတယ္။ အခုဆုိရင္ ေရေဘးသင့္ျပည္သူမ်ားစြာ ရွိေနခဲ့ၿပီး ကယ္ဆယ္သူမ်ားကလည္း အေရးေပၚကယ္ယူေနၾကပါတယ္။

Photo : Lwin Mg

သို႕ေပမယ့္ ရာသီဥတုအေျခအေနဆုိးရြားမႈမ်ားက ရပ္တန္႕ေနမွာမဟုတ္ဘဲ ဆက္လက္ဆုိးရြားဦးမယ္ျဖစ္တယ္လုိ႕ မိုးေလ၀သပညာရွင္မ်ားကလည္း ၾကိဳတင္သတိေပးႏႈိးေဆာ္မႈမ်ား လုပ္ေပးေနၾကပါတယ္။ ျပည္သူမ်ားအားလံုးကလည္း မိုးေလ၀သသတင္းမ်ားကို မ်က္ေျခမပ်က္ ေစာင့္ၾကည့္ေနၾကၿပီး သတိထားေနၾကပါတယ္။

Photo : Lwin Mg

ထပ္မံၿပီး ထြက္ရွိလာတဲ့ မိုးေလ၀သသတင္းအသစ္ကေတာ့ ၾသဂုတ္လ (၁၃) ရက္ေန႕ကေန (၁၇) ရက္ေန႕အတြင္း သတိထားရမယ့္ ရာသီဥတုသတိေပးခ်က္ပဲ ျဖစ္ပါတယ္။

“သတိေပးျခင္း (ေျခာက္လွန္႔ျခင္းမဟုတ္ပါ) ၂၀၁၉ ဩဂုတ္လ ၁၃ရက္ေန႔မွ ၁၇ရက္ေန႔အတြင္း သထုံ ဘီးလင္း က်ိဳက္ထို ေညာင္ေလးပင္ ေဒသမ်ား ရြာသြန္းျမဲပ်မ္းမ်ွမိုးေရခ်ိန္ထက္ ၁လက္မေက်ာ္(တစ္ရက္လ်ွင္) ပိုမိုရြာသြန္းႏိုင္ၿပီး ဖားအံ ေနာင္လုံ ေဒၚလမ္း ေရပူ ပိုင္က်ံ လိႈင္းဘြဲ႔ ၿမိဳင္ႀကီးငူ ေရႊဂြန္း ကမေမာင္း ယင္းပိုင္ ေဒသမ်ားသည္ ရြာသြန္းျမဲ ပ်မ္းမ်ွမိုးေရခ်ိန္ထက္ ၂လက္မေက်ာ္(တစ္ရက္လ်ွင္) ပိုမိုရြာသြန္းႏိုင္ပါတယ္ လက္ရိွစိုးရိမ္ေရမွတ္ရိွေဒသမ်ားအတြက္ အထူးသတိထားၾကဖို႔ ေမတၱာျဖင့္မ်ွေဝလိုက္ပါတယ္…. 12/08/2019 at 4:24pm (MMT) SU SU SAN” ဆုိၿပီး Su Su San ဆုိတဲ့ အေကာင့္ပိုင္ရွင္က ေရးသားမွ်ေ၀ေပးခဲ့တာ ျဖစ္ပါတယ္။

Photo : Su Su San

ေရေဘးသင့္ေနၾကေသာ ၿမိဳ႕မ်ားက ျပည္သူမ်ားအတြက္ ျပည္သူလူထုအားလံုးက စိတ္မေကာင္းျဖစ္ေနၾကသလို ေမတၱာမ်ားလည္း ပို႕သေနခဲ့ၾကပါတယ္။ ျပည္သူမ်ားသာမက အႏုပညာရွင္မ်ားကလည္း ၀ိုင္း၀န္းဆုေတာင္းေနၾကၿပီး ေရေဘးအလွဴအတြက္လည္း အလွဴေငြမ်ား မတည္ေပးေနၾကပါတယ္။

 

Source : Su Su San Facebook

 

Unicode Font:

မြန်မာပြည်အနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုကျမှုများ၊ ရေကြီးရေလျှံမှုများနဲ့ လူသေလူပျောက်များနေခဲ့ပြီး ယနေ့တိုင် ရာသီဥတုက ဆိုးရွားဆဲပဲ ဖြစ်ပါတယ်။ အခုဆိုရင် ရေဘေးသင့်ပြည်သူများစွာ ရှိနေခဲ့ပြီး ကယ်ဆယ်သူများကလည်း အရေးပေါ်ကယ်ယူနေကြပါတယ်။

သို့ပေမယ့် ရာသီဥတုအခြေအနေဆိုးရွားမှုများက ရပ်တန့်နေမှာမဟုတ်ဘဲ ဆက်လက်ဆိုးရွားဦးမယ်ဖြစ်တယ်လို့ မိုးလေဝသပညာရှင်များကလည်း ကြိုတင်သတိပေးနှိုးဆော်မှုများ လုပ်ပေးနေကြပါတယ်။ ပြည်သူများအားလုံးကလည်း မိုးလေဝသသတင်းများကို မျက်ခြေမပျက် စောင့်ကြည့်နေကြပြီး သတိထားနေကြပါတယ်။

ထပ်မံပြီး ထွက်ရှိလာတဲ့ မိုးလေဝသသတင်းအသစ်ကတော့ သြဂုတ်လ (၁၃) ရက်နေ့ကနေ (၁၇) ရက်နေ့အတွင်း သတိထားရမယ့် ရာသီဥတုသတိပေးချက်ပဲ ဖြစ်ပါတယ်။

“သတိပေးခြင်း (ခြောက်လှန့်ခြင်းမဟုတ်ပါ) ၂၀၁၉ ဩဂုတ်လ ၁၃ရက်နေ့မှ ၁၇ရက်နေ့အတွင်း သထုံ ဘီးလင်း ကျိုက်ထို ညောင်လေးပင် ဒေသများ ရွာသွန်းမြဲပျမ်းမျှမိုးရေချိန်ထက် ၁လက်မကျော်(တစ်ရက်လျှင်) ပိုမိုရွာသွန်းနိုင်ပြီး ဖားအံ နောင်လုံ ဒေါ်လမ်း ရေပူ ပိုင်ကျံ လှိုင်းဘွဲ့ မြိုင်ကြီးငူ ရွှေဂွန်း ကမမောင်း ယင်းပိုင် ဒေသများသည် ရွာသွန်းမြဲ ပျမ်းမျှမိုးရေချိန်ထက် ၂လက်မကျော်(တစ်ရက်လျှင်) ပိုမိုရွာသွန်းနိုင်ပါတယ် လက်ရှိစိုးရိမ်ရေမှတ်ရှိဒေသများအတွက် အထူးသတိထားကြဖို့ မေတ္တာဖြင့်မျှဝေလိုက်ပါတယ်…. 12/08/2019 at 4:24pm (MMT) SU SU SAN” ဆိုပြီး Su Su San ဆိုတဲ့ အကောင့်ပိုင်ရှင်က ရေးသားမျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

ရေဘေးသင့်နေကြသော မြို့များက ပြည်သူများအတွက် ပြည်သူလူထုအားလုံးက စိတ်မကောင်းဖြစ်နေကြသလို မေတ္တာများလည်း ပို့သနေခဲ့ကြပါတယ်။ ပြည်သူများသာမက အနုပညာရှင်များကလည်း ဝိုင်းဝန်းဆုတောင်းနေကြပြီး ရေဘေးအလှူအတွက်လည်း အလှူငွေများ မတည်ပေးနေကြပါတယ်။

Source : Su Su San Facebook

Comment here