Celebrity

ဘန်ကောက်မြို့ရဲ့ အရသာရှိတဲ့ သရေစာမုန့်တွေ စားရင်း သဘောတွေ အရမ်းကျနေတဲ့ ဟန်နာယူရီ

Zawgyi Font:


Photo : Hannayuri

Photo : Hannayuri


Photo : Hannayuri

Photo : Hannayuri


Photo : Hannayuri

Photo : Hannayuri

Photo : Hannayuri


 

Unicode Font:

အနုပညာအလုပ်များကို ဆက်တိုက်လုပ်ဖြစ်လာတဲ့ ဟန်နာယူရီက အခုနောက်ပိုင်းမှာ ကြေငြာများစွာကို လက်ခံရိုက်ကူးနေခဲ့ပြီး ပြည်ပခရီးများထွက်ပြီးတော့တောင် ကြေငြာရှုတင်များ ပြုလုပ်လာရပါတယ်။ လက်ရှိမှာ Ri က အလုပ်ကိစ္စအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလုပ်ကိစ္စအတွက် ရောက်ရှိနေခဲ့ပြီး အလုပ်များပြီးသွားရင်တော့ ဘန်ကောက်မြို့ကို လည်ပတ်ဖြစ်နေခဲ့ပါတယ်။

Ri က ဘန်ကောက်မြို့ရဲ့ ကိတ်မုန့်ဆိုင်လေးကို ရောက်ရှိနေခဲ့ပြီး အရသာရှိတဲ့ အစားအသောက်လေးများကို စားရင်း ပျော်ရွှင်နေခဲ့ပါတယ်။ “Happy for you 🥰” ဆိုတဲ့ စတေးတပ်လေးနဲ့ လိုက်ဖက်အောင် အစားအသောက်စားရင် ပျော်ရွှင်နေတတ်တဲ့ ပုံလေးများကိုပါ သူမရဲ့လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့ပါတယ်။

မိတ်ကပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဇာတ်လမ်းများအတွက် ပြင်ဆင်ပေးရတဲ့ လုပ်ငန်းများကိုလည်း တစ်ဖက်လုပ်ကိုင်နေရသလို မိတ်ကပ်သင်တန်းလေးကိုလည်း အောင်မြင်စွာ ဖွင့်လှစ်ထားသူလေး ဖြစ်ပါတယ်။ အရမ်းချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ဖြူဝင်းတဲ့ အသားအရေလေးကြောင့် သူမကို ကိုရီးယားမလေးလို့တောင် ချစ်စနိုးခေါ်ကြပါတယ်။

Source :  Hannayuri Facebook

Comment here