Celebrity

မိုးမျှော်ရေကန်ကြီးပေါ်မှာ ရေစိမ်ရင်း ဟန်ကျနေတဲ့ ဟန်နာယူရီ

Zawgyi Font:


Photo : Hannayuri


Photo : Hannayuri


Photo : Hannayuri


Photo : Hannayuri


 

Unicode Font:

လက်ရှိမှာ Ri က အလုပ်ကိစ္စအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေခဲ့ပြီး အလုပ်များ ပြီးသွားပြီဖြစ်လို့ Ri တစ်ယောက် လှပတဲ့ ရှုခင်းကြီးများကို ငေးရင်း ရေကူးလို့ရတဲ့ အရမ်းမိုက်တဲ့ ရေကူးကန်ကြီးမှာ အနားယူနေခဲ့ပါတယ်။

ကျပ်ကျပ်တည်းတည်းနဲ့ ဝတ်ဆင်ထားတဲ့ ရေကူးဝတ်စုံအလန်းလေးကြောင့် Ri ရဲ့ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်လေးကို ထင်းနေအောင် ပေါ်လွင်နေခဲ့ပြီး အရမ်းမိုက်တဲ့ ပို့စ်တွေနဲ့လည်း အထာကျနေခဲ့ပါတယ်။

Ri က “Ri on vacation 💦” ဆိုတဲ့ စတေးတပ်လေးနဲ့ ရေစိုနေတာတောင် အလှမပျက်တဲ့ အနီးကပ်ပုံလေးများကို သူမရဲ့လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့ပါတယ်။ ဒီလိုမျိုး အရမ်းလန်းတဲ့ ပုံလေးနဲ့ မတွေ့ဖြစ်တာကြောင့် ပရိသတ်များ အံ့အားသင့်နေကြပြီး သဘောကျနှစ်သက်ခဲ့ကြပါတယ်။

ဟန်နာယူရီက အခုနောက်ပိုင်းမှာ သီချင်း MTV လေးများကိုလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ အနုပညာလုပ်ငန်းများကို တက်ကြွစွာ ကြိုးစားလွန်းတဲ့ ဟန်နာယူရီဟာ အလှအပရေးရာသင်တန်းလေးကို ဖွင့်ထားတဲ့ မိတ်ကပ်ဆရာမလေးပါ။ လှပလွန်းတဲ့ မျက်နှာလေးနဲ့လိုက်ဖက်လှတဲ့ အပြုံးချိုလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပုရိသကောင်လေးများအပြင် မိန်းကလေးထုကြီးကလည်း သဘောကျအားပေးခဲ့ပါတယ်။

Source :  Hannayuri Facebook

Comment here