Hot News

တောင်ပြိုကျမှုမှာ သူတစ်ယောက်ထဲလုပ်တယ်ဆိုပြီး ၀င်ဖောတဲ့ “နှမ်းဖြူး” ဆိုပြီး အနုပညာရှင်တစ်ဦးကို ဒဲ့ဆော်လိုက်တဲ့ ပရဟိတသမားတစ်ဦး

Zawgyi Font:


Photo : Lwin Mg

Photo : Lwin Mg


Photo : Lwin Mg

Photo : Lwin Mg



Photo : Lwin Mg


Photo : Lwin Mg

Photo : Lwin Mg


 

Unicode Font:

မြန်မာပြည်အနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုကျမှုများ၊ ရေကြီးရေလျှံမှုများနဲ့ လူသေလူပျောက်များနေခဲ့ပြီး ယနေ့တိုင် ရာသီဥတုက ဆိုးရွားဆဲပဲ ဖြစ်ပါတယ်။ အခုဆိုရင် ရေဘေးသင့်ပြည်သူများစွာ ရှိနေခဲ့ပြီး ကယ်ဆယ်သူများကလည်း အရေးပေါ်ကယ်ယူနေကြပါတယ်။

ဒီအတွက် ပြည်သူလူထုအားလုံးက စိတ်မကောင်းဖြစ်နေကြသလို မေတ္တာများလည်း ပို့သနေခဲ့ကြပါတယ်။ အနုပညာရှင်များကလည်း ဝိုင်းဝန်းဆုတောင်းနေကြပြီး ရေဘေးအလှူအတွက်လည်း အလှူငွေများ မတည်ပေးခဲ့ကြပါတယ်။ ဝေဠုကျော်တို့အဖွဲ့ကတော့ ရေဘေးသင့်ပြည်သူများဆီ ရောက်ရှိနေခဲ့ပြီး ဝိုင်းဝန်းကူညီနေကြပါတယ်။

မွန်ပြည်နယ် ပေါင်မြို့မှာ တောင်ပြိုကျမှုအတွက် ဝိုင်းဝန်းကူညီပေးနေကြတဲ့အထဲက ပရဟိတသမားတစ်ဦးက အနုပညာရှင်တစ်ဦးကို “နှမ်းဖြူး” ဆိုပြီး ဒဲ့ဆော်လိုက်ပါတယ်။

“စောက်သည်းပေါက်တယ်.. မနေ့က ‘နှမ်းဖြူး’ ‘ ဖြစ်စဉ်နေရာလာတယ်.. သစ်ပင်ဖြတ်စက် ခဏတောင်းတယ် ပေးလိုက်တယ် ဓာတ်ပုံရိုက်တယ်… ပြန်ပေးတယ်…အလောင်းထွက်လာတယ်.. အဖွဲ့တွေသယ်လာကြတယ်..ခဏဝင်ကိုင်ပြီး ဓာတ်ပုံရိုက်တယ်…ပြီးတော့ သူများတွေ ဆက်သယ်ကြတယ်..ပြီးတော့ပျောက်သွားတယ် အကြီးကဲလူကြီးတွေလာတယ်… ဝင်ဖောတယ် ဝင်ယောင်တယ်..ကျွန်တော်တို့ အဖွဲ့တွေနဲ့ မီးသတ်ရှာဖွေကယ်ဆယ်တို့ ပူးပေါင်း ထုတ်ယူခဲ့တဲ့ အလောင်းတွေကို အားလုံးသူထုတ်ယူတယ်ပေါ့..သူ တယောက်ထဲလုပ်တယ်ပေါ့.. တယောက်ထဲလုပ်လို့ရမယ်ထင်ရင်လာလုပ်ကြည့်ပါ…မီးသတ်တပ်ဖွဲ့၊YRO၊တပ်မတော်သား အားလုံး ၁၀၀ ကျော်ရှိတယ်..ကျွန်တော်တို့အားလုံးဖယ်ပေးပါမယ် ရူးတောင်ရူးသွားအုံးမယ်.. 🖕 ရှက်တတ်ဖို့ကောင်းပါတယ်..😄⭐LM” ဆိုပြီး Lwin Mg ဆိုတဲ့ အကောင့်ပိုင်ရှင်က သြဂုတ်လ (၁၁) ရက်နေ့ ညနေ (၄) နာရီ (၅၉) မိနစ်အချိန်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အချို့သော လူများရဲ့ မှတ်ချက်နဲ့ထင်မြင်ချက်အရ ဒီအကြောင်းအရာက သရုပ်ဆောင် ဝေဠုကျော်ကို ဦးတည်ရေးသားတာ ဖြစ်တယ်လို့ ထင်ကြေးများပေးကြပါတယ်။ ဝေဠုကျော်ရဲ့“နှမ်းဖြူး” မှုများကို လက်တွေ့ကြုံခဲ့ရတဲ့ အချို့သော သူများကလည်း ဝင်ရောက်မှတ်ချက်ပေးခဲ့ပါတယ်။

Source : Lwin Mg Facebook

Comment here