Celebrity

အလုပ်နဲ့ PERSONAL ကို မရောကြပါနဲ့လို့ တစ်စုံတစ်ခုကို ဦးတည်ပြီး ဆိုလာတဲ့ နေခြည်ဦး

Zawgyi Font:


Photo : Nay Chi Oo


Photo : Nay Chi Oo



Photo : Nay Chi Oo


Photo : Nay Chi Oo


 

Unicode Font:

လူငယ်ပရိသတ်များကြား ရေပန်းစားဂယက်ထနေတာကတော့ တရားဝင်ချပြထားတဲ့ နေခြည်ဦးရဲ့ အချစ်ရေးအကြောင်းပဲ ဖြစ်ပါတယ်။ အိုင်ဒေါစုံတွဲလေးအဖြစ် သတ်မှတ်ထားတဲ့ နေခြည်ဦးတို့အတွဲလေးက လမ်းခွဲလိုက်ပြီလို့ သိလိုက်ရတဲ့အခါမှာတော့ ပရိသတ်တွေ အံ့အားသင့်ခဲ့ကြပါတယ်။

အလုပ်များ အားလပ်တဲ့အချိန်တိုင်း ခရီးအတူသွားဖြစ်ကြတဲ့ နေခြည်ဦးတို့စုံတွဲလေးက ဇူလိုင်လအတွင်းပိုင်းမှာ အင်းလေးမှာ ဒိတ်လုပ်ဖြစ်ခဲ့ပြီး အေးအေးဆေးဆေးလေး တွေ့ဖြစ်နေတာပါ။ သို့ပေမယ့် နေခြည်ဦးက Rs ကနေ Single ဖြစ်ကြောင်း Facebook Intro မှာသာမက MyDay မှာပါ တရားဝင်ချပြခဲ့ပါတယ်။

 

နေခြည်ဦးက Single ဖြစ်ကြောင်း တရားဝင်ချပြပြီးနောက် MyDay မှာ တစ်စုံတစ်ခုကို ဦးတည်တဲ့ စကားလေးတစ်ခွန်းကို ဆိုခဲ့ပါတယ်။

“အလုပ်နဲ့ PERSONAL ကို မရောကြပါနဲ့” ဆိုပြီး ခံစားချက်ပါတဲ့ စာသားလေးကို MyDay  မှာ ရေးသားခဲ့ပါတယ်။

ရုတ်တရက် ပြောင်းလဲသွားကြတဲ့ နေခြည်ဦးရဲ့ ပြင်ဆင်ချက်အပေါ် ပရိသတ်များက အံ့အားသင့်နေကြပြီး ဘာအကြောင်းကြောင့်လဲ ဆိုတဲ့ မေးခွန်းများကတော့ ဆက်တိုက်ထွက်ရှိနေခဲ့ပါတယ်။ ဇီးကွက်ပရိသတ်ကြီးရော သူတို့နှစ်ဦး ဘာအကြောင်းကြောင့် လမ်းခွဲသွားလည်းဆိုတာ သိချင်နေပါသလား။

Source : Nay Chi Oo Facebook

Comment here