Celebrity

ခ်စ္သူနဲ႕ လမ္းခြဲလုိက္ၿပီျဖစ္ေၾကာင့္ မီးစိမ္းျပလုိက္တဲ့ ေနျခည္ဦး

Zawgyi Font:

အိုင္ေဒါစံုတြဲေလးအျဖစ္ ပရိသတ္အားလံုးက သတ္မွတ္ထားတဲ့ ေနျခည္ဦးတုိ႕အတြဲေလးက လမ္းခြဲလိုက္ၿပီလို႕ သိရပါတယ္။ ေနျခည္ဦးက သူမရဲ႕ခ်စ္သူေလးကို တရား၀င္ခ်ျပခဲ့ၿပီးေနာက္ ၾကည္ႏူးစရာေကာင္းတဲ့ ပံုရိပ္ေလးမ်ားကိုပါ ခ်ျပခဲ့ပါတယ္။

Photo : Nay Chi Oo

ေနျခည္ဦးက အႏုပညာခရီးလမ္းေၾကာင္းမွာ အေတာ္အတန္ေအာင္ျမင္ေနၿပီျဖစ္သလို တေန႕တျခား လွပလာတာေၾကာင့္ ပရိသတ္အားလံုးက ခ်ီးက်ဴးေနၾကရံုသာမက အခ်စ္ေရးေလးကလည္း စိုျပည္သာယာတာေၾကာင့္ မိန္းကေလးပရိသတ္မ်ားရဲ႕ အားက်မႈမ်ားကိုပါ ထပ္မံရရွိခဲ့ပါတယ္။

Photo : Nay Chi Oo

အလုပ္မ်ား အားလပ္တဲ့အခ်ိန္တုိင္း ခရီးအတူသြားျဖစ္ၾကတဲ့ ေနျခည္ဦးတို႕စံုတြဲေလးက ဇူလုိင္လအတြင္းပိုင္းမွာ အင္းေလးမွာ ဒိတ္လုပ္ျဖစ္ခဲ့ၿပီး ေအးေအးေဆးေဆးေလး ေတြ႕ျဖစ္ေနတာပါ။ သို႔ေပမယ့္ ေနျခည္ဦးက Rs ကေန Single ျဖစ္ေၾကာင္း Facebook Intro မွာသာမက MyDay မွာပါ တရား၀င္ခ်ျပခဲ့ပါတယ္။

Photo : Nay Chi Oo

ရုတ္တရက္ ေျပာင္းလဲသြားၾကတဲ့ ေနျခည္ဦးရဲ႕ ျပင္ဆင္ခ်က္အေပၚ ပရိသတ္မ်ားက အံ့အားသင့္ေနၾကၿပီး ဘာအေၾကာင္းေၾကာင့္လဲ ဆုိတဲ့ ေမးခြန္းမ်ားကေတာ့ ဆက္တုိက္ထြက္ရွိေနခဲ့ပါတယ္။ ဇီးကြက္ပရိသတ္ၾကီးေရာ သူတို႕ႏွစ္ဦး ဘာအေၾကာင္းေၾကာင့္ လမ္းခြဲသြားလည္းဆိုတာ သိခ်င္ေနပါသလား။

Photo : Nay Chi Oo

Source : Nay Chi Oo Facebook

 

Unicode Font:

အိုင်ဒေါစုံတွဲလေးအဖြစ် ပရိသတ်အားလုံးက သတ်မှတ်ထားတဲ့ နေခြည်ဦးတို့အတွဲလေးက လမ်းခွဲလိုက်ပြီလို့ သိရပါတယ်။ နေခြည်ဦးက သူမရဲ့ချစ်သူလေးကို တရားဝင်ချပြခဲ့ပြီးနောက် ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးများကိုပါ ချပြခဲ့ပါတယ်။

နေခြည်ဦးက အနုပညာခရီးလမ်းကြောင်းမှာ အတော်အတန်အောင်မြင်နေပြီဖြစ်သလို တနေ့တခြား လှပလာတာကြောင့် ပရိသတ်အားလုံးက ချီးကျူးနေကြရုံသာမက အချစ်ရေးလေးကလည်း စိုပြည်သာယာတာကြောင့် မိန်းကလေးပရိသတ်များရဲ့ အားကျမှုများကိုပါ ထပ်မံရရှိခဲ့ပါတယ်။

အလုပ်များ အားလပ်တဲ့အချိန်တိုင်း ခရီးအတူသွားဖြစ်ကြတဲ့ နေခြည်ဦးတို့စုံတွဲလေးက ဇူလိုင်လအတွင်းပိုင်းမှာ အင်းလေးမှာ ဒိတ်လုပ်ဖြစ်ခဲ့ပြီး အေးအေးဆေးဆေးလေး တွေ့ဖြစ်နေတာပါ။ သို့ပေမယ့် နေခြည်ဦးက Rs ကနေ Single ဖြစ်ကြောင်း Facebook Intro မှာသာမက MyDay မှာပါ တရားဝင်ချပြခဲ့ပါတယ်။

ရုတ်တရက် ပြောင်းလဲသွားကြတဲ့ နေခြည်ဦးရဲ့ ပြင်ဆင်ချက်အပေါ် ပရိသတ်များက အံ့အားသင့်နေကြပြီး ဘာအကြောင်းကြောင့်လဲ ဆိုတဲ့ မေးခွန်းများကတော့ ဆက်တိုက်ထွက်ရှိနေခဲ့ပါတယ်။ ဇီးကွက်ပရိသတ်ကြီးရော သူတို့နှစ်ဦး ဘာအကြောင်းကြောင့် လမ်းခွဲသွားလည်းဆိုတာ သိချင်နေပါသလား။

Source : Nay Chi Oo Facebook

Comment here