Celebrity

သားသားမီးမီးေလးေတြကို ထမင္းေကၽြးရင္း အေမပါ ဟ မိေနၿပီဆုိၿပီး သေဘာေတြက်ေနတဲ့ ခုိင္ႏွင္းေ၀

Zawgyi Font:

ခိုင္ႏွင္းေ၀ဟာ အခုဆုိရင္ သားေလး၊ သမီးေလးမ်ားရဲ႕မိခင္ျဖစ္ေနၿပီး အႏုပညာလုပ္ငန္းမ်ားကိုလည္း ၾကိဳးစားလုပ္ကိုင္ေနတာ ျဖစ္ပါတယ္။ ရႈတင္မသြားျဖစ္တဲ့ေန႕မွာေတာ့ သားသားမီးမီးေလးမ်ားဆီ လာျဖစ္ၿပီး ျပဳစုေစာင့္ေရွာက္ျဖစ္ပါတယ္။

Photo : Khine Hnin Wai

Photo : Khine Hnin Wai

အခုဆုိရင္ သားသားမီးမီးေလးေတြက တေန႕တျခား ဖြံ႕ၿဖိဳးလာၾကၿပီး ထမင္းလည္း စားေနၾကၿပီ ျဖစ္ပါတယ္။ ခုိင္ႏွင္းေ၀က သားသမီးေလးမ်ားကို ထမင္းေတြ ခြံ႕ေကၽြးေနၿပီး သူမကပါ ပါးစပ္ေတြ ဟႏွင့္ေနခဲ့တယ္လုိ႕ ၾကည္ႏူးစြာ ဆုိပါတယ္။

“ကေလးေတြ ထမင္းစားၿပီ ❤❤❤ ေမ့သားသမီးေလးေတြရဲ႕ တေန႔တျခား ဖြံ႕ထြားလာမႈေတြကို ၾကည့္ရင္း ဒီအေမေတာ့ လူျဖစ္ရက်ဳိးေတြ ပိုနပ္လာသလို ပီတိျဖစ္ရတယ္ ကေလးတို႔ရယ္ ❤ ေမ့သားသမီးေလးေတြ ဒီေမေမကို ဘယ္ေလာက္လႊမ္းမိုးႏိုင္သလဲဆို သူတို႔ေလးေတြ ပါးစပ္မဟေသးဖူး ဒီေမေမက ဟ ၿပီးေနပီ ❤❤”ဆုိၿပီး သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ထမင္းစားေနၾကတဲ့ သားသားမီးမီးေလးမ်ားရဲ႕ ပံုေလးမ်ားကို တင္ခဲ့ပါတယ္။

Photo : Khine Hnin Wai

Photo : Khine Hnin Wai

Photo : Khine Hnin Wai

ခိုင္ႏွင္းေ၀ကေတာ့ ကရင္ျပည္နယ္ လႈိင္းဘြဲ႕ၿမိဳ႕က ေရေဘးသင့္ျပည္သူမ်ားအတြက္ ရံပံုေငြ က်ပ္ငါးသိန္း မတည္ကာ တိုက္ရိုက္သြားလွဴမွာ ျဖစ္ပါတယ္။ ခိုင္ႏွင္းေ၀ရဲ႕ အလွဴေလးက ၾကားရသူတုိင္းကို ၀မ္းသာပီတိျဖစ္ေစၿပီး ေမတၱာမ်ား ျပန္လည္ပို႕သေပးခဲ့ၾကပါတယ္။

Photo : Khine Hnin Wai

Photo : Khine Hnin Wai

Photo : Khine Hnin Wai

ဇီးကြက္ပရိသတ္ၾကီးလည္း ခိုင္ႏွင္းေ၀ရဲ႕ အလွဴမွာ ပါ၀င္ခ်င္ရင္ ခုိင္ႏွင္းေ၀ရဲ႕ fb messenger ႏွင့္ အသင္းဖုန္းမ်ားကို ဆက္သြယ္လွဴဒါန္းႏိုင္ပါတယ္ေနာ္။

Photo : Khine Hnin Wai

Source : Khine Hnin Wai Facebook

 

Unicode Font:

ခိုင်နှင်းဝေဟာ အခုဆိုရင် သားလေး၊ သမီးလေးများရဲ့မိခင်ဖြစ်နေပြီး အနုပညာလုပ်ငန်းများကိုလည်း ကြိုးစားလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ရှုတင်မသွားဖြစ်တဲ့နေ့မှာတော့ သားသားမီးမီးလေးများဆီ လာဖြစ်ပြီး ပြုစုစောင့်ရှောက်ဖြစ်ပါတယ်။

အခုဆိုရင် သားသားမီးမီးလေးတွေက တနေ့တခြား ဖွံ့ဖြိုးလာကြပြီး ထမင်းလည်း စားနေကြပြီ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက သားသမီးလေးများကို ထမင်းတွေ ခွံ့ကျွေးနေပြီး သူမကပါ ပါးစပ်တွေ ဟနှင့်နေခဲ့တယ်လို့ ကြည်နူးစွာ ဆိုပါတယ်။

“ကလေးတွေ ထမင်းစားပြီ ❤❤❤ မေ့သားသမီးလေးတွေရဲ့ တနေ့တခြား ဖွံ့ထွားလာမှုတွေကို ကြည့်ရင်း ဒီအမေတော့ လူဖြစ်ရကျိုးတွေ ပိုနပ်လာသလို ပီတိဖြစ်ရတယ် ကလေးတို့ရယ် ❤ မေ့သားသမီးလေးတွေ ဒီမေမေကို ဘယ်လောက်လွှမ်းမိုးနိုင်သလဲဆို သူတို့လေးတွေ ပါးစပ်မဟသေးဖူး ဒီမေမေက ဟ ပြီးနေပီ ❤❤”ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ထမင်းစားနေကြတဲ့ သားသားမီးမီးလေးများရဲ့ ပုံလေးများကို တင်ခဲ့ပါတယ်။

ခိုင်နှင်းဝေကတော့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့က ရေဘေးသင့်ပြည်သူများအတွက် ရံပုံငွေ ကျပ်ငါးသိန်း မတည်ကာ တိုက်ရိုက်သွားလှူမှာ ဖြစ်ပါတယ်။ ခိုင်နှင်းဝေရဲ့ အလှူလေးက ကြားရသူတိုင်းကို ဝမ်းသာပီတိဖြစ်စေပြီး မေတ္တာများ ပြန်လည်ပို့သပေးခဲ့ကြပါတယ်။

ဇီးကွက်ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ အလှူမှာ ပါဝင်ချင်ရင် ခိုင်နှင်းဝေရဲ့ fb messenger နှင့် အသင်းဖုန်းများကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်နော်။

Source : Khine Hnin Wai Facebook

Comment here