Celebrity

ထခုန်မတက် လန့်သွားစေမယ့် ပြောင်းလဲသွားတဲ့ မျက်နှာကို ချပြလိုက်တဲ့ ခိုင်နှင်းဝေ

Zawgyi Font:


Photo : Khine Hnin Wai


Photo : Khine Hnin Wai

Photo : Khine Hnin Wai


Photo : Khine Hnin Wai

Photo : Khine Hnin Wai


 

Unicode Font:

ခိုင်နှင်းဝေက မြန်မာပြည်မှာ လေးစားရဆုံးနဲ့ ချီးကျူးစရာအကောင်းဆုံး အနုပညာရှင်တစ်ဦးလို့ ဆိုလို့ရပါတယ်။ ပရဟိတလုပ်ငန်းများနဲ့ သားသမီးလေးများကို ကျွေးမွေးပြုစုနေတဲ့ လုံခြုံနွေးထွေးတဲ့ လက်တစ်စုံဖြစ်တာကြောင့် ပြည်သူအားလုံးက ချီးကျူးလေးစားကြပါတယ်။ အနုပညာအလုပ်များကိုပါ တစ်ဖက် လုပ်ကိုင်နေတာကြောင့် သူမဆီမှာ အလုပ်များနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

ခိုင်နှင်းဝေက ရုပ်ရှင်တစ်ခုအတွက် ရှုတင်ရိုက်ကူးနေရတာဖြစ်ပြီး ပရိသတ်များ လုံးဝမမှတ်မိသွားတဲ့ ပုံလေးများကိုလည်း ရှုတင်မှာ နားနေစဉ်က ချပြခဲ့ပါတယ်။ ခိုင်နှင်းဝေက ထခုန်မတက် လန့်သွားစေမယ့် သရဲမမျက်နှာကို ချပြလိုက်တာကြောင့် ပရိသတ်များအားလုံး မှင်သက်ကာ သဘောကျသွားရပါတယ်။

ခိုင်နှင်းဝေကတော့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့က ရေဘေးသင့်ပြည်သူများအတွက် ရံပုံငွေ ကျပ်ငါးသိန်း မတည်ကာ တိုက်ရိုက်သွားလှူမှာ ဖြစ်ပါတယ်။ ဇီးကွက်ပရိသတ်ကြီးလည်း ခိုင်နှင်းဝေရဲ့ အလှူမှာ ပါဝင်ချင်ရင် ခိုင်နှင်းဝေရဲ့ fb messenger နှင့် အသင်းဖုန်းများကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်နော်။

Source : Khine Hnin Wai Facebook

Comment here