Celebrity

သူစိမ္းအိမ္ ရုပ္ရွင္ဇာတ္ကားႀကီး သူစိမ္းတစ္ေယာက္နဲ႔ ၾကည့္ခဲ့တယ္ဆိုတဲ႔ ခင္ေလးႏြယ္

ခင္ေလးႏြယ္ ကတစ္ကိုယ္တည္း အပ်ိဳၾကီးျဖစ္ေနေပမယ့္ အျမဲႏုပ်ိဳေနျပီး ခရီးေတြထြက္ရကိုလဲ အရမ္းသေဘာက် သူတစ္ဦး ျဖစ္ပါတယ္။ သူမက အခုဆိုရင္ အပ်ိႀကီးျဖစ္ေနေပမယ့္ သူမကခ်စ္စရာေကာင္းတဲ႔ ခႏၶာကိုယ္အခ်ိဳးအစားကို ပိုင္ဆိုင္ထားတဲ႔ အတြက္ မိန္းကေလး ပရိသတ္ေတြ အားက်ရသူျဖစ္ပါတယ္။ တုိင္းရင္းသူေလး ခင္ေလးႏြယ္က ေအး ခ်မ္းလွတဲ႔ မ်က္ႏွာေလးနဲ႔ တည္ျငိမ္တဲ့အလွေတြကို ပိုင္ဆိုင္ထားသူလဲျဖစ္ပါတယ္။ သူမက အခုေနာက္ပိုင္း အႏုပညာ အလုပ္ေတြ လုပ္တာသိပ္မေတြ႕ရေတာ့ေပမယ့္ ပရိသတ္ေတြနဲ႔ အဆက္သြယ္မျ ပတ္သူလဲျဖစ္ပါတယ္။

Photo Khin Lay Nwe

သူမက သူငယ္ခ်င္းေတြရဲ႕ ေမြးေန႔ မဂၤလာပြဲမ်ားကို တတ္ေရာက္ေလ့ရွိျပီး အျမဲေပ်ာ္ရႊင္ေန တာေတြ႕ရပါတယ္။ သူမကို မၾကာေသးမီ သူမရဲ႕ ခ်စ္သူလို႔ယူဆရတဲ႔ အမ်ိဳးသားတစ္ဦးနဲ႔ GYM ေဆာ့ေနတာကို ေတြ႕ခဲ့ရျပီး သူမရဲ႕ ပရိသတ္ေတြ အံ့ၾဘ၀မ္းသားျဖစ္ခဲ့ရပါတယ္။ ခင္ေလးႏြယ္တို႔ သူငယ္ခ်င္းေတြကေတာ့ ခရီးေတြအတူတူ ေပ်ာ္ရႊင္စြာထြက္ေလ့ရွိတာ ကို ေတြ႕ရေလ့ရွိပါတယ္။ မၾကာေသးမီက ခင္ေလးႏြယ္ က သူငယ္ခ်င္းေတြျဖစ္တဲ့ သရုပ္ေဆာင္ ယုသႏၱာတင္၊ အကယ္ဒမီ ေအးျမတ္သူနဲ႔ တျခားေသာ သူငယ္ခ်င္းေတြနဲ႕အတူ လန္ဒန္ကို ႏွစ္ပတ္ၾကာသြားေရာက္လည္ပတ္ေနတာ ေတြ႕ရပါတယ္ေနာ္။

Photo Khin Lay Nwe

ခင္ေလးႏြယ္တို႔ သူငယ္ခ်င္းေတြဟာ ေဘာလံုးခ်စ္သူတိုင္းရဲ႕ အိမ္မက္တစ္ခုျဖစ္တဲ႔ Manchester အပါအ၀င္ လန္ဒန္ မွာ ေနရာအႏွံ သြားေရာက္လည္ပတ္ ေနတာေတြ႕ရပါတယ္။ ခင္ေလးႏြယ္ကေတာ့ လူကသာခရီးေတြ ထြက္ေနေ ပမယ့္ စိတ္ကေတာ့ အျမဲခ်စ္သူဆီေရာက္ ေနခဲ့ပါတယ္ေနာ္။ သူရဲ႕အင္စတာဂရမ္မွာ သူမရဲ႕ ခ်စ္သူပံုကို မထင္မရွား တင္ခဲ့ပါျပီး အရပ္ရွည္ရွည္နဲ႔ ခန္႔ေခ်ာႀကီး ျဖစ္လိမ့္မယ္လို႔ ပရိသတ္ေတြက ခန္႔မွန္းထားၾကပါတယ္။

Photo Khin Lay Nwe

ခင္ေလးႏြယ္ မၾကာမီက သူမရဲ႕ အခ်စ္ေရးနဲ႔ပက္သက္ျပီး ယခုလို “ ေနာက္ႏွစ္လေလာက္ဆိုရင္ အားလံုးသိရမွာပါ။ အရင္ကလဲ အိမ္ေထာင္ျပဳတဲ့ အရြယ္ေရာက္ေနျပီ ဆိုေတာ့ စဥ္းစားေနတဲ့အခ်ိန္ျဖစ္ပါတယ္။ အရင္ကလဲ ရည္းစားထားခဲ့ ဖူးပါတယ္။ ဒါေပမယ့္ ဒီေလာက္ထိေလးေလးနက္နက္ ႀကီးမဟုတ္ဘူးေလ။ မိသားစုကိုခ်စ္တယ္ ခရီးသြားရတာကို အရမ္းႀကိဳက္တယ္။ အဲဒါေတြကို သည္းခံႏိုင္မလားဆိုတာ ၾကည့္ရအံုးမယ္။ ကိုယ္ကို နားလည္ေပးမယ့္သူမွအဆင္ေျပမွာ ဆိုေတာ့ ေသခ်ာေလ့လာေနပါတယ္ ဆိုျပီး ေျပာထားပါတယ္။

Photo Khin Lay Nwe

ယေန႔မွာေတာ့ ခင္ေလးႏြယ္က သူမအေကာင့္မွာ သူစိမ္းအိမ္ ရုပ္ရွင္ဇာတ္ကားႀကီး သြားေရာက္ၾကည့္ျဖစ္ပံုကို “ သူစိမ္း အိမ္ကို သူစိမ္းတစ္ေယာက္နဲ႔ ၾကည့္ခဲ့တယ္”ဆိုျပီး ပရိသတ္ကို ေျပာျပထားပါတယ္ ပရိသတ္ႀကီးေရ။ သူမေျပာတဲ႔ သူစိမ္းတစ္ေယာက္ကိုေတာ့ ပရိသတ္ႀကီး ခန္႔မွန္းမိမယ္ထင္ ပါတယ္ေနာ္။ အႏုပညာရွင္ေတြရဲ႕ ေန႔စဥ္ လႈပ္ရွားမႈ ပုံရိပ္ေလးေတြကုိ သိရွိခံစားႏုိင္ေအာင္လုိ႔ ဇီးကြက္ Page ေလးကုိ Like လုပ္ထားဖုိ႔ ေျပာခဲ့ပါရေစေနာ္ .….……။

Source Khin Lyaw Nwe

Unicode


သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီး သူစိမ်းတစ်ယောက်နဲ့ ကြည့်ခဲ့တယ်ဆိုတဲ့ ခင်လေးနွယ်
ခင်လေးနွယ် ကတစ်ကိုယ်တည်း အပျိုကြီးဖြစ်နေပေမယ့် အမြဲနုပျိုနေပြီး ခရီးတွေထွက်ရကိုလဲ အရမ်းသဘောကျသူတစ်ဦး ဖြစ်ပါတယ်။ သူမက အခုဆိုရင် အပျိကြီးဖြစ်နေပေမယ့် သူမကချစ်စရာကောင်းတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတဲ့ အတွက် မိန်းကလေး ပရိသတ်တွေ အားကျရသူဖြစ်ပါတယ်။ တိုင်းရင်းသူလေး ခင်လေးနွယ်က အေးချမ်းလှတဲ့ မျက်နှာလေးနဲ့ တည်ငြိမ်တဲ့အလှတွေကို ပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ်။ သူမက အခုနောက်ပိုင်း အနုပညာအလုပ်တွေ လုပ်တာသိပ်မတွေ့ရတော့ပေမယ့် ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သူလဲဖြစ်ပါတယ်။ သူမက သူငယ်ချင်းတွေရဲ့ မွေးနေ့ မင်္ဂလာပွဲများကို တတ်ရောက်လေ့ရှိပြီး အမြဲပျော်ရွှင်နေတာတွေ့ရပါတယ်။ သူမကို မကြာသေးမီ သူမရဲ့ ချစ်သူလို့ယူဆရတဲ့ အမျိုးသားတစ်ဦးနဲ့ GYM ဆော့နေတာကို တွေ့ခဲ့ရပြီး သူမရဲ့ ပရိသတ်တွေ အံ့ဘြဝမ်းသားဖြစ်ခဲ့ရပါတယ်။ ခင်လေးနွယ်တို့ သူငယ်ချင်းတွေကတော့ ခရီးတွေအတူတူ ပျော်ရွှင်စွာထွက်လေ့ရှိတာကို တွေ့ရလေ့ရှိပါတယ်။ မကြာသေးမီက ခင်လေးနွယ် က သူငယ်ချင်းတွေဖြစ်တဲ့ သရုပ်ဆောင် ယုသန္တာတင်၊ အကယ်ဒမီ အေးမြတ်သူနဲ့ တခြားသော သူငယ်ချင်းတွေနဲ့အတူ လန်ဒန်ကို နှစ်ပတ်ကြာသွားရောက်လည်ပတ်နေတာ တွေ့ရပါတယ်နော်။ ခင်လေးနွယ်တို့ သူငယ်ချင်းတွေဟာ ဘောလုံးချစ်သူတိုင်းရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ Manchester အပါအဝင် လန်ဒန်မှာ နေရာအနှံ သွားရောက်လည်ပတ် နေတာတွေ့ရပါတယ်။ ခင်လေးနွယ်ကတော့ လူကသာခရီးတွေထွက်နေပေမယ့် စိတ်ကတော့ အမြဲချစ်သူဆီရောက် နေခဲ့ပါတယ်နော်။ သူရဲ့အင်စတာဂရမ်မှာ သူမရဲ့ ချစ်သူပုံကို မထင်မရှားတင်ခဲ့ပါပြီး အရပ်ရှည်ရှည်နဲ့ ခန့်ချောကြီး ဖြစ်လိမ့်မယ်လို့ ပရိသတ်တွေက ခန့်မှန်းထားကြပါတယ်။ ခင်လေးနွယ် မကြာမီက သူမရဲ့ အချစ်ရေးနဲ့ပက်သက်ပြီး ယခုလို “ နောက်နှစ်လလောက်ဆိုရင် အားလုံးသိရမှာပါ။ အရင်ကလဲ အိမ်ထောင်ပြုတဲ့ အရွယ်ရောက်နေပြီ ဆိုတော့ စဉ်းစားနေတဲ့အချိန်ဖြစ်ပါတယ်။ အရင်ကလဲ ရည်းစားထားခဲ့ ဖူးပါတယ်။ ဒါပေမယ့် ဒီလောက်ထိလေးလေးနက်နက် ကြီးမဟုတ်ဘူးလေ။ မိသားစုကိုချစ်တယ် ခရီးသွားရတာကို အရမ်းကြိုက်တယ်။ အဲဒါတွေကို သည်းခံနိုင်မလားဆိုတာ ကြည့်ရအုံးမယ်။ ကိုယ်ကို နားလည်ပေးမယ့်သူမှအဆင်ပြေမှာ ဆိုတော့ သေချာလေ့လာနေပါတယ် ဆိုပြီး ပြောထားပါတယ်။ ယနေ့မှာတော့ ခင်လေးနွယ်က သူမအကောင့်မှာ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကြီး သွားရောက်ကြည့်ဖြစ်ပုံကို “ သူစိမ်းအိမ်ကို သူစိမ်းတစ်ယောက်နဲ့ ကြည့်ခဲ့တယ်”ဆိုပြီး ပရိသတ်ကို ပြောပြထားပါတယ် ပရိသတ်ကြီးရေ။ သူမပြောတဲ့ သူစိမ်းတစ်ယောက်ကိုတော့ ပရိသတ်ကြီး ခန့်မှန်းမိမယ်ထင် ပါတယ်နော်။ အနုပညာရှင်တွေရဲ့ နေ့စဉ် လှုပ်ရှားမှု ပုံရိပ်လေးတွေကို သိရှိခံစားနိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။

Comment here