Hot News

IG influencer တစ်ယောက်ဖြစ်လာတဲ့ အမ်မီနမ်ရဲ့ သမီး ဟေလီအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်….

Zawgyi Font :

အမ်မီနမ်ရဲ့ သမီး ဟေလီဂျိတ်ဒ်စကော့မာသာစ်ဟာ သူမကလေးအရွယ်မှာ ဖခင်ဖြစ်သူရဲ့ တေးသီချင်းတွေထဲ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အမ်မီနမ်ရဲ့ Mockingbird နဲ့ Hailie’s Song တွေကို နားထောင်ဖူးရင်တော့ သူတို့သားအဖနှစ်ယောက်ကြားက သံယောဇဉ်ကို တွေ့နိုင်ပါတယ်။ ဖခင်ဟာ ကျော်ကြားတဲ့ ရက်ပါတစ်ဦးဖြစ်ပေမယ့် ဟေလီကတော့ ဖခင်ဖြစ်သူရဲ့အနုပညာခြေရာကို နင်းမှာမဟုတ်ပဲ အခုဆိုရင် သူမဟာ IG influencer တစ်ယောက် ဖြစ်လာနေပြီလို့ insider သတင်းအရ သိရပါတယ်။

Photo : hailiejade IG
Photo : hailiejade IG
Photo : hailiejade IG

သူမရဲ့ အကောင့် @hailiejade ထဲမှာဆိုရင် သူမဟာ follower ပေါင်း (၁.၆) သန်းရှိနေတာကို တွေ့နိုင်ပါတယ်။ သူမဟာ အကောင့်ထဲမှာ တစ်နေ့တာ သူမ၀တ်ဆင်ပုံတွေ၊ အစားအသောက်တွေအပြင် အလှအပရေးရာနဲ့ ပတ်သက်တဲ့ နည်းလေးတွေကိုပါ တင်ပေးလေ့ရှိပါတယ်။

ဟေလီဟာ လက်ရှိမှာ အသက်(၂၃) နှစ်ရှိပြီဖြစ်ပြီး မီရှီဂန်ပြည်နယ်တက္ကသိုလ်မှာ ပညာဆည်းပူးလျက် ရှိနေပါတယ်။ ဟေလီဟာ သူမဖခင်နဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ယက်ပေါ် တင်လေ့မရှိပေမယ့် သူမတို့သားအဖဟာ အရမ်းရင်းနှီးတယ်လို့ ပြောပြပါတယ်။

Photo : hailiejade IG
Photo : hailiejade IG

ဟေလီဟာ အစပိုင်းမှာ အင်စတာဂရမ်ကို အပျော်သဘောသုံးရင်းနဲ့ တဖြည်းဖြည်းနဲ့ influencer လုံးလုံးဖြစ်လာခဲ့တာပါ။ အားလပ်ရက်တွေမှာ နေရာကောင်းကောင်းတွေကို သွားကာ ဓာတ်ပုံလှလှတွေကို ပုံတင်လေ့ရှိသူလည်း ဖြစ်ပါတယ်။

ဟေလီဟာ LikeToKnow အမည်ရတဲ့ app ကို အသုံးပြုပါတယ်။ ၄င်း app ကနေတဆင့် သူမရဲ့ follower တွေဟာ သူမ၀တ်ဆင်ထားတဲ့ အ၀တ်အထည်တွေကို ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုနည်းအားဖြင့် influencer တွေဟာ အကျိုးအမြတ်ရရှိကြပါတယ်။ IG ထဲ သူမ နောက်ဆုံးတင်ထားတဲ့ ပုံကတော့ ချီကာဂိုမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတစ်ပုံဖြစ်ပါတယ်။

Source : hailiejade IG

Photo : hailiejade IG

Unicode Font :






Source : hailiejade IG

Photo : hailiejade IG

Comment here