Hot News

Kylie ကို တစ်သက်မမေ့စရာ Surprise အကြီးကြီးပေးလိုက်တဲ့ Travis Scott ရဲ့လက်ဆောင်…..

Zawgyi Font :

Kylie Jenner ကတော့ အရမ်းကို နာမည်ကြီးတဲ့ အမေရိကန် media personality တစ်ယောက်ဖြစ်သလို မော်ဒယ် တစ်ယောက် အခုဆိုရင် ဘီလီယံနာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် အဖြစ်ပါ အောင်မြင်စွာ ရပ်တည် နေသူပါ။အရမ်းလည်းလှသလို အရမ်းလည်းမိုက်တဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ အပြင် အရည် အချင်း လည်းရှိတဲ့ ဒီလို မိန်းကလေးမျိုးကို ပိုင်ဆိုင်ထားသူကတော့ Travis Scott ပါ။Travis Scott ကတော့ အသက် (၂၇)နှစ် အရွယ် အမေရိကန် ရက်ပ်ပါ အဆိုတော် တစ်ယောက်ပါ။သူတို့နှစ်ယောက်ဟာ အခုထိ တော့ တရားဝင် လက် မထပ် ရသေးပေမယ့် သူတို့မှာ Stormi ဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။မကြာခင်မှာ ကျ ရောက် တော့မယ့် Kylie ရဲ့ အသက် (၂၂)နှစ်ပြည့် မွေးနေ့ အကြို အဖြစ် Travis Scott က Surprise အကြီးကြီး တစ်ခု ပြင်ဆင်ပေးခဲ့ပါတယ်။

Photo : Kylie Jenner IG
Photo : Kylie Jenner IG
Photo : Kylie Jenner IG
Photo : Kylie Jenner IG

Kylie Jenner ကတော့ (၁၉၉၇)ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့မှာ မွေးဖွားခဲ့တာပါ။သူမရဲ့ မကြာခင် ကျရောက်မယ့် (၂၂)နှစ်ပြည့် မွေးနေ့ကို ကြိုဆိုတဲ့ အနေနဲ့  Travis Scott က တစ်အိမ်လုံးကို နှင်းဆီပန်းတွေနဲ့ လွှမ်းခြုံ ပေး ခဲ့ပါတယ်။Jenner က သူမဘ၀ရဲ့ အမှတ်တရ အချိန်လေး အတွက် မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးခဲ့ပါတယ်။တစ်အိမ် လုံးကို နှင်းဆီပွင့်ချပ်တွေနဲ့ လွှမ်းခြုံထားတာကတော့ တကယ့်ကို ရိုမန်တစ်ဆန်လွန်းပါတယ်။Kylie က ဗီဒီယိုဖိုင် ကို “‘My house is covered in ROSES! @travisscott and it’s not even my birthday yet!!!!! Omg’ …” လို့ Caption ရေးပြီး ဝေမျှထားပါတယ်။Travis  ရဲ့ လက်ဆောင်ထဲမှာတော့ ” မွေးနေ့ မှာ ပျော်ရွှင် ပါစေ။ငါတို့က အခုမှ အစပဲရှိသေးတယ်။ချစ်တယ်…” လို့  စာတိုလေး ရေးပေးထားပါတယ်။

Photo : Kylie Jenner IG
Photo : Kylie Jenner IG
Photo : Kylie Jenner IG

ဧပြီလမှာကျရောက်ခဲ့တဲ့ Travis Scott ရဲ့ မွေးနေ့မှာတုန်းကလည်း Kylie ဘက်ကနေလည်း မွေးနေ့ လက်ဆောင် အကြီးကြီးပေးခဲ့ဖူးပါတယ်။Kylie ဟာ West Hollywood မှာ Billboard တစ်ခုကို ငှားပြီး သူမနဲ့ Stormi လေးရဲ့ ပုံကို ကပ်ခဲ့ပါတယ်။Billboard မှာတော့  ‘Happy Birthday Daddy, Love Mommy and Stormi XO’  ဆိုပြီး ရေးထားပါတယ်။Kylie ရဲ့ အသက် (၂၁)နှစ်ပြည့်မွေးနေ့တုန်းကလည်း Travis Scott က အနည်းဆုံး အမေရိကန်ဒေါ်လာ (၃)သိန်းတန်ဖိုးရှိတဲ့ 1950’s Rolls Royce  ကားကြီးကို လက်ဆောင်ရခဲ့ဖူးပါတယ်။

Source : Dailymail

Photo : Kylie Jenner IG

Unicode Font :




Source : Dailymail

Photo : Kylie Jenner IG

Comment here