Celebrity
Vivo လို အောင်မြင်နေတဲ့ global brand တစ်ခုရဲ့ Brand Ambassador ဖြစ်ရတဲ့အတွက် ၀မ်းသာခဲ့တဲ့ နေခြည်ဦး
Zawgyi Font:
Photo : Nay Chi Oo
Photo : Nay Chi Oo
Photo : Nay Chi Oo
Photo : Nay Chi Oo
Photo : Nay Chi Oo
Photo : Nay Chi Oo
Photo : Nay Chi Oo
Photo : Nay Chi Oo
Photo : Nay Chi Oo
Photo : Nay Chi Oo
Photo : Nay Chi Oo
Photo : Nay Chi Oo
Unicode Font:
အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားလာခဲ့တဲ့ နေခြည်ဦးက လက်ရှိမှာတော့ vivo အတွက် TVC commercial shoot လေးအတွက် ထိုင်းနိုင်ငံ Khao Yai ကို ရောက်ရှိနေခဲ့ပါတယ်။ ရှုတင်အတွက် နေ့ရောညပါ ရိုက်ကူးနေရပြီး အခုဆိုရင် အောင်မြင်စွာ ပြီးစီးသွားတဲ့အတွက် နေခြည်ဦးက ပျော်ရွှင်ဝမ်းသာနေခဲ့ပါတယ်။
နေခြည်ဦးက global brand တစ်ခုရဲ့ Brand Ambassador တစ်ယောက် ဖြစ်ခွင့်ရတဲ့အတွက်လည်း မှတ်တိုင်တခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“နေ့ရောညရော Khao Yai မှာဆက်တိုက်ရိုက်ခဲ့ရတဲ့vivo အတွက် TVC commercial shoot လေး အောင်အောင်မြင်မြင်ဘဲ ပြီးစီးသွားပါပြီ 🥳🥳 Vivo လို အောင်မြင်နေတဲ့ global brand တစ်ခုရဲ့ Brand Ambassador တစ်ယောက်ဖြစ်ခွင့်ရတာမှတ်တိုင်တစ်ခုပါဘဲ။”
ထပ်မံပြီး နေခြည်ဦးက “နေခြည့်အပေါ် VIVO က ambassador တစ်ယောက်လို ဆက်ဆံတာမျိုးတင်မဟုတ်ဘဲနေခြည့်ရဲ့ social skills social life career အတွက်ပါ စေတနာတွေ မေတ္တာတွေ supporting တွေ အမြဲပေးတယ်လို့ခံစားရတယ်။ စေတနာဆိုတာ တကယ် တန်ပြန်အကျိုးပေးပါတယ်။ V15Pro နဲ့ စတင်ခဲ့ကြတဲ့ နေခြည်နဲ့ Vivo ရဲ့ မှတ်တိုင်တစ်ခုက အခုထွက်ရှိလာမယ့် model အသစ်ကျရင်လဲ ပိုလို့တောင် မှတ်တိုင်ကြီးကြီးတစ်ခု ဆိုက်ထူနိုင်ဦးမယ်လို့ ယုံကြည်ထားတယ်။ Spolier Alert: (အခုဖုန်းအသစ်ကတော့ OMGGGGGGGGGG ပါဘဲ 😱😱😱🤫🤫😘)” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
အနုပညာအလုပ်များကို ပိုမိုလုပ်ကိုင်လာဖြစ်တဲ့ နေခြည်ဦးက photo shooting များနဲ့ ကြေငြာများကိုပါ လုပ်ဖြစ်လာခဲ့ပါတယ်။ ပွဲအခမ်းအနားများကို တက်ရောက်ရန် ဖိတ်ကြားခြင်းများစွာ ရရှိခဲ့ပါတယ်။ ပုံစံအမျိုးမျိုးမြင်တွေ့ရပြီး မိတ်ကပ်ခြယ်သမှုပုံလေးများကလည်း သူမနဲ့လိုက်ဖက်အောင် ပြင်ဆင်လေ့ရှိလို့ ပရိသတ်အားလုံးရဲ့အမြင်မှာ လှပတဲ့ မင်းသမီးတစ်ဦးဖြစ်ခဲ့ပါတယ်။
Source : Nay Chi Oo Facebook
Comment here