Celebrity

အဖြူရောင်သတို့သမီးဝတ်စုံလေးနဲ့ လှလွန်းလို့ ပရိသတ်များကတောင် မှင်သက်သွားရတဲ့ ခြူးလေး

Zawgyi Font


Image may contain: 1 person, smiling, wedding

Photo Aung Ye Linn


Image may contain: 1 person, smiling, standing and wedding

Photo Aung Ye Linn


Image may contain: 1 person, smiling, standing and wedding

Photo Aung Ye Linn


Image may contain: 1 person, standing and wedding

Photo Aung Ye Linn

Source From Chue Chue

 

Unicode Font

ချစ်စရာကောင်းတဲ့ အပြုံးချိုလေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ခြူလေးကို ပွဲအခမ်းအနားများပဲဖြစ်ဖြစ်၊ နေ့စဉ်မြင်တွေ့နေကျပုံစံများထဲမှာ ချစ်စဖွယ်ကောင်းတဲ့ ပုံစံလေးများနဲ့ဖက်ရှင်လေးများကိုသာ တွေ့မြင်ရပေမယ့် ဒီတစ်ခါမှာတော့ ဓာတ်ပုံရိုက်ကွင်းပေါ်မှာ သတို့သမီးဝတ်စုံလေးနဲ့ နတ်မိမယ်လေးတစ်ဦးလို လှပခမ်းနားနေတာ တွေ့ရပါတယ်။

ခြူးလေးက ရိုက်ကူးရေးတစ်ခုအတွက် ဓာတ်ပုံရိုက်ကူးပေးနေတာဖြစ်ပြီး ခြူးလေးရဲ့ပုံရိပ်လေးကြောင့် ပရိသတ်များအာလုံး ဟာခနဲ၊ ဟင်ခနဲဖြစ်သွားရပါတယ်။  ခြူးလေးတစ်ယောက် အခုလိုမျိုးလှနေအောင်လို့ Dress 👗 Mogok Pauk Pauk ၊ MuA 💄 Winelay (Lin Lin Makeup Artists) နဲ့ Photo 📷 Aung Ye Linn တို့ကလည်း ပါဝင်အားဖြည့်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ခြူးလေးက လတ်တလောမှာပဲ အဆိုတော် ဖြိုးမြတ်အောင်နဲ့အတူတူ photo shooting လေးလုပ်ဖြစ်ခဲ့ပါတယ် မကြာသေးခင်ကပဲ ခြူးလေးဟာ “ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ ” ကားကြီးကို မြတ်မြင့်နဲ့ သက်မွန်မြင့်တို့နဲ့အတူ နယ်မြို့လေးမှာ သွားရောက်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ခြူးလေးတစ်ယောက် Idol များနဲ့ရုပ်ရှင်အဖွဲ့သားများနဲ့အတူ အတော်လေးပျော်ရွှင်နေတဲ့ ဗီဒီယိုလေးများကို မျှဝေခဲ့ပါသေးတယ်။

MRTV 4 မှ ထုတ်လွှင့်ပြသလျက်ရှိသော မြန်မာရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သော သရုပ်ဆောင် ခြူးလေးဟာ မော်လ်ဒယ်မလေးတစ်ဦးအဖြစ်ပါ အောင်မြင်စွာ ရပ်တည်လာသူလေး ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ချစ်စဖွယ်ကောင်းတဲ့ ပြောပုံဆိုပုံလေးကြောင့် ပုရိသကောင်လေးများသာမက မိန်းကလေးပရိသတ်များကလည်း ချစ်ခင်အားပေးခဲ့ပါတယ်။

Source From Chue Chue

Comment here