Celebrity
မန္တလေးကိုရောက်ရှိနေတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဧငြိမ်းဖြူ
မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွင့်နေတဲ့ တစ်ခေတ်တစ်ခါ ကတ်ဆက်ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူး အသက်သွင်တဲ့ ဇာတ်လမ်းတိုလေးမှာ သရုပ်ဆောင်ရင်း ပရိသတ် ချစ်ခင်အားပေးမှုတွေ ရရှိတဲ့ မော်ဒယ်မင်းသမီး ဧငြိမ်းဖြူ ဟာ ဘိုမရုပ်လေးလိုတူပြီး ဖက်ရှင်ကျကျဝတ်စားတတ် တာကြောင့်လဲ နာမည်ကြီးသူတစ်ဦးပါ။
Photo A Nyein Phyu
သူမကို သဲသဲလှုပ်ချစ်တဲ့ ချစ်သူကလဲ ပရိသတ်ကြီး သိပြီးဖြစ်တဲ့ “လွမ်းလွန်းလို့သေနိုင်တယ်” ဆိုတဲ့ သီချင်းအဆိုတော် ရဲရင့်အောင်ပဲဖြစ်ပါတယ်။ ဧငြိမ်ဖြူက မြန်မာဆန်ဆန် ၀တ်စုံလေး တွေကို ဒီဇိုင်းဆန်းဆန်းလေတွေ လိုက်ဖက်အောင် ၀တ်လေ့ရှိသလို ခေတ်ပေါ်ဒီဇိုင်းတွေကလဲ သူမတူအောင် ဖက်ရှင်ကျကျ ၀တ်တတ်သူတစ်ဦးဖြစ်ပါတယ်နော်။
Photo A Nyein Phyu
လတ်တလောမှာ သူမကို မီဒီယာပေါ်မှာ သိပ်မတွေ့ရပေမယ့် သူမ အကောင့် မှာတော့ သူမရဲ့ ပုံရိပ်တွေ ဖော်ပြလေ့ ရှိပါတယ်။ သူမဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာသာမက အက ပိုင်းမှာ ထူးချွန်သောသူလေးဖြစ်ပါတယ်နော်။ သူမဟာ ဆိုရင် လူငယ်ပရိသတ်တွေရဲ့ အားပေးခြင်းကို ခံရသူဖြစ်ပြီး သူမရဲ့ကျော်ကြားမှုတစ်ခုကတော့ မြန်မာဆန်ဆန် အ၀တ် အစားလေးတွေက မိန်းကလေးတွေကြားမှာ ရေပန်းစားလေ့ရှိပါတယ်။
Photo A Nyein Phyu
Photo A Nyein Phyu
ဧငြိမ်းဖြူဟာဆိုရင် အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေပါ ရိုက်လာတာတွေ့ရပါတယ်နော်။ ဧငြိမ်းဖြူက သူမရဲ့ ချစ်စရာကောင်းလှတဲ့ ပုံလေးတွေကို ခံစားမှုလေးတွေနဲ့အတူ ပရိသတ်ကြီးထံ မျှဝေလေ့ရှိပါတယ်။ ယနေ့မှာ သူမအေ ကာင့်မှာ ဖော်ပြထားတဲ့ မန္တလေး မဟာမြတ်မုနိ ဘုရားကိုသွားရောက်ဖူးမြော်ခဲ့တဲ့ ပုံရိပ်တွေကို တင်ထားတွေ့ရပါတယ်။
Photo A Nyein Phyu
Source A Nyein Phyu
Unicode
နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ သရုပ်ဆောင်မင်းသား ငြိမ်းသော်ရဲ့ ပုဂံကို ရောက်ရှိသော ပုံရိပ်များ
ည မင်းသားလို့ နှုတ်ခမ်းနီမလေးတွေကြားမှာ ထူးထူးခြားခြား ထင်ရှားနေတဲ့ မော်ဒယ် သရုပ်ဆောင် ငြိမ်းသော်ကို ပရိသတ်ကြီး သိမယ်ထင်ပါတယ်။ သူကအခုနောက်ပိုင်း အနုပညာလုပ်ငန်းတွေကို သေချာအာရုံစိုက်လုပ်ကိုင်လာနေတာ တွေ့မြင်နေ ရပါတယ်။ ပွဲအခမ်းအနားတွေမှာလဲ သူကို မကြာခဏတွေ့မြင်နေရ ပါတယ်။ သူက ပုဆိုးလေးတွေနဲ့ တည်တည် ကြည်ကြည် တွေ့မြင်ရသလို လူငယ်တစ်ဦးလဲဖြစ် မော်ဒယ်တစ်ဦးလဲ ဖြစ်တဲ့အတွက် အမိုက်စား Fashion တွေနဲ့လည်း တွေ့မြင်ရပါတယ်။ ငြိမ်းသော်က မော်ဒယ်လောက ကနေ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးခဲ့တဲ့ “ည” ဇာတ်ကားထဲ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်ပိုင်းကို ကူးပြောင်းခဲ့ပြီး အဲဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ကိုပရိသတ်တွေ မှတ်မိစေခဲ့ပါတယ်။ ပရိသတ်တွေက ညမင်းသားလို့တောင် ချစ်စနိုးနဲ့ နာမည်ပေးထားပါတယ်။ သူက သရုပ်ဆောင်ပိုင်းမှာ ဆိုရင် ကာရိုက်တာမျိုးစုံ ရိုက်ကူးချင်တယ်လို့လဲ ပြောထားပါတယ်နော်။ ငြိမ်းသော်က 2014 ခုနှစ်မှာ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး သူ့ဘဝမှာ အခက်ခဲတွေ ရှိခဲ့ပါတယ်လို့ သူကပြောခဲ့ပါတယ်။ အခုဆိုရင် ငြိမ်းသော်တစ်ယောက် သူရဲ့ ဝါသနာကို ကြိုးစားမှုတွေကြောင့် ပရိသတ်ရဲ့အားပေးမှုကို ရရှိခဲ့တာဖြစ်ပြီး ယခုဆိုရင် အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရပါတယ်။ သူဘဝမှာ အခက်အခဲတွေရင်ဆိုင်ခဲ့ရတာတွေအပြင် သူ့ဘဝကို ကြိုးစားရင်ဆိုင်ကျော်ဖြတ်ခဲ့ရသူဖြစ်ပါတယ်။ ငြိမ်းသော်က မကြာမီ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှာ 💋SAI Tint Tint Lip Tattoo တစ်ရောင်ဆီကို ကိုယ်စားပြုတဲ့ 👑Tint Tint Brand Ambassadors👑 လေးယောက်ကို SAI Cosmetix မှ 🧐စတင်ရှာဖွေတဲ့ ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်နော်။ မကြာမီရက်ပိုင်းက သူအကောင့်မှာ အရမ်းကိုစတိုင်ကျကျနဲ့ သန့်နေတဲ့ ငြိမ်းသော်က “မြို့ပြနဲ့ ဝေးရာ ….ဒဲ့ပြောရရင်တော့ မင်းနဲ့ဝေးရာ ပေါ့ကွာ 😬😀” ဆိုပြီး အဝေးပြေးလမ်းမတစ်နေရာမှာ ရိုက်ထားတဲ့ ပုံတွေတင်ပြီး စနောက်ထားပါတယ်နော်။ ယနေ့မှာ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ငြိမ်းသော်က ပုဂံမှာရောက်နေတာဖြစ်ပါတယ်။ ငြိမ်းသော်ရဲ့ပုံရိပ်တွေကို သူ့ရဲ့ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ အနုပညာရှင် တွေရဲ့ နေ့စဉ် လှုပ်ရှားမှု ပုံရိပ်လေးတွေကို သိရှိခံစားနိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။
Comment here