Health

ဝိုင်သောက်သုံးခြင်းဖြင့် သွားနှင့်ခံတွင်းကို အထူးကျန်းမာစေနိုင်ကြောင်းကို လေ့လာတွေ့ရှိထားပါတယ်….

Zawgyi Font :

ဝိုင်သောက်သုံးခြင်းဟာ ဘက်တီးရီးယားကြောင့် ဖြစ်ပွားတတ်တဲ့ သွားပိုးစားခြင်း၊ သွားဖုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်လို့ မကြာသေးခင်က ရှာဖွေ တွေ့ရှိထားတာ ဖြစ်ပါတယ်။

ဝိုင်ထဲမှာ ဘက်တီးရီးယားပိုးမွှားတွေကို တားဆီးပေးပြီး သွားပိုးစားခြင်းတွေ၊ သွားကိုက်ခြင်းတွေနဲ့ သွားဖုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ Antioxidants တွေ လုံလောက်စွာပါဝင်တာကြောင့် သွားနှင့်သွားဖုံးရောဂါတွေကို ကာကွယ်ပေးနိုင်ရခြင်းဖြစ်ပါတယ်။

တကယ်လို့ ဒီဘက်တီးရီးယားတွေသာ သွေးကြောထဲကို ရောက်သွားခဲ့ရင်တော့ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေနဲ့ ကင်ဆာအထိပါ ဖြစ်ပွားစေနိုင်ပါတယ်။ ဝိုင်နီဟာ ဒီလိုဖြစ်ပွားခြင်းမှ ကာကွယ်နိုင်တဲ့အပြင် တစ်ရက်ကို တစ်ခွက်ပုံမှန်သောက်သုံးပေးရင် စိတ်ကြည်ပြီး မှတ်ဥာဏ်အားတိုးစေနိုင်တယ်လို့ ဆိုပါတယ်။

အခုနောက်ပိုင်းမှာတော့ ဝိုင်အာနိသင်ပါဝင်တဲ့ သွားတိုက်ဆေး၊ ပလုတ်ကျင်းရည်တွေကိုတောင် ထုတ်လုပ်လာကြပါတယ်။ ဝိုင်နီထဲမှာပါဝင်တဲ့ Antioxidants ဟာ သွားကျန်းမာရေးအတွက် အထူးကောင်းမွန်လို့ပါ။ ဝိုင်နီကိုပလုတ်ကျင်းရည်အဖြစ် အသုံးပြုပေးရင်လည်း သွားနှင့်ခံတွင်းကျန်းမာရေးအတွက် အထူးကောင်းမွန်တယ်လို့ ဆိုကြပါတယ်။

Source : Brightside

Photo : Wine

Unicode Font :





Source : Brightside

Photo : Wine

Comment here