Health

ဗိုက်မှာစူးအောင့်တဲ့ နာကျင်မှုမျိုးရှိရင် မပေါ့ဆပဲ စစ်ဆေးကြည့်သင့်တဲ့ ရောဂါတစ်မျိုးအကြောင်းအရင်းကို ဖော်ပြလိုက်ပါတယ်….

Zawgyi Font :

ဗိုက်ထဲမှာ စူးအောင့်နာကျင်တဲ့အခါ တော်တော်များများကတော့ ဆေးခန်းပြဖို့ မစဉ်းစားဘဲ၊ လေထိုးလေအောင် ပျောက်ဆေးလောက် ဝယ်သောက်လိုက် သက်သာသွားမယ်လို့ အထင်ရှိကြပါတယ်။ တစ်ချို့ကလည်း နီးစပ်ရာ ဆေးခန်းပြပြီး ဆရာဝန် ညွှန်ညားတဲ့ဆေးလေး အပတ်လည်အောင် သောက်လိုက်တာနဲ့ အိုကေပြီလို့ တွေးတတ်ကြပါတယ်။

တကယ်တော့ ခန္ဓာကိုယ်အတွင်းပိုင်း ပြဿနာတွေဟာ သာမန်အားဖြင့် ရမ်းဆဆုံးဖြတ်လို့ မရပါဘူး။ ဗိုက်အောင့်ဗိုက်နာတယ်ဆိုတာ လေထိုးလေအောင့်ကြောင့် မဟုတ်ဘူးဆိုရင် တစ်ခြား အန္တရာယ်ရှိတဲ့ အခြေအနေကြောင့် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သည်းခြေမှာ ကျောက်တည်ခြင်း အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

လွန်ခဲ့တဲ့ (၂၀၁၅)ခုနှစ်တုန်းက တရုတ်နိုင်ငံမှာ အသက်(၇၀)ကျော် အဖိုးအိုတစ်ယောက်ရဲ့ ဗိုက်ထဲကနေ ဖရဲသီးအရွယ်အစားရှိတဲ့ သည်းခြေကျောက်ကြီးကို ဖယ်ရှားခဲ့ရပါတယ်။ အဖိုးဟာ ဒီမတိုင်ခင်မှာ သာမန်ဗိုက်အောင့်ဗိုက်နာတာမျိုးလောက် ထင်ခဲ့ပြီး၊ အမှုမဲ့အမှတ်မဲ့နေခဲ့တာပါ။ ခွဲထုတ်လိုက်တဲ့ သည်းခြေကျောက်တွေက (၁.၂)ကီလိုဂရမ်အထိ အလေးချိန်ရှိပြီး၊ (၁၄)စင်တီမီတာ ရှည်ပါသတဲ့။

သည်းခြေကျောက်ဆိုသည်မှာ ဆီးကျောက်နဲ့ မတူညီပါဘူး။ သည်းခြေကျောက်ဆိုတာ သည်းခြေအိတ်ထဲမှာ ဖြစ်တတ်တာပါ။ သည်းခြေအိတ်ဟာ သစ်တော်သီးပုံစံဖြစ်ပြီး၊ အသည်းအောက်မှာ ကပ်လျှပ်တည်ရှိပါတယ်။ အသည်းရဲ့လုပ်ငန်းဆောင်တာတွေကို တစ်ဖက်တစ်လမ်းက ပူးတွဲလုပ်ဆောင်ပေးပါတယ်။

သည်းခြေရဲ့လုပ်ငန်းဆောင်တာတွေကတော့ အသည်းကနေ ထုတ်လွှတ်လိုက်တဲ့ ဝါစိမ်းရောင်အရည်တွေကို အနှစ်ကျအောင် ပြုလုပ်ပေးပြီး သည်းခြေအရည်ကို သိုလှောင်ပေးပါတယ်။ အသည်းက ပို့လွှတ်လိုက်တဲ့အရာတွေမှာ မခြေဖျက်နိုင်တဲ့ အမာအနှစ်တွေ ပါလာတဲ့အခါ သည်းခြေထဲမှာ အဲဒီအရာတွေက ကျောက်အဖြစ် အသွင်းပြောင်းသွားပါတော့တယ်။ အရွယ်အစားအားဖြင့် သဲမှုန်တွေလောက်ကနေ ကျောက်စရစ်ခဲ အရွယ်အစားလောက်ထိ ဖြစ်တတ်ပါတယ်။

အစကတော့ လူကို သည်းခြေကျောက်က ဒုက္ခမပေးပေမယ့် တစ်ဖြည်းဖြည်းများလာပြီဆိုရင် ဆိုးရွားတဲ့ ဗိုက်အောင့်၊ ရင်ဘတ်အောင့် ဝေဒနာတွေခံစားရပြီး၊ နောက်ဆုံး အသက်ကိုတောင် သေစေနိုင်ပါတယ်။ သည်းခြေကျောက်အကြောင်း သိကောင်းစရာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

သည်းခြေကျောက်ရဲ့ ထိခိုက်နိုင်မှုအန္တရာယ်

လူ(၁၀၀)မှာ တစ်ယောက်နှုန်း သည်းခြေကျောက်တည်နိုင်ပါတယ်။ သည်းခြေကျောက်လူနာကို 4Fs လို့ ဖော်ပြလေ့ရှိပြီး၊ အများအားဖြင့် အမျိုးသမီးတွေမှာ အသက်(၄၀)ကျော်မှ ဖြစ်လေ့ရှိပါတယ်။  အဆီအဆိမ့် အစားများသူတွေ၊ မိသားစုဝင်ထဲမှာ သည်းခြေကျောက်ရောဂါ တည်သည်တွေလည်း မျိုးရိုးလိုက်လေ့ရှိပါတယ်။

ရောဂါလက္ခဏာတွေကတော့ ဆည်းချိုသွေးချိုရောဂါမျိုးနဲ့ ဆင်တူပြီး၊ အသည်း၊ သိုက်ရွိုက်နဲ့ Thalassemia လို သွေးပိုင်းဆိုင်ရာ ကမောက်ကမဖြစ်မှုတွေ ဖြစ်လေ့ရှိပါတယ်။ ဒါကတော့ တစ်ဦးချင်းဖြစ်တဲ့ပုံစံကတော့ တူချင်မှ တူမှာပါ။ ဒီတော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် အဆီအဆိမ့် အစားအစာတွေ ရှောင်ဖို့ လိုပါတယ်။ အလျှင်အမြန်ဝိတ်ချလိုက်ခြင်းကလည်း သည်းခြေရဲ့လုပ်ငန်းဆောင်တာတွေကို သန့်ရှင်းမှုတွေ ဖြစ်စေတယ်လို့ သိရပါတယ်။

သည်းခြေကျောက်တည်မှု ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ

တော်တော်များများကတော့ ရောဂါလက္ခဏာမပြဘဲ၊ ဒါမှမဟုတ် တစ်ခြားရောဂါတစ်ချို့နဲ့ ထင်ယောင်ထင်မှားဖြစ်ပြီး၊ သည်းခြေကျောက်တည်ခြင်း ရှိမရှိဆိုတာ အမြင်အားဖြင့် မသိနိုင်ပါဘူး။ အာထရာဆောင်း ရိုက်ကြည့်မှ အဆင်ပြေတာမျိုးပါ။ တစ်ခါတလေ စောစောကပြောသလို၊ လေထိုးလေအောင့် ဖြစ်သလိုလို၊ အစားအစာ အများကြီးစားပြီး ဗိုက်အင့်သလိုလို ပုံစံမျိုးနဲ့လည်း ဆင်တတ်ပါတယ်။ ဓာတ်မှန်တို့ အာထရာဆောင်းတို့ ရိုက်ကြည့်မှ သိနိုင်တာမျိုးပါ။

ဘယ်လိုကာကွယ်မလဲ

သွေးထဲမှာ ကိုလက်စထရောမမြင့်မားအောင် ကာကွယ်ဖို့ အထူးလိုပါတယ်။ အဆီဓာတ်မြင့်မားတဲ့ အစားအစာတွေဟာ သွေးကို အထူးအနှောက်အယှက်ပေးပြီး၊ သည်းခြေမှာပါဝင်တဲ့ ကိုလက်စထရောနဲ့ ဖက်တီအက်စစ်မျှခြေကို ကမောက်ကမဖြစ်စေပါတယ်။ ဒါကြောင့် အစားဆင်ခြင်ရင် ဒီလို ရောဂါမျိုး ဖြစ်ခဲပါတယ်။ ရင်ဘတ်အောင့်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းဗိုက်ပိုင်း ခဏခဏ နာကျင်ခြင်းဟာ ဒီရောဂါကြောင့် ဖြစ်နိုင်ပါတယ်။

ကော်ဖီသောက်ခြင်းက သည်းခြေကျောက်တည်မှုကို ကာကွယ်ပေးနိုင်တယ်လို့ သိရပြီး၊ တကယ့် ကော်ဖီစစ်စစ်ကို တစ်ရက်ကို တစ်ခွက်လောက်တော့ သောက်ပေးသင့်တယ်လို့ အကြံပေးကြပါတယ်။ ကော်ဖီက ကျောက်ကပ်ရဲ့လုပ်ငန်းဆောင်တာတွေကို အကူအညီပေးပြီး သည်းခြေအရည်ကိုလည်း သန့်ရှင်းစင်ကြယ်စေတယ်လို့ သိရပါတယ်။

Source :  nhsinform.scot

Photo : freepik

Unicode Font :















Source :  nhsinform.scot

Photo : freepik

 

Comment here