Knowledge

သင်နေတဲ့မြို့မှာ ရေဘေးဒုက္ခကြုံနေရပြီဆိုရင် ဒီအချက်တွေကို ပြင်ဆင်ထားပါ…

Zawgyi Font :

လက်ရှိမှာတော့ မြန်မာနိုင်ငံအနှံ့အပြားမှာ ရေကြီးတာတွေဖြစ်နေပြီး ပြည်နယ်အများစုက ဒေသခံတွေ ရေဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါပြီ။ ရေဘေးဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အခါ အစားအသောက် ဒုက္ခရောက်တာ၊ ကျန်းမာရေးနဲ့ဆိုင်တဲ့ ဆိုးကျိုးတွေဖြစ်ပေါ်လာတာတွေအပြင်၊ မမျှော်လင့်တဲ့အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ရှိလာနိုင်တာကြောင့် ဒီအချက်တွေကို ကြိုတင်ပြင်ဆင်ထားတာက အကောင်းဆုံးပါ။

(၁) ရေဘေးနဲ့ဆိုင်တဲ့ သတင်းတွေကို အချိန်ပြည့်စောင့်ကြည့်နေဖို့ လိုပါတယ်

ကိုယ်နေတဲ့ဒေသရဲ့ဘယ်နေရာတွေမှာ ရေကြီးနေပြီလဲ။ ဘယ်နေရာတွေမှာ မြစ်ရေတွေ တက်လာနေပြီလဲ။ ကိုယ်နေတဲ့နေရာနားမှာရော ရေကြီးနိုင်မလား..စသဖြင့် ရေဘေးနဲ့ဆိုင်တဲ့သတင်းတွေကို အချိန်ပြည့်စောင့်ကြည့်နေဖို့လိုပါတယ်။ အဲဒီလိုမှပဲ ကိုယ်နေတဲ့နေရာမှာ မတော်တဆရေကြီးလာခဲ့ရင် ကြိုတင်ပြင်ဆင်ထားလို့ရမှာမို့ပါ။

(၂) ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို စနစ်တကျ ထုပ်ပိုးထားမယ်

အိမ်ထဲကို ရေတွေ ၀င်လာတဲ့အချိန်ကျမှ အိမ်မှာရှိတဲ့ပစ္စည်းတွေကို ထုပ်ပိုးဖို့ ပြင်ဆင်တာမျိုးက နောက်ကျသွားနိုင်ပါတယ်။ တချို့တန်ဖိုးရှိတဲ့ပစ္စည်းတွေလည်း ပါသွားနိုင်တယ်။ အရေးကြီးတာက တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ကိုယ်နဲ့မကွာဖြစ်အောင်နဲ့ လုံလုံခြုံခြုံရှိအောင် အထူးဂရုစိုက်ဖို့ပါ။ ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းတွေမှန်သမျှကို သယ်ဖို့မလွယ်တာကြောင့် ကိုယ့်အတွက် အသုံးလည်းဝင်မယ်၊ တန်ဖိုးလည်းရှိမယ့် ပစ္စည်းမျိုးကို ရွေးပြီး ထုပ်ပိုးထားသင့်ပါတယ်။

(၃) အိမ်ကို သံယောဇဉ်မကြီးပါနဲ့

ဘယ်သူကတော့ ကိုယ့်ရဲ့အိမ်ကို ပစ်ထားခဲ့ချင်မှာလဲ။ ဒါပေမယ့်လည်း ရေကြီးနေတဲ့အချိန်မှာတော့ အိမ်မှာနေဖို့ထက် ကိုယ်တိုင်က အန္တရာယ်ကင်းနေဖို့လိုအပ်ပါတယ်။ အိမ်ထဲကို ရေသိပ်မ၀င်သေးဘူးဆိုပြီး ပေါ့ပေါ့ဆဆနေမယ့်အစား ရေဘေးဒုက္ခသည်စခန်းဆီ ပစ္စည်းတွေသယ်ပြီး သွားရောက်နေထိုင်တာ အန္တရာယ်အကင်းဆုံးနဲ့ အလုံခြုံဆုံးပါပဲ။

(၄) စားစရာတွေကို ကြိုတင်စုဆောင်းထားတာ

ထမင်းခြောက်တွေဖြစ်ဖြစ်၊ ခေါက်ဆွဲခြောက်တွေ၊ ပေါင်မုန့်တွေ စတဲ့ ကြာကြာအထားခံမယ့် အစားအသောက်တွေကို ကြိုပြီးစုဆောင်းထားဖို့လိုပါတယ်။ ရေကြီးနေတဲ့အချိန်တွေမှာ ဘာမှ ချက်နိုင်ပြုတ်နိုင်မှာမဟုတ်လို့ အသင့်စား အစားအစာတွေကိုပဲ စားသုံးရမှာပါ။ ဒါ့အပြင် ရေကြီးတာကလည်း ဘယ်အချိန်မှာ ရပ်မယ်မသိနိုင်တာကြောင့် ကိုယ့်ဆီမှာ အစားအစာများများ စုဆောင်းထားနိုင်တာက အကောင်းဆုံးပါပဲ။

(၅) ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ဖုန်းနံပတ်တွေ ရှိနေပါစေ

တစ်စုံတစ်ခုအရေးအကြောင်းဖြစ်ခဲ့ရင် ဆက်သွယ်လို့ရဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့ဝင်တွေရဲ့ ဖုန်းနံပတ်တွေ သင့်ဆီမှာ ရှိနေပါစေ။ ဒါ့အပြင် ကိုယ့်လိုပဲ ဘေးဒုက္ခရောက်နေသူတွေရဲ့ ဖုန်းနံပတ်တွေကို တတ်နိုင်သမျှ စုဆောင်းထားပါ။ အဲဒါမှ အရေးအကြေင်းတစ်ခုခုရှိခဲ့ရင် ဆက်သွယ်ပြီး အကူအညီတောင်းလို့ရမှာမို့ပါ။

Source : Newlife

Photo : Chattaphan Sakulthong

Unicode Font :












Source : Newlife

Photo : Chattaphan Sakulthong

Comment here