Celebrity
မြဝတီမြို့ Remax corner ဆိုင်ဖွင့်ပွဲမှာ ပရိသတ်များနဲ့ တွေ့ဆုံခဲ့တဲ့ မအေးသောင်း
ပရိသတ်ကြီးရေ..သရုပ်ဆောင် အေးဝတ်ရည်သောင်း ကတော့ ပရိသတ်တွေကြားမှာ အချိန်အတော်ကြာကြီး ပျောက်ကွယ်ပြီမှ ဘွားကနဲ့ ပြန်ပေါ်လာခဲ့ပြီး ပရိသတ်တွေရဲ့ ရင်ကို မြန်မာဆန်ဆန်အလှတွေ ကိုင်လှိုင်နိုင်ခဲ့တဲ့ မင်းသမီးချောလေး တစ်ယောက်ဖြစ်သလို သရုပ်ဆောင် ကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ မုန်းစွဲရုပ်ရှင် ဇာတ်ကားကြီး နဲ့ အမျိုးသမီး ဇာတ်ပို့ဆုကို နောက်ဆုံးထိ ထင်ကြေး ပေးခဲ့ရတဲ့ သူမရဲ့ သရုပ်ဆောင် ကောင်းမှုတွေက သက်သေပါနော် အနုပညာအလုပ်တွေကို ဆက်တိုက် ပြန်လည် လုပ်ကိုင်နေတာ ကိုတွေ့ရပါတယ်နော်။
Photo Aye Thaung
မအေးသောင်းက မြန်မာဆန်ပြီး အမြဲတမ်းလန်းဆန်းမှုတွေအပြည့်နဲ့ ရင်ခုန်စရာကောင်းလှတဲ့ ခန္ဒာကိုယ် အချိုးအစား တွေကြောင့် ပုရိသယောင်္ကျားတွေရဲ့ ၀န်းရံအားပေးမှုကို အပြည့်အ၀ထားပါတယ်။ လှပစွဲမက်ဖွယ်ကောင်းတဲ့ အလှေ တွ ပိုင်ဆိုင်သလို သူမကအပျိကြီး ဖြစ်ပေမယ့်စကားတွေလဲ ကြွယ်လွန်းလှတဲ့ ချစ်ရာအပြောလေးတွေလဲ တတ်ပါ တယ်။ မအေးသောင်းရဲ့ လှပလွန်းလှတဲ့ မဟာဆန်အလှနဲ့ တစ်နေ့တစ်မျိုး မရိုးရအောင် ပရိသတ်ကြီး နှလုံးသားကို လှုပ်ကိုင်တတ်သူတစ်ဦး ဖြစ်ပါတယ်နော်။
Photo Aye Thaung
သူမဟာ တစ်ချိန်က Miss ပြိုင်ပွဲမှာ ယမင်းကိုကိုက သရဖူဆောင်းပေးခြင်းခံခဲ့သူတစ်ဦးဖြစ်ပါတယ်နော်။ ပရိသတ်အ ချစ်တွေ သိမ်းပိုက်ထားတဲ့ မအေးသောင်းက ဆီဒိုးနားမှာ ကျင်းပတဲ့ ဒီဇိုင်းနာ ငြိမ်းကိုရဲ့ Celebrations Wedding Fair 2019 ပွဲကို ကျက်သရေရှိလှတဲ့ အလှူမအသွင်နဲ့ Show လျှောက်ခဲ့ပါသေးတယ်။
Photo Aye Thaung
မအေးသောင်း က မြဝတီမြို့ Remax ဆိုင်ဖွင့်ပွဲကို သွားရင်းနဲ့ ဘားအံမြို့မှ ရေဘေးသင့်ပြည်သူများအတွက် ရွှေကျီးမုန့် များကို တာဝန်ရှိသူများထံ ဝင်ရောက်လှူဒါန်းခဲ့ပါတယ်။ ဆိုပြီး သူမပြုခဲ့တဲ့ အလှူလေးကို ဖော်ပြထားပါတယ်။ မအေးေ သာင်းက Remax ရဲ့ Ambassador တစ်ဦးဖြစ်ပြီး မြ၀တီကိုသွားနေတဲ့ လမ်းမှာ ရေကြီးမှုတွေဖြစ်နေလို့ ပရိသတ်တွေ က မအေးသောင်းအတွက် စိုးရိမ်နေကြပါတယ်နော်။
Photo Aye Thaung
Photo Aye Thaung
Source  Aye Thaung
Unicode
နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ သရုပ်ဆောင်မင်းသား ငြိမ်းသော်ရဲ့ ပုဂံကို ရောက်ရှိသော ပုံရိပ်များ
ည မင်းသားလို့ နှုတ်ခမ်းနီမလေးတွေကြားမှာ ထူးထူးခြားခြား ထင်ရှားနေတဲ့ မော်ဒယ် သရုပ်ဆောင် ငြိမ်းသော်ကို ပရိသတ်ကြီး သိမယ်ထင်ပါတယ်။ သူကအခုနောက်ပိုင်း အနုပညာလုပ်ငန်းတွေကို သေချာအာရုံစိုက်လုပ်ကိုင်လာနေတာ တွေ့မြင်နေ ရပါတယ်။ ပွဲအခမ်းအနားတွေမှာလဲ သူကို မကြာခဏတွေ့မြင်နေရ ပါတယ်။ သူက ပုဆိုးလေးတွေနဲ့ တည်တည် ကြည်ကြည် တွေ့မြင်ရသလို လူငယ်တစ်ဦးလဲဖြစ် မော်ဒယ်တစ်ဦးလဲ ဖြစ်တဲ့အတွက် အမိုက်စား Fashion တွေနဲ့လည်း တွေ့မြင်ရပါတယ်။ ငြိမ်းသော်က မော်ဒယ်လောက ကနေ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးခဲ့တဲ့ “ည” ဇာတ်ကားထဲ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်ပိုင်းကို ကူးပြောင်းခဲ့ပြီး အဲဒီရုပ်ရှင်ဇာတ်ကားမှာ သူ့ကိုပရိသတ်တွေ မှတ်မိစေခဲ့ပါတယ်။ ပရိသတ်တွေက ညမင်းသားလို့တောင် ချစ်စနိုးနဲ့ နာမည်ပေးထားပါတယ်။ သူက သရုပ်ဆောင်ပိုင်းမှာ ဆိုရင် ကာရိုက်တာမျိုးစုံ ရိုက်ကူးချင်တယ်လို့လဲ ပြောထားပါတယ်နော်။ ငြိမ်းသော်က 2014 ခုနှစ်မှာ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာဖြစ်ပြီး သူ့ဘဝမှာ အခက်ခဲတွေ ရှိခဲ့ပါတယ်လို့ သူကပြောခဲ့ပါတယ်။ အခုဆိုရင် ငြိမ်းသော်တစ်ယောက် သူရဲ့ ဝါသနာကို ကြိုးစားမှုတွေကြောင့် ပရိသတ်ရဲ့အားပေးမှုကို ရရှိခဲ့တာဖြစ်ပြီး ယခုဆိုရင် အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရပါတယ်။ သူဘဝမှာ အခက်အခဲတွေရင်ဆိုင်ခဲ့ရတာတွေအပြင် သူ့ဘဝကို ကြိုးစားရင်ဆိုင်ကျော်ဖြတ်ခဲ့ရသူဖြစ်ပါတယ်။ ငြိမ်းသော်က မကြာမီ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်မှာ 💋SAI Tint Tint Lip Tattoo တစ်ရောင်ဆီကို ကိုယ်စားပြုတဲ့ 👑Tint Tint Brand Ambassadors👑 လေးယောက်ကို SAI Cosmetix မှ 🧐စတင်ရှာဖွေတဲ့ ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်နော်။ မကြာမီရက်ပိုင်းက သူအကောင့်မှာ အရမ်းကိုစတိုင်ကျကျနဲ့ သန့်နေတဲ့ ငြိမ်းသော်က “မြို့ပြနဲ့ ဝေးရာ ….ဒဲ့ပြောရရင်တော့ မင်းနဲ့ဝေးရာ ပေါ့ကွာ 😬😀” ဆိုပြီး အဝေးပြေးလမ်းမတစ်နေရာမှာ ရိုက်ထားတဲ့ ပုံတွေတင်ပြီး စနောက်ထားပါတယ်နော်။ ယနေ့မှာ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ငြိမ်းသော်က ပုဂံမှာရောက်နေတာဖြစ်ပါတယ်။ ငြိမ်းသော်ရဲ့ပုံရိပ်တွေကို သူ့ရဲ့ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ အနုပညာရှင် တွေရဲ့ နေ့စဉ် လှုပ်ရှားမှု ပုံရိပ်လေးတွေကို သိရှိခံစားနိုင်အောင်လို့ ဇီးကွက် Page လေးကို Like လုပ်ထားဖို့ ပြောခဲ့ပါရစေနော် .….……။
Comment here