Hot News

အဟော့ဆုံး အလန်းဆုံး MMA Ring Girls (၅)ယောက်ကို ဖော်ပြပေးလိုက်ပါတယ်…..

Zawgyi Font :

အရမ်းကိုလန်းတဲ့ MMA Ring Girls (၅)ယောက် ကို ဖော်ပြပေးချင်ပါ တယ်။ Ring Girls ဆိုတာကတော့ လက်ဝှေ့ပွဲတွေ၊ Kickboxing နဲ့ MMA ပွဲတွေမှာ ဘယ်နှစ်ချီ (ဘယ် Round) ရောက်နေတယ်ဆိုတာကို နံပါတ်ပြားတွေ ကိုင်ပြီးပြတဲ့ အလန်းလေးတွေပါ။ Ring girls တွေ ဟာ (၁၉၆၅) ခုနှစ်က Ring Magazine ကနေ စတင်ပေါ်ပေါက်ခဲ့တာပါ။ Boxing ပြိုင်ပွဲသင်္ကေတတစ်ခုကို ကိုင်ထားတဲ့ Las Vegas  မော်ဒယ်တစ်ယောက်ရဲ့ပုံကို မဂ္ဂဇင်းမှာ ဖော်ပြခဲ့တာပါ။ အဲဒီကနေမှ နောက်ပိုင်းမှာ Boxing ပွဲတွေမှာ ကောင်မလေးတွေကို ငှားကြရင်း Ring girls ဆိုတာ ဖြစ်လာတာပါ။ အလန်းဆုံး MMA Ring Girls (၅)ယောက်ကတော့ …

1. Carly Baker

Photo : Carly Baker

Carly Baker  ကတော့ UFC  အတွက် ကတ်တွေသယ်တဲ့ တာဝန်ကို (၂၀၁၃) ကစပြီး ထမ်းဆောင်ခဲ့တာပါ။ ‘Shout’ ဆိုတဲ့ မဂ္ဂဇင်းအတွက် မော်ဒယ်ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် အနုပညာလောကထဲကိုတော့ အသက် (၁၄)နှစ်တည်းက ၀င်ရောက်လာခဲ့တာပါ။ Ring girl  မလုပ်ခင်တုနန်းက အဆိုတော်အဖြစ်လည်း သီချင်းတွေသီဆို ခဲ့ဖူးပါတယ်။

2. Angelica Anderson

Photo : Angelica Anderson

Angelica Anderson ကတော့ Russia’s M-1 Global MMA  ပွဲတွေက နာမည်ကြီး Ring girl ပါ။ ကိုယ်တိုင်လည်း ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ လုပ်ရတာကြိုက်သလို ခေတ်စကားနဲ့ဆိုရင် တော်တော်လေးကို ဂေါ်တဲ့ Ring Girl ပါ။ Fitness model  တစ်ယောက်ဖြစ်သလို သူမရဲ့ Workout ဗီဒီယိုတွေ အများကြီးရှိပါတယ်။

3. Eun Jiye

Photo : Eun Jiye

Singapore အခြေစိုက် MMA  ပရိုမိုးရှင်း One FC မှာတော့ Ring girls လှလှလေးတွေ အများကြီးပါ။ အဲဒီအထဲမှာ  Eun Jiye လည်း တစ်ယောက်အပါအ၀င်ပါ။ သူမဟာ အရင်တုန်းက လေယာဉ်မယ် တစ်ယောက်ပါ။ နောက်ပိုင်းကျမှ မော်ဒယ်လောကထဲ ရောက်လတာပါ။ နာမည်ကြီး Brand တွေဖြစ်တဲ့ Samsung, LG တို့ အတွက်လည်း မော်ဒယ်လုပ်ပေးဖူးပါတယ်။ MMA တင်မဟုတ်ပဲ ကားပြိုင်ပွဲမှာလည်း သူမက ပါဝင်ခဲ့ဖူးပါတယ်။

4. Summer Daniels

Photo : Summer Daniels

Jade Bryce အနားယူပြီးနောက်မှာတော့ Summer Daniels ကို အစားထိုးခဲ့တာပါ။ သူမရဲ့ လှပကျော့ရှင်းတဲ့ Body အလှတွေက MMA ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အ၀ ရစေခဲ့ပါတယ်။

5. Lee Jina

Photo : Lee Jina

Lee Ji Na ကတော့ FC Ring girl အလှပဂေးတွေထဲက တစ်ယောက်ပါ။ သူမကတော့ တောင်ကိုရီးယား ဆိုးလ် ကပါ။ Maxim Bikini ပြိုင်ပွဲမှာ အနိုင်ရခဲ့ဖူးပါတယ်။ Ji Na က သူမကိုယ်သူမ Tomboy  လို့ ၀န်ခံခဲ့ဖူးပါတယ်။ Accounting၊ ဥပဒေနဲ့ စီးပွားရေးကို သင်ယူခဲ့သူပါ။ ဘဏ်မှာ အလုပ်လုပ်နေရင်း မော်ဒယ်အေဂျင်စီကနေ ရှာတွေ့ခဲ့ပြီး မော်ဒယ်လောကထဲ ရောက်လာခဲ့ပါတယ်။ အခုဆိုရင်တော့ One FC ရဲ့ ထိပ်တန်း Card-girl တစ်ယောက် ဖြစ်လာခဲ့ပါပြီ။

Source : sportskeeda

Photo : Instagram

Unicode Font :


  1. Carly Baker


  1. Angelica Anderson


  1. Eun Jiye


  1. Summer Daniels


  1. Lee Jina


Source : sportskeeda

Photo : Instagram

Comment here