Celebrity News

ျမင္သူတကာ မွင္သက္ေငးေမာသြားရတဲ့ မိုးေဟကိုရဲ႕ အလွနဲ႕ ဖက္ရွင္

Zawgyi Font

မိုးေဟကိုက ဒီဇိုင္နာ မင္းသက္စံရဲ႕ (၇) ႏွစ္ေျမာက္ တစ္ကိုယ္ေတာ္ျပသခဲ့တဲ့ ဖက္ရွင္ရိႈးပြဲေလးကို သြားေရာက္အားေပးခဲ့ၿပီး ထိုပြဲေလးကို တက္ေရာက္ခဲ့တဲ့ မိုးေဟကိုရဲ႕ ပြဲတက္ဖက္ရွင္က ခမ္းခမ္းနားနားနဲ႕ ၀င့္ထည္ေနတာကို ေတြ႕ရပါတယ္။ အမဲေရာင္အေပၚမွာ အျဖဴေရာင္ေက်ာက္ပြင့္ေလးမ်ားကို စီထိုးထားတာေၾကာင့္ သူမရဲ႕ပြဲတက္၀တ္စံုက အလြန္စမတ္က်ကာ ေပါ့ပါးေၾကာ့ရွင္းေနခဲ့ပါတယ္။

Image may contain: 1 person

မိုးေဟကိုက ဒီဇိုင္နာမင္းသက္စံရဲ႕ တကိုယ္ေတာ္ ဖက္ရွင္႐ွိဳးပြဲေလးကို လူကိုယ္တုိင္သြားေရာက္အားေပးခဲ့ရံုသာမက သူမရဲ႕ေဖ့စ္ဘြတ္စာမ်က္ႏွာမွေနလည္း ဂုဏ္ျပဳစကားေလး ဆုိခဲ့ပါတယ္။

Image may contain: 1 person, standing and closeup

“မေန႔ညက Designer မင္းသက္စံရဲ႕ 7 ႏွစ္ေျမာက္ Sweet & Smart Haute Couture & Luxury Bridal Fashion Show ပြဲေလးကို သြားေရာက္အားေပးျဖစ္တယ္ 🎉🎊 အကိုေရ congratulations ပါေနာ္” ဆိုၿပီး ေမလ (၁၇) ရက္ေန႕က သူမရဲ႕လူမႈစာမ်က္ႏွာေပၚမွာ မွ်ေ၀ေရးသားခဲ့ပါတယ္။

Image may contain: 1 person, standing

မိုးေဟကိုက အေမနဲ႔အတူကိုယ့္အသက္ရွင္ေနတဲ့အခ်ိန္ ကာလပတ္လံုးဟာအေမမ်ားေန႔ပါဘဲ ဆိုၿပီး လတ္တေလာမွာ က်ေရာက္ခဲ့တဲ့ ‘အေမမ်ားေန႕’ အတြက္ အမွတ္တရစကားေလး ဆိုခဲ့ပါတယ္။

Image may contain: 1 person, standing and shoes

မိုးေဟကိုဟာ ျမန္မာ့ရုပ္ရွင္ေလာကမွာ က်င္လည္ေအာင္ျမင္လာခဲ့တာ ဆယ္စုႏွစ္မ်ားစြာရွိခဲ့ၿပီးေနာက္ အသက္အရြယ္အားျဖင့္လည္း တစ္ႏွစ္ထက္တစ္ႏွစ္ၾကီးလာတာ ျဖစ္ပါတယ္။ အရင္ကထက္ ပိုၿပီးတည္ၿငိမ္ရင့္က်က္လာတဲ့ မိုးေဟကိုကို အမ်ိဳးသမီးအမ်ိဳးသားမ်ားကပါ သေဘာက်လာခဲ့ပါတယ္။

Image may contain: 1 person, standing and shoes

မိုးေဟကိုဟာ တည္ၿငိမ္ရင့္က်က္ၿပီး အႏုပညာလုပ္ငန္းမ်ားကို အမွားမရွိေအာင္ လုပ္ကိုင္တတ္တဲ့ အႏုပညာရွင္တစ္ဦးအျဖစ္ ပရိသတ္မ်ားက အသိအမွတ္ျပဳခဲ့ပါတယ္။ ခမ္းနားတဲ့ အလွတရားမ်ားကို ပိုင္ဆုိင္ထားတဲ့ မိုးေဟကိုဟာ အခ်ိဳးအဆစ္က်တဲ့ ခႏၶာကိုယ္ကိုလည္း ပိုင္ဆိုင္ထားျပန္တာေၾကာင့္ သူမရဲ႕ဖက္ရွင္တိုင္းကို ပရိသတ္မ်ားက အတုယူေလးစားခဲ့ပါတယ္။

Image may contain: 1 person, standing

မိုးေဟကိုဟာ သရုပ္ေဆာင္တစ္ဦးျဖစ္ရံုသာမက ကိုယ္ပိုင္စီးပြားေရးမ်ားကိုလည္း ဦးေဆာင္လုပ္ကိုင္ေနတဲ့အျပင္ ရုပ္ရွင္ထုတ္လုပ္ေရးကိုပါ လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ မိခင္ရဲ႕က်န္းမာေရးအတြက္ မိခင္ကို အနီးကပ္ျပဳစုေစာင့္ေရွာက္ေနရတာေၾကာင့္ အႏုပညာလႈပ္ရွားမႈအပိုင္းမ်ားမွာ နည္းပါးသြားေပမယ့္ လက္ရွိမွာေတာ့ ပြဲအခမ္းအနားမ်ားကို တက္ေရာက္ေပးေနတာ ေတြ႕ရပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ သူမ သရုပ္ေဆာင္ထားတဲ့ ရုပ္ရွင္ဇာတ္ကားမ်ားကို ျပန္လည္ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

Image may contain: 1 person, closeup

Source From moe hay ko

 

Unicode Font

မိုးဟေကိုက ဒီဇိုင်နာ မင်းသက်စံရဲ့ (၇) နှစ်မြောက် တစ်ကိုယ်တော်ပြသခဲ့တဲ့ ဖက်ရှင်ရှိုးပွဲလေးကို သွားရောက်အားပေးခဲ့ပြီး ထိုပွဲလေးကို တက်ရောက်ခဲ့တဲ့ မိုးဟေကိုရဲ့ ပွဲတက်ဖက်ရှင်က ခမ်းခမ်းနားနားနဲ့ ဝင့်ထည်နေတာကို တွေ့ရပါတယ်။ အမဲရောင်အပေါ်မှာ အဖြူရောင်ကျောက်ပွင့်လေးများကို စီထိုးထားတာကြောင့် သူမရဲ့ပွဲတက်ဝတ်စုံက အလွန်စမတ်ကျကာ ပေါ့ပါးကြော့ရှင်းနေခဲ့ပါတယ်။မိုးဟေကိုက ဒီဇိုင်နာမင်းသက်စံရဲ့ တကိုယ်တော် ဖက်ရှင်ရှိုးပွဲလေးကို လူကိုယ်တိုင်သွားရောက်အားပေးခဲ့ရုံသာမက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှနေလည်း ဂုဏ်ပြုစကားလေး ဆိုခဲ့ပါတယ်။“မနေ့ညက Designer မင်းသက်စံရဲ့ 7 နှစ်မြောက် Sweet & Smart Haute Couture & Luxury Bridal Fashion Show ပွဲလေးကို သွားရောက်အားပေးဖြစ်တယ် 🎉🎊 အကိုရေ congratulations ပါနော်” ဆိုပြီး မေလ (၁၇) ရက်နေ့က သူမရဲ့လူမှုစာမျက်နှာပေါ်မှာ မျှဝေရေးသားခဲ့ပါတယ်။မိုးဟေကိုက အမေနဲ့အတူကိုယ့်အသက်ရှင်နေတဲ့အချိန် ကာလပတ်လုံးဟာအမေများနေ့ပါဘဲ ဆိုပြီး လတ်တလောမှာ ကျရောက်ခဲ့တဲ့ ‘အမေများနေ့’ အတွက် အမှတ်တရစကားလေး ဆိုခဲ့ပါတယ်။မိုးဟေကိုဟာ မြန်မာ့ရုပ်ရှင်လောကမှာ ကျင်လည်အောင်မြင်လာခဲ့တာ ဆယ်စုနှစ်များစွာရှိခဲ့ပြီးနောက် အသက်အရွယ်အားဖြင့်လည်း တစ်နှစ်ထက်တစ်နှစ်ကြီးလာတာ ဖြစ်ပါတယ်။ အရင်ကထက် ပိုပြီးတည်ငြိမ်ရင့်ကျက်လာတဲ့ မိုးဟေကိုကို အမျိုးသမီးအမျိုးသားများကပါ သဘောကျလာခဲ့ပါတယ်။မိုးဟေကိုဟာ တည်ငြိမ်ရင့်ကျက်ပြီး အနုပညာလုပ်ငန်းများကို အမှားမရှိအောင် လုပ်ကိုင်တတ်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ပရိသတ်များက အသိအမှတ်ပြုခဲ့ပါတယ်။ ခမ်းနားတဲ့ အလှတရားများကို ပိုင်ဆိုင်ထားတဲ့ မိုးဟေကိုဟာ အချိုးအဆစ်ကျတဲ့ ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားပြန်တာကြောင့် သူမရဲ့ဖက်ရှင်တိုင်းကို ပရိသတ်များက အတုယူလေးစားခဲ့ပါတယ်။မိုးဟေကိုဟာ သရုပ်ဆောင်တစ်ဦးဖြစ်ရုံသာမက ကိုယ်ပိုင်စီးပွားရေးများကိုလည်း ဦးဆောင်လုပ်ကိုင်နေတဲ့အပြင် ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မိခင်ရဲ့ကျန်းမာရေးအတွက် မိခင်ကို အနီးကပ်ပြုစုစောင့်ရှောက်နေရတာကြောင့် အနုပညာလှုပ်ရှားမှုအပိုင်းများမှာ နည်းပါးသွားပေမယ့် လက်ရှိမှာတော့ ပွဲအခမ်းအနားများကို တက်ရောက်ပေးနေတာ တွေ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သူမ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများကို ပြန်လည်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Source From moe hay ko

Nway Htway Editor
Sorry! The Author has not filled his profile.
×
Nway Htway Editor
Sorry! The Author has not filled his profile.

Comment here