Celebrity News

ခမ်းနားတင့်တယ်တဲ့ ပွဲတက်ဝတ်စုံလေးနဲ့လှသွေးကြွယ်စွာ လင်းလက်တောက်ပနေတဲ့ အေးသောင်း

Zawgyi Font


Image may contain: 1 person, smiling, standing



Image may contain: 1 person, smiling, standing

Image may contain: 1 person, standing


Image may contain: 1 person, smiling, standing

Image may contain: 1 person, smiling, standing

Image may contain: 3 people, people dancing and people sitting

Source From Aye Thaung

 

Unicode Font
ဒီဇိုင်နာမင်းသက်စံရဲ့ တကိုယ်တော်ပြသခဲ့တဲ့ ဖက်ရှင်ရှိုးပွဲလေးကို သွားပြီးအားပေးခဲ့တဲ့ အေးသောင်းရဲ့ပွဲတက်ဖက်ရှင်လေးက အရမ်းလှပကြော့ရှင်းပြီး အေးသောင်းနဲ့လည်း အလွန်လိုက်ဖက်လှပပါတယ်။ အပြာရောင်ကိုသာ ဦးစားပေးထားတဲ့ ရိုးရှင်းခမ်းနားတဲ့ ဖက်ရှင်ပုံရိပ်က မြင်သူတိုင်း သဘောကျငေးမောသွားစေပါတယ်။အေးသောင်းက ဒီဇိုင်နာမင်းသက်စံရဲ့ တကိုယ်တော် ဖက်ရှင်ရှိုးပွဲလေးကို လူကိုယ်တိုင်သွားရောက်အားပေးခဲ့ရုံသာမက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှနေလည်း ဂုဏ်ပြုစကားလေး ဆိုခဲ့ပါတယ်။“မနေ့ညက ဒီဇိုင်နာမင်းသက်စံရဲ့ တကိုယ်တော်ပြသခဲ့တဲ့ ဖက်ရှင်ရှိုးပွဲလေးကို သွားပြီးအားပေးခဲ့ပါတယ်ရှင့်။ ဝတ်စုံဒီဇိုင်းတွေအရမ်းဆန်းပြီး လှပတယ် စမတ်ကျတဲ့ ပြင်ဆင်မှု ဝတ်စုံတစ်စုံချင်းစီတိုင်းသေချာပြင်ဆင် အားထည့်ထားတာတွေ တွေ့ခဲ့ရပါတယ်။ Congratulations ပါ ကိုကြီး” ဆိုပြီး မေလ (၁၇) ရက်နေ့က သူမရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။သီချင်းနဲ့ ဗွီဒီယိုဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ တစ်ချိန်တစ်ခါက လူကြိုက်များအားပေးခဲ့ရတဲ့ အနုပညာရှင်မလေး ဖြစ်ပါတယ်။ သို့ပေမယ့် သူမဟာ  (၁၀) စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့ပြီး (၂၀၁၇) ခုနှစ်တွင် အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းတွင် မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။
Source From Aye Thaung

Nway Htway Editor
Sorry! The Author has not filled his profile.
×
Nway Htway Editor
Sorry! The Author has not filled his profile.

Comment here