Sport
Unicode
ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့လာရောက်ချင် ကစားချင် နေခဲ့တဲ့ PSG နောက်ခံလူ ဒန်နီအဲလ်ဗတ်စ်
လက်ရှိ အချိန် အထိ တော့ ဘရာဇီး လက်ရွေးစင် ညာ နောက်ခံလူ ဟာ စပိန် လာလီဂါ မှာ ဘာစီလိုနာ ၊ အီတလီ စီးရီးအေ မှာ ဂျူဗင်တပ် နဲ့ ပြင်သစ် လီဂူး ဝမ်း မှာ PSG အသင်း တွေနဲ့ အတူ ဆု ဖလား အောင်မြင် မှုတွေ ရယူ ထားနိုင် ခဲ့သူ ပဲ ဖြစ် ပါတယ် ။PSG အသင်း ကတော့ ဒီ ရာသီ အသင်း မှာ ခြေစွမ်း ကောင်းတွေ ပြသ နိုင် ခဲ့တဲ့ ဘရာဇီး လက်ရွေးစင် ကို နောက် ထပ် 1 နှစ် စာချုပ် သက်တမ်း တိုးမြှင့် လိုနေ ပေမဲ့ ထူးခြား မှု မရှိ သေးပဲ အဲလ်ဗတ်စ် ရဲ့ တုန့်ပြန် မှုကို ပြန်လည် စောင့်ဆိုင်း နေရ တဲ့ အတွက် စိတ်ပျက် နေခဲ့ ပါတယ် ။ဘရာဇီး အခြေစိုက် သတင်းစာ ဖြစ်တဲ့ UOL ကတော့ အဲလ်ဗတ်စ် ဟာ အသင်း ဖက်မှ 2 နှစ် စာချုပ် နဲ့ ကမ်းလှမ်း တာကို အလို ရှိ နေကြောင်း ဖော်ပြ သွားခဲ့ ပါတယ် ။ အခြား တစ်ဖက် မှာတော့ သူဟာ ပရီးမီးယား လိဂ် ကလပ် တွေရဲ့ ဖိတ်ခေါ် မှုကို စောင့်ဆိုင်း နေတယ် လို့ သိရှိ ရပြန် ပါတယ် ။အကယ်လို့ သူ PSG အသင်း နဲ့ စာချုပ် သက်တမ်း မတိုးမီ ပရီးမီးယား လိဂ် ထိပ်သီး ကလပ် တစ်သင်း သင်း က လာရောက် ကစား ဖို့ ကမ်းလှမ်း ခဲ့ ပါက သူဟာ အင်္ဂလန် မြေ အထိ ပါ နယ်ချဲ့ သွားဖို့ အတွက် ဆန္ဒ ရှိနေ တယ်လို့ သိရှိ ရ ပါတယ် ။အဲလ်ဗတ် ဟာ 2017 ခုနှစ် တုန်းက PSG အသင်း ဆီ မပြောင်း ရွှေ့မီ ပရီးမီးယား လိဂ် ထိပ်သီး ကလပ် တွေ ဖြစ်ကြ တဲ့ ချဲလ်ဆီး ၊ မန်စီးတီး နဲ့ ယူနိုက်တက် အသင်း တွေရဲ့ စိတ်ဝင်စား မှုကို ခံခဲ့ ရပါ သေးတယ် ။
Ye Win Soe Editor
Sorry! The Author has not filled his profile.
×
Ye Win Soe Editor
Sorry! The Author has not filled his profile.
Comment here