Sport

ေနာက္ခံလူ တစ္ေယာက္ကုိ ေရာင္းထုတ္ျပီး အာဂ်င္တီးနား ေနာက္ခံလူကုိ ေခၚယူဖုိ႔ ပစ္မွတ္ထားေနခဲ့တဲ့ အာဆင္နယ္

အာဆင္နယ္ အသင္း ဟာ ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြနဲ႔ အၾကီးအက်ယ္ ခံေနရတဲ့ ေနာက္ခံလူ မူစတာဖီ ကုိ ေရာင္းထုတ္ ျပီး ဂရီမီယုိ နဲ႔ အာဂ်င္တီးနား ေနာက္ခံလူ ေဝါလ္တာ ကာနီမန္း ( Walter Kannemann ) ကုိ ေခၚယူဖုိ႔ ပစ္မွတ္ ထား ေနပါ တယ္ ။အာဆင္နယ္ အသင္း ဟာ ခ်န္ပီယံလိဂ္ ဝင္ခြင့္သာ မရပါက လာမယ့္ ေႏြရာသီမွာ အေျပာင္းအေရႊ႕ အသုံး စရိတ္ ေပါင္ သန္း ၅၀ ေအာက္သာ ရရွိဖြယ္ ရွိေနတယ္ လုိ႔ သတင္းေတြ ထြက္ေပၚ ေနျပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရရင္ေတာ့ ပုိမ်ားတဲ့ ပမာဏကုိ အသုံးျပဳဖြယ္ ရွိေနပါတယ္ ။အာဆင္နယ္ အသင္း ဟာ ယခုႏွစ္ ရာသီ ပရီးမီးယားလိဂ္မွာ အဆင့္ ငါးေနရာမွာသာ ရပ္တည္ နုိင္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ ဝင္ခြင့္နဲ႔ လြဲေခ်ာ္ ခဲ့ပါတယ္ ။

ဒါေပ မယ့္ အာဆင္နယ္ အသင္းဟာ ယူရုိပါလိဂ္ ဗုိလ္လုပြဲ တက္ေရာက္ ထားနုိင္တာေၾကာင့္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ေမ်ွာ္လင့္ခ်က္ ရွိေနပါေသး တယ္ ။Fox Sports Argentina ရဲ႕ ေဖာ္ျပခ်က္ အရ အာဆင္နယ္ အသင္းဟာ ဂရီမီယုိ အသင္း ေနာက္္ခံလူ ကာနီမန္း ကုိ ေခၚယူဖုိ႔ စိတ္ ဝင္စား ေနျပီး ေပါင္ ၁၁ သန္း ဝန္းက်င္နဲ႔ ကမ္းလွမ္း ဖုိ႔ စီစဥ္ ေန တယ္ လုိ႔ သတင္းေတြ ထြက္ ေပၚ ေန ပါ တယ္ ။အသက္ ၂၈ ႏွစ္ အရြယ္ ရွိျပီ ျဖစ္တဲ့ အာဂ်င္တီးနား လက္ေရြးစင္ ေနာက္ခံလူ ကာနီမန္း ရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကးဟာ ေပါင္ ၁၇ သန္း ရွိေနေပမယ့္

အာဆင္နယ္ အသင္း ကေတာ့ ေပါင္ ၁၁ ဝန္းက်င္နဲ႔သာ ကမ္းလွမ္းဖုိ႕ စီစဥ္ ေနတာလည္း ျဖစ္ပါတယ္ ။ ကာနီမန္း ဟာ ဆန္ေလာ္ရန္ဇုိ အသင္း နဲ႕ေရာ ၊ ဂရီမီယုိ အသင္းနဲ႔ပါ ကုိပါ လစ္ဘာေတးဒုိး ဖလားကုိ ရယူထားနုိင္ျပီး ၂၀၁၈ ခုႏွစ္ တုန္းက ဂြာတီမာလာ နဲ႕ ေျခစမ္းပြဲမွာ နုိင္ငံ လက္ေရြးစင္ အသင္းအတြက္ ပြဲဦးထြက္ ကစားခြင့္ ရခဲ့ပါတယ္ ။ ဒါ့အျပင္ ကုိပါအေမရိက ဖလား ကစားမယ့္ အာဂ်င္တီးနား အသင္းရဲ႕ ပဏာမ အေယာက္ ၄၀ လူစာရင္းမွာ ပါဝင္ခဲ့ပါတယ္ ။

Unicode


နောက်ခံလူ တစ်ယောက်ကို ရောင်းထုတ်ပြီး အာဂျင်တီးနား နောက်ခံလူကို ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့တဲ့ အာဆင်နယ်
အာဆင်နယ် အသင်း ဟာ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ အကြီးအကျယ် ခံနေရတဲ့ နောက်ခံလူ မူစတာဖီ ကို ရောင်းထုတ် ပြီး ဂရီမီယို နဲ့ အာဂျင်တီးနား နောက်ခံလူ ဝေါလ်တာ ကာနီမန်း ( Walter Kannemann ) ကို ခေါ်ယူဖို့ ပစ်မှတ် ထား နေပါ တယ် ။အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်သာ မရပါက လာမယ့် နွေရာသီမှာ အပြောင်းအရွှေ့ အသုံး စရိတ် ပေါင် သန်း ၅၀ အောက်သာ ရရှိဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရင်တော့ ပိုများတဲ့ ပမာဏကို အသုံးပြုဖွယ် ရှိနေပါတယ် ။အာဆင်နယ် အသင်းဟာ ယခုနှစ် ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ငါးနေရာမှာသာ ရပ်တည် နိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော် ခဲ့ပါတယ် ။ ဒါပေမယ့် အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်ရောက် ထားနိုင်တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ရှိနေပါသေးတယ် ။Fox Sports Argentina ရဲ့ ဖော်ပြချက် အရ အာဆင်နယ် အသင်းဟာ ဂရီမီယို အသင်း နောက််ခံလူ ကာနီမန်း ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပြီး ပေါင် ၁၁ သန်း ဝန်းကျင်နဲ့ ကမ်းလှမ်း ဖို့ စီစဉ် နေ တယ် လို့ သတင်းတွေ ထွက် ပေါ် နေ ပါ တယ် ။အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာဂျင်တီးနား လက်ရွေးစင် နောက်ခံလူ ကာနီမန်း ရဲ့ စာချုပ် ဖျက်သိမ်းကြေးဟာ ပေါင် ၁၇ သန်း ရှိနေပေမယ့် အာဆင်နယ် အသင်း ကတော့ ပေါင် ၁၁ ဝန်းကျင်နဲ့သာ ကမ်းလှမ်းဖို့ စီစဉ် နေတာလည်း ဖြစ်ပါတယ် ။ ကာနီမန်း ဟာ ဆန်လော်ရန်ဇို အသင်း နဲ့ရော ၊ ဂရီမီယို အသင်းနဲ့ပါ ကိုပါ လစ်ဘာတေးဒိုး ဖလားကို ရယူထားနိုင်ပြီး ၂၀၁၈ ခုနှစ် တုန်းက ဂွာတီမာလာ နဲ့ ခြေစမ်းပွဲမှာ နိုင်ငံ လက်ရွေးစင် အသင်းအတွက် ပွဲဦးထွက် ကစားခွင့် ရခဲ့ပါတယ် ။ ဒါ့အပြင် ကိုပါအမေရိက ဖလား ကစားမယ့် အာဂျင်တီးနား အသင်းရဲ့ ပဏာမ အယောက် ၄၀ လူစာရင်းမှာ ပါဝင်ခဲ့ပါတယ် ။

Ye Win Soe Editor
Sorry! The Author has not filled his profile.
×
Ye Win Soe Editor
Sorry! The Author has not filled his profile.

Comment here