Sport

ေပါေခ်ာင္ေကာင္း နဲ႔ ရပါကဆန္းခ်က္ကို လစာေငြ အနည္းအငယ္နဲ႔ ေခၚယူႏိုင္ဖို႔ ခ်ဥ္းကပ္မွဳေတြျပဳလုပ္ေနခဲ႔တဲ႔ အင္တာမီလန္ အသင္း

ဆန္းခ်က္ ဟာ ၂၀၁၈ ေဆာင္းရာသီ ေစ်းကြက္ အတြင္းမွာ မစ္ခီတာရန္း နဲ႔ အလဲအထပ္အျဖစ္ ယူႏိုက္တက္ အသင္းကို ေျပာင္းေရႊ႕ခဲ႔ တာျဖစ္ျပီး အိုးထရက္ဖို႔ဒ္ေျမကို ေရာက္ရွိအျပီးမွာ ေျခစြမ္းေကာင္းရဖို႔ ရုန္းကန္ေနခဲ႔ရတာျဖစ္ပါတယ္။ဒါ့အျပင္ အခုခ်ိန္မွာ သူ႔အေပၚ ခံစားခြင့္ အလြန္အမင္းေပးအပ္ထားမွဳ အေပၚကို အသင္းရဲ႕ ထိပ္တန္း ကစားသမား အခ်ိဳ႔ကအျမင္ မျကည္လင္မွဳေတြရွိေန ခဲ႔ျပီလို႔သိ ရပါတယ္။ယူႏိုက္တက္ အသင္းတာဝန္ရိွသူေတြကလည္း ေျခစြမ္းျပႏိုင္ျခင္းမရွိပဲ လစာေငြ အေျမာက္အမ်ားေပးေခ် ေနရတဲ႔ ဒီခ်ီလီ

 

သားကို အခုေႏြရာသီ ေစ်းကြက္ ဖြင့္ခ်ိန္မွာ ေရာင္းထုတ္ျပီးခ်င္ေနခဲ့တာပါ ဆန္းခ်က္ ကို ေခၚယူႏိုင္ဖို႔အီတလီ အေျခစုိက္ အသင္းေတြ ကစိတ္ဝင္စားေနတာျဖစ္ျပီး ဂ်ဳဗီ နဲ႔ အင္တာအသင္းတို႔က ကစားသမားရဲ႕ ေအးဂ်င့္ျဖစ္သူ ဖာနန္ဒို ဖယ္လီစီဗစ္နဲ႔ေတာင္ ေဆြးေႏြး မွဳေတြျပဳလုပ္ထားခဲ႔ျပီလို႕ Daily Mail သတင္းစာကဆိုပါတယ္။ အဆို ပါ ၂သင္းစလံုး ဟာ ဆန္းခ်က္ရဲ႔ တႏွစ္စာလခ ျဖစ္တဲ႔ ေပါင္ ၂၆သန္းကေန ေလ်ွာ့ခိုင္းရာမွာ အဆင္ေျပသြားခဲ႔ျပီ ျဖစ္ေပမယ့္ ဖာနန္ဒိုဖယ္လီစီဗစ္ကေတာ့ သူ႔ကစားသမားဟာ အနည္းဆံုး တပတ္

လုပ္ခ (အခြန္ေဆာင္ျပီး )ေပါင္ 2သိန္းနီးပါ ရသင့္ တယ္ လို႔ ေစ်းေခၚေနတယ္လို႔ သိရပါတယ္။Daily Mail ဂ်ာနယ္လစ္ တဦးျဖစ္တဲ႔ အဒမ္ခရက္ဖ္တန္ ရဲ႕အဆိုအရ အင္တာ အသင္း ဟာ ဆန္းခ်က္ကို အခုေႏြမွာ ေခၚယူႏိုင္ဖို႔ ပံုမွန္ ခ်ဥ္းကပ္မွဳေတြျပဳလုပ္ထားျပီး ယူႏိုက္တက္ အသင္းဘက္ကလည္း ေျပာင္း ေရႊ႕ေျကးကို အတတ္ႏိုင္ဆံုး ေလ်ွာ့ခ်ေပးသြားဖို႔ ရွိေနတယ္လို႕ သိရပါတယ္။ယူႏိုက္တက္ အသင္းကေတာ့ ဆန္းခ်က္ရဲ႔ ေနရာအတြက္ နီကိုလက္စ္ပီပီ သို႔မဟုတ္ ဒန္နီရယ္ ဂ်ိန္းစ္တဦးဦးကို ေခၚယူသြားဖို႕ ခ်ိတ္ဆက္မွဳေတြျပဳ လုပ္ေနပါတယ္။ လိုင္လီ အသင္းရဲ႕ တိုက္စစ္ ကစားသမား ပီပီဟာ ဒီရာသီမွာ လိီဂူးပြဲစဥ္ ၃၆ပြဲ ပါဝင္ကစားေပးထားအျပီးမွာ ၃၁ ဂိုးအထိပါဝင္ ပတ္သက္ထားႏိုင္ခဲ႔ပါတယ္။

Unicode


ပေါချောင်ကောင်း နဲ့ ရပါကဆန်းချက်ကို လစာငွေ အနည်းအငယ်နဲ့ ခေါ်ယူနိုင်ဖို့ ချဉ်းကပ်မှုတွေပြုလုပ်နေခဲ့တဲ့ အင်တာမီလန် အသင်း
ဆန်းချက် ဟာ ၂၀၁၈ ဆောင်းရာသီ စျေးကွက် အတွင်းမှာ မစ်ခီတာရန်း နဲ့ အလဲအထပ်အဖြစ် ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်မြေကို ရောက်ရှိအပြီးမှာ ခြေစွမ်းကောင်းရဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ဒါ့အပြင် အခုချိန်မှာ သူ့အပေါ် ခံစားခွင့် အလွန်အမင်းပေးအပ်ထားမှု အပေါ်ကို အသင်းရဲ့ ထိပ်တန်း ကစားသမား အချို့ကအမြင် မကြည်လင်မှုတွေရှိနေခဲ့ပြီလို့သိရပါတယ်။ယူနိုက်တက် အသင်းတာဝန်ရှိသူတွေကလည်း ခြေစွမ်းပြနိုင်ခြင်းမရှိပဲ လစာငွေ အမြောက်အများပေးချေ နေရတဲ့ ဒီချီလီ သားကို အခုနွေရာသီ စျေးကွက် ဖွင့်ချိန်မှာ ရောင်းထုတ်ပြီးချင်နေခဲ့တာပါ ဆန်းချက် ကို ခေါ်ယူနိုင်ဖို့အီတလီ အခြေစိုက် အသင်းတွေကစိတ်ဝင်စားနေတာဖြစ်ပြီး ဂျုဗီ နဲ့ အင်တာအသင်းတို့က ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဖာနန်ဒို ဖယ်လီစီဗစ်နဲ့တောင် ဆွေးနွေးမှုတွေပြုလုပ်ထားခဲ့ပြီလို့ Daily Mail သတင်းစာကဆိုပါတယ်။ အဆို ပါ ၂သင်းစလုံး ဟာ ဆန်းချက်ရဲ့ တနှစ်စာလခ ဖြစ်တဲ့ ပေါင် ၂၆သန်းကနေ လျှော့ခိုင်းရာမှာ အဆင်ပြေသွားခဲ့ပြီ ဖြစ်ပေမယ့် ဖာနန်ဒိုဖယ်လီစီဗစ်ကတော့ သူ့ကစားသမားဟာ အနည်းဆုံးတပတ်လုပ်ခ(အခွန်ဆောင်ပြီး )ပေါင် 2သိန်းနီးပါ ရသင့် တယ် လို့ စျေးခေါ်နေတယ်လို့ သိရပါတယ်။Daily Mail ဂျာနယ်လစ် တဦးဖြစ်တဲ့ အဒမ်ခရက်ဖ်တန် ရဲ့အဆိုအရ အင်တာ အသင်း ဟာ ဆန်းချက်ကို အခုနွေမှာ ခေါ်ယူနိုင်ဖို့ ပုံမှန် ချဉ်းကပ်မှုတွေပြုလုပ်ထားပြီး ယူနိုက်တက် အသင်းဘက်ကလည်း ပြောင်း ရွှေ့ကြေးကို အတတ်နိုင်ဆုံး လျှော့ချပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ယူနိုက်တက် အသင်းကတော့ ဆန်းချက်ရဲ့ နေရာအတွက် နီကိုလက်စ်ပီပီ သို့မဟုတ် ဒန်နီရယ် ဂျိန်းစ်တဦးဦးကို ခေါ်ယူသွားဖို့ ချိတ်ဆက်မှုတွေပြု လုပ်နေပါတယ်။ လိုင်လီ အသင်းရဲ့ တိုက်စစ် ကစားသမား ပီပီဟာ ဒီရာသီမှာ လိီဂူးပွဲစဉ် ၃၆ပွဲ ပါဝင်ကစားပေးထားအပြီးမှာ ၃၁ ဂိုးအထိပါဝင် ပတ်သက်ထားနိုင်ခဲ့ပါတယ်။

Ye Win Soe Editor
Sorry! The Author has not filled his profile.
×
Ye Win Soe Editor
Sorry! The Author has not filled his profile.

Comment here