Sport
Unicode
ဂရစ်ဇ်မန်း နေရာ အစားထိုးဖို့ အတွက် အာဆင်နယ် တိုက်စစ်မှူးကို လာကာဇက် ကို ပစ်မှတ်လာခဲ့တဲ့ အက်သလက်တီကို
၂၀၁၄ ခုနှစ် ကတည်းက အေတီကို အသင်း ရဲ့ ပင်တိုင် ဂိုးသွင်းစက် အဖြစ် ရပ်တည်လာတဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ် မှူး ဂရစ်ဇ်မန်း ဟာ ၂၀၁၉ ခုနှစ်မှာတော့ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတိအလင်း ကြေညာ ထားပါတယ် ။ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ ဘာစီလိုနာ ရဲ့ အကြိမ်ကြိမ် ချဉ်းကပ်မှုကို ခံခဲ့ရသည့် တိုင်အောင် ၊ အေတီကိုမှာ ဆက်ရှိဖို့ ဆုံးဖြတ် ချက် ချမှတ်ခဲ့ပေမယ့် ၊ ဒီရာသီမှာတော့ ဂရစ်ဇ်မန်း ရဲ့ စိတ်တွေဟာ ပြောင်းလဲ သွားခဲ့ ပါပြီ ။လက်ရှိ အနေအထား အရ သူ့ရဲ့ စာချုပ်သိမ်းခွင့် လျော်ကြေးဟာ ယူရို သန်း ၂၀၀ ရှိနေသော်လည်း ၊ ဇူလိုင် ၁ ရက်နေ့ အရောက်မှာတော့ ယူရို သန်း ၁၂၀ အထိ လျော့ကျ သွားမှာ ဖြစ်ပါတယ် ။ ဘာစီလိုနာ အသင်းဟာ ဂရစ်ဇ်မန်းကို အဲဒီ ပမာဏ အတိုင်းပေးပြီး ခေါ်ယူသွားဖွယ် ရှိနေပါတယ် ။ဒါကြောင့် အေတီကို အသင်း ဟာ တိုက်စစ် အင်အားကို ပြန်လည် ဖြည့်တင်းဖို့ရန် အာဆင်နယ် အသင်း တိုက်စစ်မှူး လာကာဇက် ကို ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ လာကာဇက် ဟာ ဒီရာသီမှာ အသင်းဖော် တိုက်စစ်မှူး အူဘာမီယန်း နဲ့ အတွဲညီညီ ခြေစွမ်းပြ ကစားနေပြီး အာဆင်နယ် အသင်း ကတော့ တိုက်စစ်မှူး နှစ် ဦး စ လုံး ကို စာ ချုပ် သစ် ချုပ် ဖို့ ပြင် ဆင် နေ ပါ တယ် ။လာကာဇက် ဟာ အာဆင်နယ် အသင်းနဲ့ စာချုပ် သက်တမ်း ၂၀၂၂ အထိ ကျန်ရှိ နေပါသေးတယ် ။ လာကာဇက် ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၃ ဂိုး အထိ သွင်းယူထားပြီး ဂိုးဖန်တီးမှု ၈ ကြိမ် ပြု လုပ် ထားပါတယ် ။ လာကာဇက် ဟာ ပြိုင်ပွဲစုံ စုစုပေါင်း ၄၈ ပွဲ မှာတော့ ၁၉ ဂိုး အထိ သွင်း ယူထားနိုင်ပြီး အာဆင်နယ် အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိ ထားသူပါ ။
Ye Win Soe Editor
Sorry! The Author has not filled his profile.
×
Ye Win Soe Editor
Sorry! The Author has not filled his profile.
Comment here