Sport

အျမင့္ဆံုး ဆုေတြ ထဲက တစ္ဆု ျဖစ္တဲ့ Creu de Sant Jordi ဆုကို ကတ္တလန္ အစိုးရက ကုိယ္တုိင္ မက္ဆီ ကုိ ခ်ီးျမွင့္

ဘာစီလိုနာ အသင္းရဲ႕ အသင္းေခါင္းေဆာင္ ၊ မက္ဆီဟာ ကတ္တလန္ အစိုးရကေန ခ်ီးျမွင့္တဲ့ အျမင့္ဆံုး ဆုေတြ ထဲက တစ္ဆု ျဖစ္တဲ့ Creu de Sant Jordi ဆုကို မေန႔ညက လက္ခံ ရယူသြားခဲ့ ပါတယ္။ဒီဆုကို သမၼတ ကြင္ေတာ္ရာ ကိုယ္တိုင္ ခ်ီးျမွင့္ခဲ့တာ ျဖစ္ျပီး ၊ ကတ္တ လန္ ေဒသရဲ႕ ပံုရိပ္ကို ျမွင့္တင္ေပးတဲ့ သူေတြ နဲ႔ ၊ အရပ္ဘက္ဆိုင္ရာ လူမႈ ထူးခႊ်န္ေရး လုပ္ ငန္းမွာ ေျပာင္ေျမာက္စြာ တာ၀န္ထမ္းေဆာင္ခဲ့

တဲ့ သူေတြကို ေပးအပ္ခဲ့တာ ျဖစ္ပါတယ္။မက္ဆီဟာ ဒီဆုေပးပြဲကို ကလပ္ ဥကၠဌၾကီး ဘာတုိျမဴရဲ႕ ဦးေဆာင္မႈ နဲ႔ ေရာက္ရွိလာခဲ့ျပီး ၊ ဒုတိ ယ ဥကၠဌ ကာဒိုနာ ၊ မက္စ္ထရီ ၊ ဘုတ္အဖြဲ႔၀င္ေတြ ျဖစ္တဲ့ အလီယက္ ၊ ဒီဒက္လီ ၊ ေရာ့ေဆာ့ ၊ ဂ်ိဳးဆက္ ပံု႔ ၊ အလုပ္အမႈေဆာင္ခ်ဳပ္ ေအာ္ စကာ ဂါရူ ၊ မန္ေနဂ်ာ ဆီဂူရာ ၊ အားကစား ဒါရိုတ္တာ အဘီဒယ္ တို႔လဲ ပါ၀င္ တက္ေရာက္ခဲ့ၾကပါတယ္။မက္ဆီ ဟာ သူ႔ရဲ႕ ကစားသမား

ဘ၀ တစ္ေလွ်ာက္ ေအာင္ျမင္ မႈေပါင္း မ်ားစြာနဲ႔ ျဖတ္သန္း ႏိုင္ခဲ့လို႔ ၊ ဒီဆုကို ႏွင္းအပ္ခံရမယ့္ အေၾကာင္းကို ဧျပီလ 30 ရက္ေန႔ ကတည္း က အသိေပး ခံခဲ့ရတာ ျဖစ္ပါတယ္။ သူဟာ ငယ္ငယ္ရြယ္ရြယ္ နဲ႔ ဘာစီလိုနာ ကို ေရာက္ရွိ လာခဲ့သူ ျဖစ္ျပီး ၊ အသင္းရဲ႕ အကယ္ဒမီမွာ အ ဆင့္ဆင့္ ေက်ာ္ျဖတ္ခဲ့ကာ ၊ ေဘာလံုး သမိုင္းေၾကာင္း တစ္ေလွ်ာက္ အေကာင္းဆံုး ကစားသမား တစ္ေယာက္ အျဖစ္ သတ္မွတ္ခံ ရေ

လာက္ေအာင္ ေအာင္ျမင္မႈေတြ ရွာေဖြ ႏိုင္ခဲ့သူ ျဖစ္ပါတယ္။ဒါ့အျပင္ သူရဲ႕ လူသားဆန္မႈ ၊ ရိုးသားမႈ ၊ တီ ထြင္ဖန္တီး ႏိုင္မႈ ၊ အသင္းလိုက္ စြမ္းေဆာင္ရည္ ျမင့္မားမႈ နဲ႔ ေလးစားမႈ အျပည့္ ထားတဲ့ စိတ္ဓါတ္ေတြ ေၾကာင့္လဲ ပိုျပီး ေတာ့ ဂုဏ္ေျပာင္ခဲ့ ရသလို ၊ သူ တည္ေထာင္ ထားခဲ့တဲ့ မက္ဆီ ေဖာင္ေဒးရွင္း ကေနလဲ ကေလးငယ္ေတြ အတြက္ က်န္းမားေရး ၊ ပညာေရး ေတြမွာ စြမ္းစြမ္းတမံ လုပ္ေဆာင္ေပး ခဲ့မႈေၾကာင့္ အခုလို ကတ္တလန္ အစိုးရ ကိုယ္တိုင္က အသိအမွတ္ ျပဳခံလိုက္ရတာ ျဖစ္ပါတယ္။

Unicode


အမြင့်ဆုံး ဆုတွေ ထဲက တစ်ဆု ဖြစ်တဲ့ Creu de Sant Jordi ဆုကို ကတ်တလန် အစိုးရက ကိုယ်တိုင် မက်ဆီ ကို ချီးမြှင့်
ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင် ၊ မက်ဆီဟာ ကတ်တလန် အစိုးရကနေ ချီးမြှင့်တဲ့ အမြင့်ဆုံး ဆုတွေ ထဲက တစ်ဆု ဖြစ်တဲ့ Creu de Sant Jordi ဆုကို မနေ့ညက လက်ခံ ရယူသွားခဲ့ ပါတယ်။ဒီဆုကို သမ္မတ ကွင်တော်ရာ ကိုယ်တိုင် ချီးမြှင့်ခဲ့တာ ဖြစ်ပြီး ၊ ကတ်တလန် ဒေသရဲ့ ပုံရိပ်ကို မြှင့်တင်ပေးတဲ့ သူတွေ နဲ့ ၊ အရပ်ဘက်ဆိုင်ရာ လူမှု ထူးချွှန်ရေး လုပ် ငန်းမှာ ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူတွေကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။မက်ဆီဟာ ဒီဆုပေးပွဲကို ကလပ် ဥက္ကဌကြီး ဘာတိုမြူရဲ့ ဦးဆောင်မှု နဲ့ ရောက်ရှိလာခဲ့ပြီး ၊ ဒုတိယ ဥက္ကဌ ကာဒိုနာ ၊ မက်စ်ထရီ ၊ ဘုတ်အဖွဲ့ဝင်တွေ ဖြစ်တဲ့ အလီယက် ၊ ဒီဒက်လီ ၊ ရော့ဆော့ ၊ ဂျိုးဆက် ပုံ့ ၊ အလုပ်အမှုဆောင်ချုပ် အော်စကာ ဂါရူ ၊ မန်နေဂျာ ဆီဂူရာ ၊ အားကစား ဒါရိုတ်တာ အဘီဒယ် တို့လဲ ပါ၀င် တက်ရောက်ခဲ့ကြပါတယ်။မက်ဆီ ဟာ သူ့ရဲ့ ကစားသမား ဘဝ တစ်လျှောက် အောင်မြင် မှုပေါင်း များစွာနဲ့ ဖြတ်သန်း နိုင်ခဲ့လို့ ၊ ဒီဆုကို နှင်းအပ်ခံရမယ့် အကြောင်းကို ဧပြီလ 30 ရက်နေ့ ကတည်းက အသိပေး ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ငယ်ငယ်ရွယ်ရွယ် နဲ့ ဘာစီလိုနာ ကို ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး ၊ အသင်းရဲ့ အကယ်ဒမီမှာ အဆင့်ဆင့် ကျော်ဖြတ်ခဲ့ကာ ၊ ဘောလုံး သမိုင်းကြောင်း တစ်လျှောက် အကောင်းဆုံး ကစားသမား တစ်ယောက် အဖြစ် သတ်မှတ်ခံရလောက်အောင် အောင်မြင်မှုတွေ ရှာဖွေ နိုင်ခဲ့သူ ဖြစ်ပါတယ်။ဒါ့အပြင် သူရဲ့ လူသားဆန်မှု ၊ ရိုးသားမှု ၊ တီ ထွင်ဖန်တီး နိုင်မှု ၊ အသင်းလိုက် စွမ်းဆောင်ရည် မြင့်မားမှု နဲ့ လေးစားမှု အပြည့် ထားတဲ့ စိတ်ဓါတ်တွေ ကြောင့်လဲ ပိုပြီး တော့ ဂုဏ်ပြောင်ခဲ့ ရသလို ၊ သူ တည်ထောင်ထားခဲ့တဲ့ မက်ဆီ ဖောင်ဒေးရှင်း ကနေလဲ ကလေးငယ်တွေ အတွက် ကျန်းမားရေး ၊ ပညာရေး တွေမှာ စွမ်းစွမ်းတမံ လုပ်ဆောင်ပေးခဲ့မှုကြောင့် အခုလို ကတ်တလန် အစိုးရ ကိုယ်တိုင်က အသိအမှတ် ပြုခံလိုက်ရတာ ဖြစ်ပါတယ်။

Ye Win Soe Editor
Sorry! The Author has not filled his profile.
×
Ye Win Soe Editor
Sorry! The Author has not filled his profile.

Comment here