Celebrity News

ညိဳ႕ခ်က္ျပင္းစြာ ဖမ္းစားႏိုင္လြန္းအားၾကီးတဲ့ ေရႊကစ္ရဲ႕မ်က္လံုး၀ိုင္းမ်ား

Zawgyi Font

ဒီဇိုင္နာ 👗Min Thet Saen ( Sweet and Smart ) ရဲ႕ အရမ္းလွလြန္းတဲ့ ဖက္ရွင္ေလးနဲ႕ ခံ့ညားစြာလွပေနတဲ့ ေရႊကစ္ကို အမဲေရာင္ဖက္ရွင္ေလးနဲ႕လုိက္ဖက္ေအာင္ မိတ္ကပ္ 💄May Oo (May Oo’s magic) က အလွဆံုးလိမ္းျခယ္ျပင္ဆင္ေပးခဲ့တာေၾကာင့္ ေရႊကစ္ရဲ႕အလွက ပိုမိုတင့္တယ္သြားေစခဲ့ပါတယ္။

Image may contain: 1 person

အသြင္ဆန္းျပားတဲ့ ဖက္ရွင္အလန္းစားေလးနဲ႕ လွေနခဲ့တဲ့ ေရြႊကစ္ရဲ႕အလွဓာတ္ပံုမ်ားထက္ ေရႊကစ္ရဲ႕မ်က္လံုး၀ိုင္းမ်ားက ညိဳ႕ခ်က္ျပင္းစြာ ဖမ္းစားႏိုင္လြန္းအားၾကီးေနတာကို ေတြ႕ရပါတယ္။

Image may contain: 1 person, closeup

သိပ္မၾကာခင္ကပဲ ေရႊကစ္တစ္ေယာက္ ဂ်ပန္ႏိုင္ငံကို အလုပ္ကိစၥနဲ႕ေရာက္ရွိခဲ့ၿပီး ေရႊကစ္အတြက္ ျပည္ပခရီးစဥ္ေလးျဖစ္ခဲ့ၿပီး အစားအေသာက္မ်ားကို စားရင္း ေပ်ာ္ရႊင္ေစခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံက သိပ္လွတဲ့ ဖူဂ်ီေတာင္ၾကီးနဲ႕အတူ  ခ်စ္စဖြယ္ေကာင္းေအာင္ ပို႕စ္ေလးေတြေပးရင္း ေရႊကစ္တစ္ေယာက္ အေတာ္ေလး ေအးခ်မ္းေနတာ ေတြ႕ရပါတယ္။

Image may contain: 1 person, standing

ဂ်ပန္ႏိုင္ငံကို ေရာက္ရွိစဥ္ကာလပတ္လံုး လည္ပတ္ခဲ့တဲ့ ေနရာေဒသမ်ားကို သူမရဲ႕လူမႈကြန္ယက္ေပၚမွာ ေတာက္ေလွ်ာက္မွ်ေ၀ေပးခဲ့ပါတယ္။ ဂ်ပန္ႏိုင္ငံကို ရက္ၾကာေရာက္ေနတဲ့ ေရႊကစ္တစ္ေယာက္ အရင္ကထက္ ပိုလွလာတယ္လို႕ ပရိသတ္မ်ားက ထင္စမွတ္ျပဳၾကပါတယ္။

Image may contain: 1 person

၀တ္မႈန္ေရႊရည္ဟာ အႏုပညာလုပ္ငန္းမ်ားကို အားတက္သေရာ ၾကိဳးၾကိဳးစားစားလုပ္ကိုင္ေနၿပီး ရုပ္ရွင္ဇာတ္ကားၾကီးမ်ား၊ ေၾကာ္ျငာမ်ားနဲ႕ ပြဲအခမ္းအနားမ်ားကို တက္ေရာက္ေနတာ ျဖစ္ပါတယ္။ သို႕ေပမယ့္လို႕ ၀တ္မႈန္ေရႊရည္ဟာ အခ်စ္ေရးမွာ အလြန္တည္ၿငိမ္ေနခဲ့ၿပီး သူမရဲ႕အခ်စ္ေရးအေၾကာင္း ပရိသတ္မ်ားကို အသိေပးထားတာမ်ိဳးလည္း မရွိေသးပါဘူး။

Image may contain: 1 person

Source From Wutt Hmone Shwe Yi

 

Unicode Font
ဒီဇိုင်နာ 👗Min Thet Saen ( Sweet and Smart ) ရဲ့ အရမ်းလှလွန်းတဲ့ ဖက်ရှင်လေးနဲ့ ခံ့ညားစွာလှပနေတဲ့ ရွှေကစ်ကို အမဲရောင်ဖက်ရှင်လေးနဲ့လိုက်ဖက်အောင် မိတ်ကပ် 💄May Oo (May Oo’s magic) က အလှဆုံးလိမ်းခြယ်ပြင်ဆင်ပေးခဲ့တာကြောင့် ရွှေကစ်ရဲ့အလှက ပိုမိုတင့်တယ်သွားစေခဲ့ပါတယ်။အသွင်ဆန်းပြားတဲ့ ဖက်ရှင်အလန်းစားလေးနဲ့ လှနေခဲ့တဲ့ ရွွှေကစ်ရဲ့အလှဓာတ်ပုံများထက် ရွှေကစ်ရဲ့မျက်လုံးဝိုင်းများက ညို့ချက်ပြင်းစွာ ဖမ်းစားနိုင်လွန်းအားကြီးနေတာကို တွေ့ရပါတယ်။သိပ်မကြာခင်ကပဲ ရွှေကစ်တစ်ယောက် ဂျပန်နိုင်ငံကို အလုပ်ကိစ္စနဲ့ရောက်ရှိခဲ့ပြီး ရွှေကစ်အတွက် ပြည်ပခရီးစဉ်လေးဖြစ်ခဲ့ပြီး အစားအသောက်များကို စားရင်း ပျော်ရွှင်စေခဲ့ပါတယ်။ ဂျပန်နိုင်ငံက သိပ်လှတဲ့ ဖူဂျီတောင်ကြီးနဲ့အတူ  ချစ်စဖွယ်ကောင်းအောင် ပို့စ်လေးတွေပေးရင်း ရွှေကစ်တစ်ယောက် အတော်လေး အေးချမ်းနေတာ တွေ့ရပါတယ်။ဂျပန်နိုင်ငံကို ရောက်ရှိစဉ်ကာလပတ်လုံး လည်ပတ်ခဲ့တဲ့ နေရာဒေသများကို သူမရဲ့လူမှုကွန်ယက်ပေါ်မှာ တောက်လျှောက်မျှဝေပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံကို ရက်ကြာရောက်နေတဲ့ ရွှေကစ်တစ်ယောက် အရင်ကထက် ပိုလှလာတယ်လို့ ပရိသတ်များက ထင်စမှတ်ပြုကြပါတယ်။ဝတ်မှုန်ရွှေရည်ဟာ အနုပညာလုပ်ငန်းများကို အားတက်သရော ကြိုးကြိုးစားစားလုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးများ၊ ကြော်ငြာများနဲ့ ပွဲအခမ်းအနားများကို တက်ရောက်နေတာ ဖြစ်ပါတယ်။ သို့ပေမယ့်လို့ ဝတ်မှုန်ရွှေရည်ဟာ အချစ်ရေးမှာ အလွန်တည်ငြိမ်နေခဲ့ပြီး သူမရဲ့အချစ်ရေးအကြောင်း ပရိသတ်များကို အသိပေးထားတာမျိုးလည်း မရှိသေးပါဘူး။
Source From Wutt Hmone Shwe Yi

Nway Htway Editor
Sorry! The Author has not filled his profile.
×
Nway Htway Editor
Sorry! The Author has not filled his profile.

Comment here