Celebrity News

ခင်ပွန်းသည်ရဲ့ဆိုင်မှာ လှလှလေး ဓာတ်ဖမ်းခဲ့တဲ့ ဗိုက်ဗိုက်လေးနဲ့ စန္ဒီမြင့်လွင်

Zawgyi Font


Image may contain: 1 person, smiling


Image may contain: 1 person, standing and shoes


Image may contain: 1 person, standing


Image may contain: 1 person, smiling


 

Unicode Font
မကြာသေးခင်က ခင်ပွန်းဖြစ်သူ ဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့တွင်းက ဘားလေးကို စန္ဒီမြင့်လွင်က သွားရောက်ခဲ့ပြီး လှပတဲ့အခန်းအပြင်အဆင်ချက်များနဲ့ ဓာတ်ဖမ်းခဲ့ပါတယ်။ ဗိုက်ဗိုက်လေးနဲ့ ဓာတ်ဖမ်းခဲ့တဲ့ ပုံလေးများကို ဒီးဒီက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ မျှဝေထားခဲ့ပါတယ်။စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံနှစ်ဦးက အာထရောင်ဆောင်းထဲက သမီးလေးရဲ့ လှုပ်ရှားမှုပုံရိပ်များကို ကြည့်ပြီး ကြည်နူးပီတိတွေဝေခဲ့ကြပါတယ်။ စန္ဒီမြင့်လွင်ကတော့ သမီးလေးကို အဖေတူသမီးလေးလို့ ကောက်ချက်ချခဲ့ပါတယ်။စန္ဒီမြင့်လွင်ရဲ့ ကိုယ်ဝန်က အခုဆိုရင် (၂၉) ပတ် ရှိနေပါပြီ။ ပထမဦးဆုံး ရင်သွေးလေးက စန္ဒီမြင့်လွင် လိုချင်နေတဲ့ သမီးလေး ကိုယ်ဝန်လွယ်ထားရမှန်း သိလိုက်ရတဲ့ အချိန်မှာ အပျော်ကြီးပျော်နေတာကို တွေ့ရပါတယ်။ လိုချင်နေတဲ့ သမီးဦးလေးဖြစ်တာကြောင့်လည်း အစ်မဖြစ်သူ စိုးမြတ်နန္ဒာနဲ့ ညီမဖြစ်သူ စိုးပြည့်သဇင်တို့က ဂုဏ်ပြု Surprise တွေ လုပ်ပေးခဲ့တာကို တွေ့ရပါတယ်။ဒီးဒီရဲ့ကိုယ်ဝန်က တဖြည်းဖြည်းရင့်လာတာနဲ့အမျှ လတ်တလောမှာတော့ အနုပညာအလုပ်များ ရပ်စဲထားပြီး ခင်ပွန်းဖြစ်သူရဲ့ဆိုင်အတွက် လိုအပ်သမျှကို တတ်နိုင်သမျှ လိုက်ပါကူညီဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။
Source From Sandy Myint Lwin

Nway Htway Editor
Sorry! The Author has not filled his profile.
×
Nway Htway Editor
Sorry! The Author has not filled his profile.

Comment here