Celebrity News

သမီးလေးရဲ့ လှုပ်ရှားမှုပုံရိပ်များကို ကြည့်ပြီး ကြည်နူးပီတိတွေဝေနေတဲ့ စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံ

Zawgyi Font


Image may contain: 2 people, people smiling, screen




Image may contain: screen



Image may contain: 3 people, people smiling, fireworks


 

Unicode Font
သမီးလေးရဲ့ လှုပ်ရှားမှုပုံရိပ်များကို ကြည့်ပြီး မကြာခင်မိဘများဖြစ်လာတော့မယ့် စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံနှစ်ဦးက ကြည်နူးပီတိတွေဝေနေခဲ့ကြပါတယ်။ စန္ဒီမြင့်လွင်ကတော့ သမီးလေးကို အဖေတူသမီးလေးလို့ ကောက်ချက်ချခဲ့ပါတယ်။စန္ဒီမြင့်လွင်က “အဖေတူသမီးလေး နူတ်ခမ်းနှာခေါင်းတွေက😍မျက်နှာကိုလက်နဲ ့ကွယ်လိုက်ခြေထောက်နဲ ့ကွယ်လိုက်နဲ ့မနည်းရိုက်ရတယ် စိတ်ရှည်လက်ရှည်ရိုက်ပေးတဲ့ဆရာမကိုကျေးဇူးအများကြီးတင်ပါတယ်အပေါ်နူတ်ခမ်းကတော့အမေတူသလားလို ့😍” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ကြည်နူးစွာ ရေးသားထားခဲ့ပါတယ်။စန္ဒီမြင့်လွင်ရဲ့ ကိုယ်ဝန်က အခုဆိုရင် (၂၉) ပတ် ရှိနေပါပြီ။ ပထမဦးဆုံး ရင်သွေးလေးက စန္ဒီမြင့်လွင် လိုချင်နေတဲ့ သမီးလေး ကိုယ်ဝန်လွယ်ထားရမှန်း သိလိုက်ရတဲ့ အချိန်မှာ အပျော်ကြီးပျော်နေတာကို တွေ့ရပါတယ်။ လိုချင်နေတဲ့ သမီးဦးလေးဖြစ်တာကြောင့်လည်း အစ်မဖြစ်သူ စိုးမြတ်နန္ဒာနဲ့ ညီမဖြစ်သူ စိုးပြည့်သဇင်တို့က ဂုဏ်ပြု Surprise တွေ လုပ်ပေးခဲ့တာကို တွေ့ရပါတယ်။သူမဟာ ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ (၂၀၁၈) ခုနှစ် မတ်လ (၄) ရက်နေ့က မင်္ဂလာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး မတ်လ (၁၁) ရက်နေ့မှာတော့ မင်္ဂလာဧည့်ခံပွဲ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
Source From Sandy Myint Lwin

Nway Htway Editor
Sorry! The Author has not filled his profile.
×
Nway Htway Editor
Sorry! The Author has not filled his profile.

Comment here