Sports

ခ်ယ္လ္ဆီး အသင္းရဲ႕ နည္းျပသစ္ ျဖစ္ဖို႕ အတြက္ ေကာလဟလ ေတြ ထြက္ေပၚ ေနတာ မဆန္းၾကယ္ပါဘူး ဖရန္႔လမ္းပတ္

ခ်ယ္လ္ဆီး အသင္း ဟာ လာမယ့္ ယူရိုပါလိဂ္ ဗိုလ္လုပြဲ အျပီး မွာ ၄င္းတို႕ အသင္း ရဲ႕ လက္ရွိ နည္းျပ ေမာ္ရစ္ဇီယို ဆာရီ ကို ဆက္လက္ ခန္႕အပ္ သြားဖို႕ အစီအစဥ္ ရွိမရွိ ဆံုးျဖတ္ သြားဖို႕ ရွိေနပါတယ္ ။ ဆာရီ ကို စီးရီးေအ ကလပ္ တခ်ိဳ႕ ျဖစ္ တဲ့ ဂ်ဴဗင္တပ္ ၊ အင္တာမီလန္ ၊ ရိုးမား အစရွိ တဲ့ အသင္း ေတြက ခ်ဥ္းကပ္ ေနသလို လာမယ့္ ေဘာလံုး ရာသီ မွာ ကစား သမား ေခၚယူခြင့္ အပိတ္ခံ ထားရတဲ့ ခ်ယ္လ္ဆီး အတြက္ ဆာရီ ဟာ သင့္ေလ်ာ္မယ့္ နည္းျပ တဦး ျဖစ္ႏိုင္မလား ဆို

Source – Sky Sport

တာ စဥ္းစား ဆံုးျဖတ္စရာ ျဖစ္ပါတယ္ ။ ေလာေလာဆယ္ မွာ ခ်ယ္လ္ဆီး အသင္း ဟာ ၄င္းတို႕ အသင္း ရဲ႕ ကြင္းလယ္ လူေဟာင္း ၊ လက္ရွိ ဒါဘီ နည္းျပ ဖရန္႕ လမ္းပတ္ ကို ၄င္းတို႕ အသင္း ရဲ႕ နည္းျပသစ္ ခန္႕အပ္ ဖို႕ စာရင္း ထဲမွာ လ်ာ ထား တာ ကို ေတြ႕ရပါတယ္ ။ လမ္းပတ္ ဟာ ယခုႏွစ္ ေဘာလံုး ရာသီ မွာမွ ပေရာ္ဖက္ရွင္နယ္ နည္းျပ ေလာက ထဲကို စတင္ ဝင္ေရာက္ လာခဲ့တဲ့ ျဖစ္ျပီး ဒါဘီ အသင္း ကို လာမယ့္ ေဘာလံုး ရာသီ အတြက္ ပရီးမီးယားလိဂ္ ကို ျပန္ျပီး တန္း တက္ေအာင္ လုပ္ ေဆာင္ ေပးဖို႕ လက္တကမ္း အလိုမွာသာ ရွိေနပါေတာ့တယ္ ။ ဒါဘီ အသင္း ဟာ မနက္ျဖန္ ည မွာ

 Source – Sky Sport

ခ်န္ပီယံရွစ္ play-off ဗိုလ္လုပြဲ အျဖစ္ အက္စတြန္ ဗီလာ အသင္း နဲ႕ ဝင္ဘေလ ကြင္းၾကီး ထဲမွာ ထိပ္တိုက္ ရင္ဆိုင္ ရဖို႕ ရွိေနပါတယ္ ။ မေန႕က အင္တာဗ်ဴး မွာေတာ့ ဒါဘီ နည္းျပ လမ္းပတ္ က သူ႕ကို မီဒီယာ အေတာ္ မ်ားမ်ား က ခ်ယ္လ္ ဆီး အသင္း ရဲ႕ အနာဂတ္ နည္းျပ လို႕ တင္စား ေနတဲ့ အတြက္ေၾကာင့္ ၊ အခုလို ခ်ယ္လ္ဆီး နည္းျပသစ္ ျဖစ္ဖို႕ ေကာလ ဟလ ေတြ ထြက္ေပၚ ေနတာ မဆန္းၾကယ္ ေပမယ့္ သူဟာ ဒါဘီ အသင္း အတြက္သာ အာရုံစိုက္ ေပးေနေၾကာင္း တုန္ ႕ျပန္ ေျဖၾကား ခဲ့ပါတယ္ ။

Unicode


ချယ်လ်ဆီး အသင်းရဲ့ နည်းပြသစ် ဖြစ်ဖို့ အတွက် ကောလဟလ တွေ ထွက်ပေါ် နေတာ မဆန်းကြယ်ပါဘူး ဖရန့်လမ်းပတ်
ချယ်လ်ဆီး အသင်း ဟာ လာမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲ အပြီး မှာ ၄င်းတို့ အသင်း ရဲ့ လက်ရှိ နည်းပြ မော်ရစ်ဇီယို ဆာရီ ကို ဆက်လက် ခန့်အပ် သွားဖို့ အစီအစဉ် ရှိမရှိ ဆုံးဖြတ် သွားဖို့ ရှိနေပါတယ် ။ ဆာရီ ကို စီးရီးအေ ကလပ် တချို့ ဖြစ်တဲ့ ဂျူဗင်တပ် ၊ အင်တာမီလန် ၊ ရိုးမား အစရှိ တဲ့ အသင်း တွေက ချဉ်းကပ် နေသလို လာမယ့် ဘောလုံး ရာသီ မှာ ကစားသမား ခေါ်ယူခွင့် အပိတ်ခံ ထားရတဲ့ ချယ်လ်ဆီး အတွက် ဆာရီ ဟာ သင့်လျော်မယ့် နည်းပြ တဦး ဖြစ်နိုင်မလား ဆိုတာ စဉ်းစား ဆုံးဖြတ်စရာ ဖြစ်ပါတယ် ။ လောလောဆယ် မှာ ချယ်လ်ဆီး အသင်း ဟာ ၄င်းတို့ အသင်း ရဲ့ ကွင်းလယ်လူဟောင်း ၊ လက်ရှိ ဒါဘီ နည်းပြ ဖရန့် လမ်းပတ် ကို ၄င်းတို့ အသင်း ရဲ့ နည်းပြသစ် ခန့်အပ် ဖို့ စာရင်း ထဲမှာ လျာထားတာ ကို တွေ့ရပါတယ် ။ လမ်းပတ် ဟာ ယခုနှစ် ဘောလုံး ရာသီ မှာမှ ပရော်ဖက်ရှင်နယ် နည်းပြ လောက ထဲကို စတင် ဝင်ရောက် လာခဲ့တဲ့ ဖြစ်ပြီး ဒါဘီ အသင်း ကို လာမယ့် ဘောလုံး ရာသီ အတွက် ပရီးမီးယားလိဂ် ကို ပြန်ပြီး တန်းတက်အောင် လုပ် ဆောင် ပေးဖို့ လက်တကမ်း အလိုမှာသာ ရှိနေပါတော့တယ် ။ ဒါဘီ အသင်း ဟာ မနက်ဖြန် ည မှာ ချန်ပီယံရှစ် play-off ဗိုလ်လုပွဲ အဖြစ် အက်စတွန် ဗီလာ အသင်း နဲ့ ဝင်ဘလေ ကွင်းကြီး ထဲမှာ ထိပ်တိုက် ရင်ဆိုင် ရဖို့ ရှိနေပါတယ် ။ မနေ့က အင်တာဗျူး မှာတော့ ဒါဘီ နည်းပြ လမ်းပတ် က သူ့ကို မီဒီယာ အတော် များများ က ချယ်လ်ဆီး အသင်း ရဲ့ အနာဂတ် နည်းပြ လို့ တင်စား နေတဲ့ အတွက်ကြောင့် ၊ အခုလို ချယ်လ်ဆီး နည်းပြသစ် ဖြစ်ဖို့ ကောလဟလ တွေ ထွက်ပေါ် နေတာ မဆန်းကြယ် ပေမယ့် သူဟာ ဒါဘီ အသင်း အတွက်သာ အာရုံစိုက် ပေးနေကြောင်း တုန့်ပြန် ဖြေကြား ခဲ့ပါတယ် ။

Comment here