Sports

 ဒီလစ္ ယူႏုိက္တက္ ေရာက္လာဖုိ႔ အရိပ္အေယာင္ ျပလုိက္တယ္လုိ႔ ယူဆ ေနၾကတဲ့ ယူႏုိက္တက္ ပရိသတ္မ်ား

ေအဂ်က္ အသင္း ရဲ့ ေဟာ္လန္ လက္ေရြးစင္ ကစားသမားေလး ဒီလစ္ ဟာ ျပီး ခဲ့တဲ့ ေဘာလံုး ရာသီ အတြင္း အထူး ေျခစြမ္း ေကာင္းေတြ ျပသ ထားနိုင္ ခဲ့တာ ေၾကာင့္ လက္ရွိ အခ်ိန္ မွာေတာ့ သူ့ကို ေခၚယူ ဖုိ့ အတြက္ ဘာစီလိုနာ ၊ ဂ်ဴဗင္တပ္ ၊ မန္ခ်က္စတာ ယူနုိက္တက္ နဲ့ မန္စီးတီး အသင္း ေတြအျပင္ ဥေရာပ ထိပ္သီး ကလပ္ အေတာ္ မ်ားမ်ား

Photo Crd- Sky Sport

က စိတ္ဝင္စား ေနၾက ပါတယ္ ။ ထုိ့အတူ သူ့ကို ဘယ္ အသင္း ေခၚယူ နုိင္မလဲ ဆုိတဲ့ ထင္ေၾကး ေပးမွဳ ေတြ ဟာလည္း ျမင့္တက္ လာ ပါတယ္ ။စပိန္ ေျမမွ ထြက္ေပၚ ခဲ့တဲ့ သတင္း ေတြ အရ ဘာစီလိုနာ အသင္း ဖက္မွ ကစားသမား ရဲ့ ေအးဂ်င့္ ျဖစ္သူ မီနုိ ရိုင္အိုလာ နဲ့ ေတြ့ဆံု ထားခဲ့ ျပီလို့ သိရွိ ရ ပါတယ္ ။ ဒါေပမဲ့ လက္ရွိ အခ်ိန္ ထိ အေျပာင္း အေရႊ့ နဲ့ ပတ္သက္ လို့ တိက် ေရရာ တဲ့ သ တင္း တစ္ရပ္ ကေတာ့ ထြက္ေပၚ လာျခင္း မရွိေသး ပါဘူး ။ ဒါ့အျပင္ ေနာက္ ရာသီ မွာ ယူနုိက္တက္ တုိ့ ခ်န္ပီယံ လိဂ္ ျပိဳင္ပြဲ ကစား ရဖုိ့ ရွိ မေန ျခင္းက ေအဂ်က္ စတား ကို ေခၚယူ ေရးမွာ အဟန့္အတား

Photo Crd- Sky Sport

ျဖစ္သြား ဖုိ့ ရွိေန ခဲ့ ပါတယ္ ။ ဒါ့ေၾကာင့္ ယူနိုက္တက္ တုိ့ ဒီလစ္ ကို ေခၚယူ နုိင္ဖုိ့ အခြင့္ အလမ္း ဟာ နည္းပါး ေနခဲ့ ပါ တ ယ္ ။ဒါေပမဲ့ အခုေတာ့ လူမွဳ ကြန္ယက္ ျဖစ္တဲ့ အင္စတာဂရမ္ ေပၚမွ ဒီလစ္ ရဲ့ လုပ္ေဆာင္ခ်က္ တစ္ရပ္ က ယူနုိက္တ က္ ပရိသတ္ ေတြရဲ့ ေမ်ွာ္လင့္ ခ်က္ ကို ျပန္လည္ ရွင္သန္ လာေစ ခဲ့ျပီး ေအဂ်က္ စတား ဟာ ယူနုိက္တက္ ဆီ ေျပာင္းေရႊ့ ဖုိ့ သဲလြန္စ ေပးျခင္း လို့ ယူဆ ေနခဲ့ ၾက ပါတယ္ ။ ယူနုိက္တက္ ဂႏၶဝင္ ရီယို ဖာဒီနန္ ဟာ 2008 ခုႏွစ္ တုန္းက အသင္း နဲ့ အတူ ခ်န္ပီယံ လိဂ္ ဖလား ဆြတ္ခူး ေအာင္ပြဲခံ ခဲ့တဲ့ အသင္း ရဲ့ ပံုရိပ္ ကို လူမွဳ ကြန္ယက္ အင္စတာဂရမ္ ေပၚ တင္ခဲ့ ျပီး ဒီလစ္ က အဆုိပါ ပံုကို Like ေပးသြား ခဲ့ ပါတယ္ ။ ဒါကို ယူနုိက္တက္ ပရိသတ္ ေတြက ျမင္ေတြ့ ခဲ့ျပီး ထင္ျမင္ခ်က္ ကိုယ္စီ ေပးခဲ့ ၾကတာ ပဲ ျဖစ္ ပါတယ္

Unicode


ဒီလစ် ယူနိုက်တက် ရောက်လာဖို့ အရိပ်အယောင် ပြလိုက်တယ်လို့ ယူဆ နေကြတဲ့ ယူနိုက်တက် ပရိသတ်များ
အေဂျက် အသင်း ရဲ့ ဟော်လန် လက်ရွေးစင် ကစားသမားလေး ဒီလစ် ဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ အတွင်း အထူး ခြေစွမ်း ကောင်းတွေ ပြသ ထားနိုင် ခဲ့တာ ကြောင့် လက်ရှိ အချိန် မှာတော့ သူ့ကို ခေါ်ယူ ဖို့ အတွက် ဘာစီလိုနာ ၊ ဂျူဗင်တပ် ၊ မန်ချက်စတာ ယူနိုက်တက် နဲ့ မန်စီးတီး အသင်း တွေအပြင် ဥရောပ ထိပ်သီး ကလပ် အတော် များများ က စိတ်ဝင်စား နေကြ ပါတယ် ။ ထို့အတူ သူ့ကို ဘယ် အသင်း ခေါ်ယူ နိုင်မလဲ ဆိုတဲ့ ထင်ကြေး ပေးမှု တွေ ဟာလည်း မြင့်တက် လာ ပါတယ် ။စပိန် မြေမှ ထွက်ပေါ် ခဲ့တဲ့ သတင်း တွေ အရ ဘာစီလိုနာ အသင်း ဖက်မှ ကစားသမား ရဲ့ အေးဂျင့် ဖြစ်သူ မီနို ရိုင်အိုလာ နဲ့ တွေ့ဆုံ ထားခဲ့ ပြီလို့ သိရှိ ရ ပါတယ် ။ ဒါပေမဲ့ လက်ရှိ အချိန် ထိ အပြောင်း အရွှေ့ နဲ့ ပတ်သက် လို့ တိကျ ရေရာ တဲ့ သ တင်း တစ်ရပ် ကတော့ ထွက်ပေါ် လာခြင်း မရှိသေး ပါဘူး ။ ဒါ့အပြင် နောက် ရာသီ မှာ ယူနိုက်တက် တို့ ချန်ပီယံ လိဂ် ပြိုင်ပွဲ ကစား ရဖို့ ရှိ မနေ ခြင်းက အေဂျက် စတား ကို ခေါ်ယူ ရေးမှာ အဟန့်အတား ဖြစ်သွား ဖို့ ရှိနေ ခဲ့ ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက် တို့ ဒီလစ် ကို ခေါ်ယူ နိုင်ဖို့ အခွင့် အလမ်း ဟာ နည်းပါး နေခဲ့ ပါတယ် ။ဒါပေမဲ့ အခုတော့ လူမှု ကွန်ယက် ဖြစ်တဲ့ အင်စတာဂရမ် ပေါ်မှ ဒီလစ် ရဲ့ လုပ်ဆောင်ချက် တစ်ရပ် က ယူနိုက်တက် ပရိသတ် တွေရဲ့ မျှော်လင့် ချက် ကို ပြန်လည် ရှင်သန် လာစေ ခဲ့ပြီး အေဂျက် စတား ဟာ ယူနိုက်တက် ဆီ ပြောင်းရွှေ့ ဖို့ သဲလွန်စ ပေးခြင်း လို့ ယူဆ နေခဲ့ ကြ ပါတယ် ။ ယူနိုက်တက် ဂန္ဓဝင် ရီယို ဖာဒီနန် ဟာ 2008 ခုနှစ် တုန်းက အသင်း နဲ့ အတူ ချန်ပီယံ လိဂ် ဖလား ဆွတ်ခူး အောင်ပွဲခံ ခဲ့တဲ့ အသင်း ရဲ့ ပုံရိပ် ကို လူမှု ကွန်ယက် အင်စတာဂရမ် ပေါ် တင်ခဲ့ ပြီး ဒီလစ် က အဆိုပါ ပုံကို Like ပေးသွား ခဲ့ ပါတယ် ။ ဒါကို ယူနိုက်တက် ပရိသတ် တွေက မြင်တွေ့ ခဲ့ပြီး ထင်မြင်ချက် ကိုယ်စီ ပေးခဲ့ ကြတာ ပဲ ဖြစ် ပါတယ်

Comment here