Celebrity

နန်းဆန်တဲ့ အလှတရားများနဲ့ ကြွေအောင် ညှို့ယူနိုင်ခဲ့တဲ့ ရွှေအိမ်စည်

Zawgyi Font


Image may contain: 2 people, people standing and indoor

Photo ရွှေအိမ်စည်


Image may contain: 2 people, people standing and indoor

Photo ရွှေအိမ်စည်


Image may contain: 1 person, standing

Photo ရွှေအိမ်စည်


Image may contain: 1 person, standing and indoor

Photo ရွှေအိမ်စည်


 

Unicode Font

International Miss ပြိုင်ပွဲများစွာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ရွှေအိမ်စည်ဟာ လှပပြီး ဆွဲဆောင်မှုရှိတဲ့ အလှမယ်ဖြစ်တာကြောင့် အလှမယ်ပြိုင်ပွဲများကို တဆင့်ပြီးတဆင့် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ဘဝမှာ အခက်အခဲမျိုးစုံနဲ့ကြုံတွေ့ခဲ့ရပေမယ့် မလျှော့သော ဇွဲ၊လုံ့လတို့နဲ့ အားတင်းဆက်လျှောက်ခဲ့တာကြောင့် အခုဆိုရင် မော်ဒယ်လ်နဲ့အလှမယ်လောကမှာ ထိပ်တန်းအောင်မြင်ကျော်ကြားသူတစ်ဦး ဖြစ်လို့လာခဲ့ပါပြီ။
ရွှေအိမ်စည်ကို မြန်မာဝတ်စုံလေးများနဲ့ မြင်ခဲသလို မြန်မာဆန်တဲ့ အပြင်အဆင်အခြယ်အသမျိုးနဲ့တော့ မြင်ရခဲခဲ့ပါတယ်။ သို့ပေမယ့် လတ်တလောမှာတော့ မိန်းကလေးဆန်ဆန်၊ မြန်မာဆန်ဆန် ကြော့ရှင်းလှပနေတဲ့ ဖက်ရှင်လေးနဲ့ ဓာတ်ပုံရိုက်ကူးရေး လုပ်ဖြစ်ခဲ့ပါတယ်။ “So Burmese 💁. အရမ်းများ မိန်းမဆန်သွလားလား😌” လို့ ချစ်စဖွယ်ကောင်းစွာ ရေးသားခဲ့ပါတယ်။
ရွှေအိမ်စည်က ရဲရင့်ပြီး ပြတ်သားတဲ့သူလို့ ပရိသတ်ထုကြီးက ထင်ကြေးပေးကာ လေးစားအားကျခဲ့ကြပြီး သူမအနေဖြင့် ဝတ်လစ်စလစ်နဲ့ ရှပ်ရှင်ရိုက်ရမယ်ဆိုရင် ရှက်စရာမလိုဘူးလို့ သူမရဲ့ ခံယူချက်လေးကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။
ရွှေအိမ်စည်ဟာ အလှမယ်တစ်ဦးအဖြစ် အောင်မြင်စွာ ရပ်တည်နိုင်သူဖြစ်ပြီး သူမကို အားပေးချစ်ခင်ကြတဲ့ အမာခံပရိသတ်များကလည်း ဒုနဲ့ဒေး များပြားလာခဲ့ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်အပြုအမူများကြောင့် ပရိသတ်များက သူမကို သည်းသည်းလှုပ် သဘောကျခဲ့ကြပါတယ်။ ရွှေအိမ်စည်ဟာ အနုပညာလောကထဲသို့ ဝင်ရောက်လာပြီသာမက ရုပ်ရှင်ဇာတ်ကားများနဲ့ ကြော်ငြာများကိုလည်း ရိုက်ကူးနေရပြီဖြစ်ပါတယ်။
Source From Shwe Eain Si

Comment here