Celebrity

သမီးလေးရဲ့မွေးနေ့မှာ သတိရတဲ့ စိတ်နဲ့ အိပ်မရဖြစ်ကာ လွမ်းနေမိတဲ့ လင်းဇာနည်ဇော်

Zawgyi Font


Image may contain: 1 person, smiling, sitting and indoor

Photo လင်းဇာနည်ဇော်


Image may contain: 2 people, people sitting, people standing and indoor

Photo လင်းဇာနည်ဇော်


Image may contain: 2 people, indoor

Photo လင်းဇာနည်ဇော်


Image may contain: 1 person

Photo လင်းဇာနည်ဇော်


 

Unicode Font

လင်းဇာနည်ဇော်ဟာ ဇွန်လ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ သမီးလေး မြူလင်းကိုကိုရဲ့မွေးနေ့မှာ သတိရတဲ့ စိတ်နဲ့ အိပ်မရဖြစ်နေပြီး ခါတိုင်းနေ့တွေထက် ပိုလွမ်းမိတယ်လို့ အလွမ်းဖြေစကားလေးများ ဆိုခဲ့ပါတယ်။
လင်းဇာနည်ဇော်က “အလိုလိုနေရင်းအိပ်မရ. သတိတွေအရမ်းရ အော်..မိခင်ဘဝ.. Happy Birthday သမီးလေးရေ🎁👩‍❤️‍👩🐭💕 ဖြစ်ချင်တာနဲ့ဖြစ်သင့်တာကို ခွဲခြားဆုံးဖြတ်နိုင်တဲ့သူ. ဘဝကိုရိုးသားဖြူစင်စွာ. လျှောက်လှမ်းနိုင်တဲ့သူ. ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူလေးဖြစ်ပါစေ.. 🐹ခါတိုင်းနေ့တွေထက် ပိုလွမ်းတယ်ကြွက်မလေးရေ🐹💪👩‍❤️‍👩” ဆိုပြီး မွေးနေ့ဆုတောင်းလွှာလေးနဲ့အတူ သတိတရစကားလေးကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
မြူလင်းကိုကိုဟာ သြစတေးလျနိုင်ငံမှာ ပညာသင်ကြားနေပြီး မိသားစုနဲ့ဝေးကွာနေတာ ဖြစ်ပါတယ်။ သမီးလေးကို လွမ်းနေရတဲ့ လင်းဇာနည်ဇော်အတွက် ပညာစုံပြီး ပြန်လာမယ့်နေ့လေးကို စောင့်မျှော်နေခဲ့ပါတယ်။
လင်းဇာနည်ဇော်က အနုပညာလုပ်ငန်းများကို ဆက်တိုက်လုပ်ကိုင်နေပြီး ပွဲအခမ်းအနားများကိုလည်း တက်ရောက်နေတာဖြစ်ပါတယ်။ ချစ်စဖွယ်ကောင်းတဲ့ သမီးချောလေးကိုပါ ပိုင်ဆိုင်ထားတဲ့ လင်းဇာနည်ဇော်က သဘောအလွန်ကောင်းပြီး အနုပညာမောင်နှမများနဲ့သာမက ပရိသတ်များနဲ့လည်း အလွန်ဆက်ဆံရေးကောင်းမွန်သူတစ်ဦး ဖြစ်ပါတယ်။ ဟိုးအရင်ခေတ်ကတည်းက လူကြိုက်များခဲ့သလို ယနေ့တိုင် အားပေးသဘောကျတဲ့ ပရိသတ်များစွာကို ရရှိခဲ့ပြန်ပါတယ်။
Source From Lin Zarni Zaw

Comment here